အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က သမ္မတအဖြစ် တာဝန်ယူတဲ့ ပထမဆုံးနေ့မှာ အိမ်နီးချင်း မက္ကစီကိုနဲ့ ကနေဒါနိုင်ငံတွေက သွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ပြီး၊ တရုတ်နိုင်ငံက ကုန်ပစ္စည်းတွေကိုတော့ နောက်ထပ် ၁၀ ရာခိုင်နှုန်းတိုးကောက်မယ်လို့ ပြောလိုက်ပါတယ်။
တရုတ်အပါအဝင် အခြားနိုင်ငံတွေရဲ့ အမေရိကန်ဆီ သွင်းကုန်တွေအပေါ် အကြီးအကျယ် အခွန်တိုးကောက်မယ်ဆိုတဲ့ အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ပြောဆိုချက်က ကမ္ဘာ့စီးပွားရေးအပေါ် ဘယ်လို ရိုက်ခတ်လာနိုင်ပါသလဲ။ VOA သတင်းထောက် Bill Gallo ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးပါမယ်။
အရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် ပထမ မူဝါဒသိပ္ပံ AFPI ရဲ့ ဥက္ကဌဖြစ်သူ Brooke Rollins ကို စိုက်ပျိုးရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ သူဟာ အမေရိကန် တောင်သူလယ်သမားတွေကို အကာကွယ်ပေးဖို့ ဦးဆောင်နိုင်မှာဖြစ်ကြောင်း ထရမ့်ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အရွေးကောက်ခံ သမ္မတဒေါ်နယ်ထရန့်ဟာ ဘီလီယံနာသူဌေးကြီး Scott Bessent ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် လျာထားလိုက်ကြောင်း သောကြာနေ့ညက ကြေညာခဲ့ပါတယ်။
သမ္မတဟောင်း Donald Trump ဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ ပြစ်မှု ၃၄ မှုကို ကျုးလွန်ခဲ့တဲ့အကြောင်း နယူးယောက် တရားရုံးက ပြီးခဲ့တဲ့ မေလက ဆုံးဖြတ်ခဲ့ပါတယ်။ အခု သူရွေးကောက်ခံသမ္မတ ဖြစ်လာတဲ့အတွက် ဒီအမှုတွေနဲ့ ပတ်သက်လို့ ရှေ့ ဆက်ဘယ်လို အရေးယူနိုင်ချေရှိပါလဲ။ ကိုသိန်းထိုက်ဉီး ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရသွားပေမယ့် သမ္မတရာထူး စတင်တာဝန်ယူဖို့ ကြားမှာ ရက်သတ္တပတ် ၁၁ ပတ်နီးပါး စောင့်ရမှာဖြစ်ပြီး အစိုးရသစ်တရပ်ဖွဲ့စည်းဖို့ အချိန် ၇၆ ရက် ရပါတယ်။ အကူးအပြောင်းကာလ ပြင်ဆင်လုပ်ဆောင်မှုတွေအကြောင်း VOA ပုံပြရုပ်သံကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
ရွေးကောက်ခံသမ္မတ Trump က ပြည်ထောင်စုရှေ့နေချုပ်တာဝန်ပေးဖို့လျာထားတဲ့ လွှတ်တော်အမတ်ဟောင်း Matt Gaetz အပေါ် အသက်မပြည့်သေးသူနဲ့ လိင်ဆက်ဆံမှု၊ မူးယစ်ဆေးသုံးမှု စတဲ့စွပ်စွဲချက်တွေနဲ့ အောက်လွှတ်တော်ကျင့်ဝတ်ဆိုင်ရာကော်မတီအစီရင်ခံစာ ထုတ်ပြန်သင့် မသင့် ဘုံသဘောတူမှုမရခဲ့ဘူးလို့ Democrat အမတ်တွေက ပြောပါတယ်။
အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump က သူ့ကို အချိန်တော်အကြာကတည်းက ထောက်ခံခဲ့သူ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Matt Gaetz ကို အမေရိကန် ပြည်ထောင်စုရဲ့ အမြင့်ဆုံးတရားစီရေး ရှေ့နေချုပ် ရာထူးနေရာအတွက် လျာထားလိုက်ပါတယ်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ရှုံးနိမ့်ခဲ့တဲ့နောက် ဒီမိုကရက်တွေဟာ သူတို့ရဲ့ လိုအပ်ချက်တွေကို ပြန်လည်သုံးသပ်နေကြပါတယ်။ ဒုသမ္မတ ကင်မလာဟဲရစ် ရှုံးနိမ့်ရတာနဲ့ သူတို့ပါတီ လက်လွှတ်ဆုံးရှုံးးမှုတွေဟာ အဓိက စီးပွါးရေးကြောင့် ဖြစ်ပေမယ့် တခြားအချက် တွေ လည်း ပါနေသေးတယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
Cantor Fitzgerald ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းကြီးရဲ့ အမှုဆောင် အရာရှိချုပ်နဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ Lutnick ဟာဆိုရင် ဘဏ္ဍာရေး ဝန်ကြီး ရာထူး နေရာ အတွက် စဉ်းစားထားခဲ့ရတာ ဖြစ်တယ်လို့လည်း ပြောကြပါတယ်။
အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို တာဝန်ယူဖို့ အချိန် ၂ လ လောက် လိုသေးပေမဲ့လည်း သူ စတင်ဆောင်ရွက်မယ့် ပြည်တွင်း ဦးစားပေး အစီအစဉ်တွေကိုတော့ ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲ အနိုင်ရကြောင်း ကြေညာတဲ့နေ့တွေမှာ ပြောဆိုထားပြီး ဖြစ်ပါတယ်။
ရွေးကောက်ခံ သမ္မတ Donald Trump ရဲ့ အစိုးရအဖွဲ့ထဲမှာ အရေးကြီးတဲ့ တာဝန်ယူဖို့ အဆိုပြုထားသူတွေထဲက ကာကွယ်ရေးဝန်ကြီးအဖြစ် အဆိုပြုထားတဲ့ Fox ရုပ်သံ သတင်းကြေညာသူ Pete Hegseth နဲ့ ရှေ့နေချုပ်အဖြစ် အဆိုပြုထားတဲ့ အောက်လွှတ်တော်အမတ်ဟောင်း Matt Gaetz တို့နှစ်ယောက်စလုံး လိင်ပိုင်းဆိုင်ရာ အရှုပ်အထွေးတွေနဲ့ ငြိစွန်းမှုတွေ ရှိခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရပါတယ်။
နောက်ထပ်ကြည့်ရှုရန်