Fox News ရုပ်သံက အစီအစဥ် တင်ဆက်သူကို ကာကွယ်ရေး ဝန်ကြီး အဖြစ် အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် က ရွေးခဲ့တဲ့အတွက် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန နဲ့ ကမ္ဘာ့ ကာကွယ်ရေးဆိုင်ရာ အသိုင်းအဝိုင်းကြားမှာ အံ့အားသင့်သွားကြတယ်လို့ အေပီသတင်း က ပြောပါတယ်။ ကမ္ဘာမှာ အကြီးမားဆုံးနဲ့ အားအကောင်းဆုံး စစ်တပ်ကို ဦးဆောင်ဖို့ ကမ္ဘာ့အဆင့်မှာ အများအားဖြင့် အတွေ့အကြုံနည်းပြီး၊ အစမ်းသပ် မခံရသေးသူကို အင်္ဂါနေ့က ရွေးချယ်ခဲ့လို့ အခုလို အံ့အားသင့်ကြတာပါ။
အသက် ၄၄ နှစ်အရွယ် Pete Hegseth ဟာ Army National Guard ခေါ် ကြည်းတပ် ပြည်စောင့်တပ် အရာရှိတစ်ဦး ဖြစ်ခဲ့ပြီး၊ ကာကွယ်ရေး ဝန်ကြီး အဖြစ် ရီပါဘလီကန် အမတ်အများစု အထက်လွှတ်တော်က သူ့ကို အတည်ပြုခဲ့ရင် အမေရိကန် စစ်တပ်မှာ အပြောင်းအလဲတွေ ဖြစ်လိမ့်မယ်လို့ သုံးသပ်သူတွေက မျှော်လင့်ထားကြောင်း အေပီသတင်းက ဆိုပါတယ်။ လိင်အယူအဆ မတူသူများ တပ်ထဲဝင်ခွင့်ပြုတာကို ဆန့်ကျင်ပြီး၊ အမျိုးသမီးတွေ ကို အမျိုးသားတွေနဲ့ တန်းတူ ထိုးစစ်မှာ တာဝန်ပေးတာကိုလည်း ကန့်ကွက်သူ ဖြစ်ပါတယ်။
စစ်တပ်မှာ မတူကွဲပြားတာက အားကောင်းချက်ဖြစ်ကြောင်း၊ လူနည်းစုလူမျိုးနဲ့ လူဖြူ အမျိုးသားတွေက စွမ်းဆောင် နိုင်ကြပေမဲ့ မိန်းမတွေကတော့ အဲဒီလို မဟုတ်ဘူး လို့ "The Shawn Ryan Show" podcast မှာ သူက ပြောဖူးပါတယ်။ အမေရိကန် စစ်တပ်က စစ်ရာဇဝတ်မှုနဲ့ အကျဥ်းစံရသူတွေကိုလည်း လွတ်ငြိမ်းခွင့်ပေးဖို့ သူက ပြောဖူးပါတယ်။
Forum