ရွေးကောက်ခံ သမ္မတ Donald Trump ရဲ့ အစိုးရအဖွဲ့ထဲမှာ အရေးကြီးတဲ့ တာဝန်ယူဖို့ အဆိုပြုထားသူတွေထဲက ကာကွယ်ရေးဝန်ကြီးအဖြစ် အဆိုပြုထားတဲ့ Fox ရုပ်သံ သတင်းကြေညာသူ Pete Hegseth နဲ့ ရှေ့နေချုပ်အဖြစ် အဆိုပြုထားတဲ့ အောက်လွှတ်တော်အမတ်ဟောင်း Matt Gaetz တို့နှစ်ယောက်စလုံး လိင်ပိုင်းဆိုင်ရာ အရှုပ်အထွေးတွေနဲ့ ငြိစွန်းမှုတွေ ရှိခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရပါတယ်။
ဒီလို စွပ်စွဲခံနေရတဲ့အတွက် သူတို့ကို ခန့်ထားရေး အထက်လွှတ်တော်က အတည်ပြုဖို့ကိစ္စမှာ အဟန့်အတားတွေ ကြုံရနိုင်တာပါ။ အသက် ၄၄ နှစ်အရွယ် Pete Hegseth ဟာ ၂၀၁၇ ခုနှစ်က California ပြည်နယ်၊ Monterey မြို့ ရီပတ်ဘလစ်ကန်ပါတီ အမျိုးသမီးရေးရာ ဆွေးနွေးပွဲ ကျင်းပနေတဲ ကာလအတွင်းအမျိုးသမီးတယောက်နဲ့ ငြိစွန်းခဲ့တယ်လို့ စွပ်စွဲခံရတာ ဖြစ်ပြီး Pete Hegseth ရဲ့ ရှေ့နေက ဒါဟာ နှစ်ဦးသဘောတူ ဖြစ်တဲ့အကြောင်းနဲ့ ဒီကိစ္စ စုံစမ်းခဲ့တဲ့ ရဲတွေကိုယ်တိုင် အမှုဖွင့်တာမျိုး မလုပ်ခဲ့တဲ့အကြောင်း ပြန်ရှင်းပါတယ်။
အမျိုးသမီးကို ငွေပေးခဲ့တဲ့အကြောင်း ရှေ့နေကပြောပေမဲ့ ပမာဏ ဘယ်လောက်ဆိုတာ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။ Pete Hegseth က သူ့အပေါ် စွပ်စွဲချက်ဟာ အခြေအမြစ်မရှိဘူးလို့ တုံ့ပြန်ပါတယ်။ အသက် ၄၂ နှစ်အရွယ် အောက်လွှတ်တော်အမတ်ဟောင်း Matt Gaetz ဟာလည်း လွှတ်တော်အမတ်အဖြစ် တာဝန်မပြီးခင် ရက်ပိုင်းအလို ပြီးခဲ့တဲ့ အပတ်က အောက်လွှတ်တော်အမတ်အဖြစ်က ရုတ်တရက် နုတ်ထွက်ခဲ့တာပါ။
သူဟာ အသက် မပြည့်သေးတဲ့ ၁၇ နှစ်အရွယ် မိန်းခလေးတယောက်နဲ့ မူးယစ်ဆေးဝါးသုံးစွဲပြီး လိင်ဆက်ဆံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီကိစ္စ အောက်လွှတ်တော် ကျင့်ဝတ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက စုံစမ်းနေချိန်မှာပဲ တာဝန်က နုတ်ထွက်သွားခဲ့တာပါ။ Gaetz ဟာ လွှတ်တော်အတွင်းမှာ မဖွယ်မရာပုံတွေ လက်ကိုင်ဖုံးထဲကနေ ပြသခဲ့တယ်လို့ တချို့ လွှတ်တော်အမတ်တွေက ပြောဆိုပေမဲ့ Gaetz ကတော့ ငြင်းဆိုထားပါတယ်။
ရွေးကောက်ခံသမ္မတထရမ့် အစိုးရသစ်အဖွဲ့ဝင် အဆိုပြုချက် အငြင်းပွားစရာတွေနဲ့ကြုံ
ဆက်စပ်သတင်းများ ...
လူဖတ်အများဆုံးသတင်းများ
၁
Forum