သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရအဖွဲ့ဝင်သစ်တချို့ ရွေးကောက်ခံသမ္မတ Trump ကြေညာ


ထရမ့်အစိုးရသစ်မှာ နယ်စပ်လုံခြုံရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး တာဝန်ယူမယ့် Thomas Homan (ယခင်ပုံဟောင်း)
ထရမ့်အစိုးရသစ်မှာ နယ်စပ်လုံခြုံရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး တာဝန်ယူမယ့် Thomas Homan (ယခင်ပုံဟောင်း)

အရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်က အစိုးရအဖွဲ့ဝင် အသစ်တချို့ကို ဆက်လက် ခန့်ထားလိုက်ပါတယ်။ နယ်စပ်လုံခြုံရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး တာဝန်ကို ယခင်သူ့ ပထမသက်တမ်းမှာ လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန ကို တာဝန်ယူခဲ့သူ Thomas Homan၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် အောက်လွှတ်တော် ရီပါဘလီကန် အမတ် Elise Stefanik တို့ကို ရွေးချယ်လိုက်ပါတယ်။ အိမ်ဖြူတော်ရုံး ဒုတိယ အရာရှိချုပ်အဖြစ် Stephen Miller ကို ရွေးလိုက်တယ်လို့လည်း အမေရိကန် မီဒီယာတွေက ဆိုကြပါတယ်။

လူဝင်မှုကြီးကြပ်ရေး ကို တာဝန်ယူမယ့် Thomas Homan ဟာ ယခင်က ရဲအရာရှိတာဝန်ယူခဲ့ဖူးသလို၊ နယ်စပ် လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ ထရမ့် ရဲ့ ဦးစားပေး လုပ်ငန်းဖြစ်တဲ့ တရားဝင် စာရွက်စာတမ်း မရှိသူတွေကို အစု အပြုံလိုက် ပြန်ပို့ရေး လုပ်ငန်းကို မစ္စတာ သောမတ် ဟိုမန်းက ဦးဆောင်ရမှာပါ။

လူဝင်မှုကြီးကြပ်ရေး တရားရုံးတွေက နိုင်ငံရေး ခိုလှုံခွင့် ပယ်ချထားပြီးသူ ၁.၃ သန်းကို ပထမဆုံး အဓိကထား ဖမ်းဆီး၊ နိုင်ငံက နှင်ထုတ်မှာ ဖြစ်တယ်လို့ ထရမ့် ဘက်တော်သား Ohio ပြည်နယ် အောက်လွှတ်တော် အမတ် Jim Jordan က စီအင်န်အင်န် ရုပ်သံကို ပြောပါတယ်။ အဲဒီလို ဖမ်းရာမှာ စစ်တပ်ကို မသုံးဘူး လို့ Thomas Homan က Fox သတင်းဌာနကို ပြောပါတယ်။

အစိုးရအဖွဲ့ဝင်သစ်တချို့ ရွေးကောက်ခံသမ္မတ Trump ကြေညာ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG