သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် သန်းကြွယ်သူဌေး Lutnick ကို  Trump အမည်တင်သွင်းမည် 


ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး အဖြစ် အမည်စာရင်း တင်သွင်းခံရမယ့် အမေရိကန် ငွေကြေး လုပ်ငန်းရှင် Howard Lutnick အား မဲဆွယ်ပွဲတခုမှာတွေ့ရစဉ် (အောက်တိုဘာ ၂၇၊ ၂၀၂၄)
ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး အဖြစ် အမည်စာရင်း တင်သွင်းခံရမယ့် အမေရိကန် ငွေကြေး လုပ်ငန်းရှင် Howard Lutnick အား မဲဆွယ်ပွဲတခုမှာတွေ့ရစဉ် (အောက်တိုဘာ ၂၇၊ ၂၀၂၄)

အမေရိကန် ငွေကြေး လုပ်ငန်းရှင် Howard Lutnick ကို လာမယ့် အမေရိကန် အစိုးရသစ်မှာ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး အဖြစ် အမည်စာရင်း တင်သွင်းဖို့ ပြင်ဆင်ထားကြောင်း ရွေးကောက်ခံ သမ္မတ Donald Trump က အင်္ဂါနေ့မှာ ကြေညာပါတယ်။ အသက် ၆၃ နှစ် အရွယ် ဘီလျံနာ သူဌေးကြီးဟာ ရွေးကောက်ခံ သမ္မတ Trump ရဲ့ အသွင်ကူးပြောင်းရေး အဖွဲ့ရဲ့ ပူးတွဲ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ စတင် တာဝန်ယူမယ့် Trump လက်ထက်မှာ အစိုးရ ထိပ်တန်း ရာထူးတွေ အတွက် လူပေါင်းများစွာကို စိစစ် ရွေးချယ်ရာမှာ ကူညီနေသူလည်း ဖြစ်ပါတယ်။ ဒီလပိုင်းတွေ အတွင်း Trump ကို ပွင့်ပွင့်လင်းလင်း ထောက်ခံနေသူ တဦးလည်း ဖြစ်ပါတယ်။ Cantor Fitzgerald ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းကြီးရဲ့ အမှုဆောင် အရာရှိချုပ်နဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ Lutnick ဟာဆိုရင် ဘဏ္ဍာရေး ဝန်ကြီး ရာထူး နေရာ အတွက် စဉ်းစားထားခဲ့ရတာ ဖြစ်တယ်လို့လည်း ပြောကြပါတယ်။

ဒါပေမဲ့လည်း ရင်းနှီးမြှုပ်နှံသူ Scott Bessent လို ပုဂ္ဂိုလ်နဲ့ ယှဉ်ပြိုင်ရာမှာ အရေးနိမ့်သွားတာလို့လည်း Trump နဲ့ ဆက်နွယ်ပတ်သက်သူတွေက ပြောကြပါတယ်။ ဘဏ္ဍာရေး ဝန်ကြီး ရာထူး နေရာ အတွက်တော့ အခုအချိန်ထိ မရွေးချယ်ရသေးပါဘူး။ Lutnick ကို ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး အဖြစ် အမည်တင်သွင်းလာပြီး အထက်လွှတ်တော်ကလည်း အတည်ပြုမယ်ဆိုရင်တော့ သူဟာ သမ္မတရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေး မူဝါဒတွေကို အကောင်အထည်ဖော်ရေး ဦးဆောင် အခန်းကဏ္ဍကနေ ဆောင်ရွက်လာနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG