သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျဆုံးစစ်သည်တွေအတွက် ကန်သမ္မတ လွမ်းသူပန်းခွေချဂုဏ်ပြု


 အာလင်တန် စစ်သင်္ချိုင်းမှာ ပန်းခွေချနေတဲ့ သမ္မတဂျိုးဘိုင်ဒန် (နိုဝင်ဘာ ၁၁၊ ၂၀၂၄)
အာလင်တန် စစ်သင်္ချိုင်းမှာ ပန်းခွေချနေတဲ့ သမ္မတဂျိုးဘိုင်ဒန် (နိုဝင်ဘာ ၁၁၊ ၂၀၂၄)

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ဟာ ကျဆုံးစစ်သားများ အတွက် တနင်္လာနေ့ စစ်ပြန်များနေ့မှာ ဒုတိယသမ္မတ ကင်မလာ ဟဲရစ် နဲ့အတူ လွမ်းသူပန်းခွေချ ဂုဏ်ပြုခဲ့ပါတယ်။ အရင်အပတ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက်၊ ဒုတိယသမ္မတ ကင်မလာ ဟဲရစ်ကို နိုဝင်ဘာ ၆ ရက်နေ့ကတည်းကဆိုရင် လူမြင်ကွင်းမှာ ပထမဆုံး မြင်ကြရတာပါ။

တနင်္လာနေ့ အစောပိုင်းမှာတော့ သမ္မတဘိုင်ဒန် ဟာ စစ်ပြန်ဟောင်းကြီးတွေကို အိမ်ဖြူတော် မှာ လက်ခံတွေ့ဆုံခဲ့ပြီးနောက် အာလင်တန် စစ်သင်္ချိုင်းကို သွားရောက် လွမ်းသူ့ပန်းခွေ ချခဲ့တာဖြစ်ပါတယ်။ သမိုင်းဝင် ဒီ စစ်သင်္ချိုင်း ဟာ သမ္မတ ၂ ယောက် နဲ့ ဗိုလ်ချုပ်ကြီးတွေ အပါအဝင်၊ စစ်ပြန်ရဲဘော်တွေကို မြှုပ်နှံထားရာနေရာလည်း ဖြစ်ပါတယ်။ သမ္မတ ဘိုင်ဒန်နဲ့ ဒုတိယ သမ္မတို့ ဟာ အနက်ရောင် ဝတ်စုံတွေ ဝတ်ဆင်ထားကြပြီး၊ ကိုယ့်နှလုံးသား နေရာမှာ လက်တင် ဂုဏ်ပြုလို့ အညတရ စစ်သည်တော် အထိမ်းအမှတ် နေရာမှာ လွမ်းသူပန်းခွေ ချခဲ့ကြတာပါ။

အရွေးကောက်ခံ သမ္မတ ထရမ့်ကလည်း သူဟာ အမေရိကန် စစ်တပ်ကို အကြီးအကျယ် ထောက်ခံသူ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ စစ်ပြန်တွေ အပေါ် နှိမ့်ချပြောဆိုတာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိနေပြီး ဒါကိုတော့ ထရမ့်က ငြင်းဆိုပါတယ်။ Hanoi ထောင် အကျဥ်းကျ ဗီယက်နမ်စစ်ပြန် အထက်လွှတ်တော် အမတ် မက်ကိန်းအပေါ် သူ့ရဲ့ ပြောဆိုချက်တွေကလည်း အငြင်းပွါးစရာပါ။

ကျဆုံးစစ်သည်တွေအတွက် ကန်သမ္မတ လွမ်းသူပန်းခွေချဂုဏ်ပြု
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG