သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အောက်လွှတ်တော်ဥက္ကဋ္ဌ McCarthyကို မဲခွဲ ဖယ်ရှား


အမေရိကန်လွှတ်တော်သမိုင်းမှာ ပထမဆုံး ရာထူးကဖယ်ရှားခံရတဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ McCarthy
အမေရိကန်လွှတ်တော်သမိုင်းမှာ ပထမဆုံး ရာထူးကဖယ်ရှားခံရတဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ McCarthy

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင် မက္ကာသီကို ရာထူးက ဖယ်ရှားရေးအဆိုကို မဲခွဲရာမှာ အဆိုဘက်က အနိုင်ရရှိသွားတဲ့အတွက် မစ္စတာ ကယ်ဗင်မက္ကာသီဟာ ဥက္ကဋ္ဌရာထူးကနေ အင်္ဂါနေ့ နေ့လယ်ပိုင်းက ဆင်းပေးလိုက်ရပါပြီ။

၂၁၆ မဲ ၂၁၀ နဲ့ အဆိုဘက်က အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ကွန်ဆာဗေးတစ်တွေ လိုလားတဲ့အတိုင်း ဘတ်ဂျက်ကို ပြီးခဲ့တဲ့အပတ်က မချနိုင်ခဲ့တဲ့အတွက် ရီပါဘလီကန် လွှတ်တော်အမတ် မတ် ဂေ့ဇ် Matt Gaetz က ခေါင်းဆောင်မှု ပြောင်းလဲရေးအတွက် မဲခွဲရေးအဆိုကို တနင်္လာနေ့ ညနေပိုင်းက အဆိုပြု တင်သွင်းခဲ့တာပါ။

အောက်လွှတ်တော်ဥက္ကဋ္ဌရာထူးကနေ ဘယ်ဥက္ကဋ္ဌမှ ခုလို မဖယ်ရှားခံခဲ့ဖူးတဲ့အတွက် ဒါဟာ သမိုင်းဝင်ဖြစ်ရပ်လည်း ဖြစ်ပါတယ်။

မစ္စတာမက္ကာသီဟာ ဒီမိုကရက်အမတ်တွေနဲ့ အပေးအယူ တစုံတရာလုပ်ရင် မဲရနိုင်ပေမဲ့ ရာထူးတည်မြဲဖို့အတွက် အပေးအယူလုပ်လိမ့်မယ်မဟုတ်ဘူးလို့ ပြောခဲ့တာပါ။ ဒါကြောင့်လည်း မစ္စတာ မက္ကာသီကို ဝေဖန်ကြတဲ့ ရီပါဘလီကန် အမတ်အနည်းငယ်နဲ့ သူ့ကို ခေါင်းဆောင်မှုနဲ့ မထိုက်တန်ဘူးလို့ မြင်ကြတဲ့ ဒီမိုကရက်အမတ်တွေက အဆိုဘက်ကနေ မဲပေးခဲ့ကြတာပါ။ ခုလို သဘောထား တင်းမာတဲ့ လကျ်ာ ရီပါဘလီကန်အမတ် မတ်ဂေ့ဇ် ရဲ့အဆိုကြောင့် လွှတ်တော်အတွင်း ရီပါဘလီကန် ခေါင်းဆောင်မှုဟာ ဖရိုဖရဲအခြေအနေကို ရောက်သွားပါတော့တယ်။ နောက်တဆင့်က ဘာဖြစ်လာမလဲဆိုတာကလည်း မရေမရာ ဖြစ်နေပါတယ်။

ရီပါဘလီကန်ပါတီက အောက်လွှတ်တော်မှာ အမတ်အနည်းငယ်နဲ့ အများစု ဖြစ်နေပေမဲ့ ဥက္ကဋ္ဌနေရာ ဆက်ခံမယ့်သူလည်း ကွဲကွဲပြားပြား မမြင်ရတဲ့ အနေအထား ဖြစ်နေပါတယ်။

ကန်အောက်လွှတ်တော်ဥက္ကဋ္ဌ McCarthy ကို မဲခွဲဖယ်ရှား
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG