သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ရှေ့နေချုပ်အဖြစ်လျာထားခံရသူ Matt Gaetz နဲ့ဆိုင်တဲ့အချက်အလက်တွေ ထုတ်ပြန်ဖို့ သဘောတူညီချက် မရသေး


ကန် ရှေ့နေချုပ်အဖြစ်လျာထားခံရသူ Matt Gaetz
ကန် ရှေ့နေချုပ်အဖြစ်လျာထားခံရသူ Matt Gaetz

အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump က ပြည်ထောင်စုရှေ့နေချုပ်တာဝန်ပေးမယ်လို့ ရွေးချယ်ထားတဲ့လွှတ်တော်အမတ်ဟောင်း Matt Gaetz အပေါ် လွှတ်တော်တွင်း စုံစမ်းထားတဲ့ အစီအရင်ခံစာ လူသိရှင်ကြားထုတ်ပြန်ရေး သဘောတူမှုမရဘဲ ဖြစ်နေပါတယ်။

အသက်မပြည့်သေးသူနဲ့ လိင်ဆက်ဆံမှု၊ မူးယစ်ဆေးသုံးစွဲမှု စတဲ့စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အောက်လွှတ်တော်ကျင့်ဝတ်ဆိုင်ရာကော်မတီက စုံစမ်းစစ်ဆေးထားတဲ့ အစီရင်ခံစာ ထုတ်ပြန်သင့် မသင့် ဗုဒ္ဓဟူးနေ့က ကော်မတီတွင်းစည်းဝေးခဲ့ပေမဲ့ Republican အမတ်တွေက ကန့်ကွက်ခဲ့တာကြောင့် ဘုံသဘောတူမှုမရခဲ့ဘူးလို့ Democrat အမတ်တွေက ပြောပါတယ်။

Florida ပြည်နယ်အောက်လွှတ်တော်အမတ်တယောက်ဖြစ်တဲ့ Matt Gaetz ဟာ အစီရင်ခံစာ အဆုံးသတ်ခါနီးမှာလွှတ်တော်တာဝန်ကနေ နုတ်ထွက်ခဲ့တာကြောင့် ဒီအစီရင်ခံစာကို ထုတ်ပြန်စရာ အကြောင်းမရှိဘူးလို့ Republican အမတ်တွေဘက်က ပြောနေပါတယ်။ Republican နဲ့ Democrat အမတ်တွေ တဝက်စီပါဝင်တဲ့ ကျင့်ဝတ်ဆိုင်ရာကော်မတီအစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်နေ့ကျရင် ထပ်လုပ်ဦးမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ တရားရေးဆိုင်ရာကြီးလေးတဲ့တာဝန် ထမ်းဆောင်ရမယ့်သူတယောက်အနေနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ညီညွတ်မှုရှိရဲ့လားလို့ Democrat အမတ်တွေက မေးခွန်းထုတ်နေကြတာပါ။ Matt Gaetz ကတော့ သူအမှား တစုံတရာ မလုပ်ခဲ့ဘူးလို့ ငြင်းဆန်နေပါတယ်။

တချိန်တည်းမှာပဲ သမ္မတရွေးကောက်ပွဲအနိုင်ရ Trump က အရေးပါတဲ့ ရာထူးတာဝန်တွေအတွက် ဆက်လက်ရွေးချယ်နေတာမှာ ပထမအကြိမ် သမ္မတဖြစ်ခဲ့တုန်းက ပြည်ထောင်စုရှေ့နေချုပ် တာဝန် ယာယီယူခဲ့သူ Matt Whitaker ကို NATOစစ်ရေးအဖွဲ့ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ခန့်အပ်မယ်လို့ ကြေညာခဲ့ပါတယ်။ Matt Whitaker ဟာ ဝါရင့်ရှေ့နေတယောက်ဖြစ်ပေမဲ့ နိုင်ငံခြားရေး၊ စစ်ရေးမူဝါဒပိုင်းမှာ အတွေ့အကြုံ ရှိသူ မဟုတ်ပါဘူး။ လက်ရှိအဖွဲ့ဝင် ၃၂ နိုင်ငံပါဝင်တဲ့ NATO အဖွဲ့မှာ အဖွဲ့ဝင်နိုင်ငံတွေဟာ သတ်မှတ်ထားတဲ့ ထည့်ဝင်ငွေ ပြည့်အောင်မထည့်ကြဘူးလို့ အရင်သမ္မတသက်တမ်းမှာတုန်းက သမ္မတဟောင်း Trump ကတောက်လျှောက်ဝေဖန်ခဲ့ပါတယ်။

Matt Gaetz ကို ရှေ့နေချုပ်ခန့်ထားရေး အဆိုပြုချက်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG