သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အောက်လွှတ်တော်ရီပတ်ဘလီကန်တွေကြား ထိုးနှက်မှုပိုပြင်းလာ


အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy(စက်တင်ဘာ ၃၀၊ ၂၀၂၃)
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy(စက်တင်ဘာ ၃၀၊ ၂၀၂၃)

နိုဝင်ဘာလလယ်အထိ ဘတ်ဂျက်ကို အတည်ပြုလိုက်တာကြောင့် အမေရိကန် အစိုးရရဲ့လုပ်ငန်းတွေ ရပ်မသွားပေမဲ့ အဲဒီလို မဲပေးခဲ့ကြတဲ့ ရီပတ်ဘလီကန် အမတ်တွေကြားမှာတော့ ထိုးနှက်တိုက်ခိုက်တာတွေက ပိုပြီး ပြင်းထန်လာနေပါတယ်။

အောက်လွှတ်တော် ဥက္ကဋ္ဌ ကယ်ဗင် မက္ကာသီ (Kevin McCarthy) ကိုဖြုတ်ချဖို့ ဒီအပတ်ကြိုးစားမယ်လို့ ကွန်ဆာဗေးတစ် ရီပတ်ဘလီကန် အောက်လွှတ်တော် အမတ် မတ် ဂေ့ဇ် (Matt Gaetz) က သတင်းဌာနတွေရဲ့ ဆွေးနွေးခန်းတွေမှာ ပြောပါတယ်။ အစိုးရလုပ်ငန်းတွေရပ်မသွားဖို့ ဘတ်ဂျက်ချပေးနိုင်အောင် မဲပေးခဲ့ကြတဲ့ ဒီမိုကရက်အမတ်တွေကို အောက်လွှတ်တော် ဥက္ကဋ္ဌ ကယ်ဗင် မက္ကာသီ က ကြိုဆိုလိုက်ပြီးတဲ့နောက် ခုလိုဖြုတ်ချလိုတာတွေ ဖြစ်လာခဲ့တာပါ။

အစိုးရအသုံးစရိတ်ကို ၂၀၂၀ ကိုဗစ်ကပ်ဘေး အကြိုကာလအဆင့်ထိ ဖြတ်တောက်ဖို့နဲ့ အရေးကြီးတဲ့ဥပဒေတွေအတွက် ဒီမိုကရက်အမတ်တွေရဲ့ မဲ ကို အသုံးမပြုဘူးဆိုတဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရတုန်းက ကယ်ဗင် မက္ကာသီ ပေးခဲ့တဲ့ကတိစကားကို သူကိုယ်တိုင်ဖျက်ခဲ့တယ်လို့ မစ္စတာ ဂေ့ဇ်က ဆိုပါတယ်။ အောက်လွှတ်တော်မှာ အမတ် ၄၃၅ ယောက် ရှိတဲ့အနက် ရီပတ်ဘလီကန် အမတ်အများစု ၂၂၁ ယောက်က မစ္စတာ ကယ်ဗင် မက္ကာသီ ကို ထောက်ခံနေကြဆဲပါပဲ။

လွန်ခဲ့တဲ့လပေါင်းများစွာက မစ္စတာ မက္ကာသီနဲ့သူ သဘောတူခဲ့သလို ဘဏ္ဍာရေးနှစ်အတွက် အမြင့်ဆုံး အသုံးစရိတ်သတ်မှတ်ချက်အတိုင်း ရေးဆွဲထားတဲ့ ဘတ်ဂျက်ကို ရီပတ်ဘလီကန်အမတ်တွေက လေးစားသင့်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။ “ခုလို အန္တရာယ်များလှတဲ့ ကစားပွဲကို ကျနော် စိတ်ကုန်နေပါပြီ။ ဒီလို ရီပတ်ဘလီကန်လွှမ်းတဲ့ အောက်လွှတ်တော်မျိုး ကျနော် ဘယ်တုန်းကမှ မတွေ့ကြုံဖူးခဲ့ပါဘူး” လို့ အမေရိကန် သမ္မတက ပြောပါတယ်။

ကန်အောက်လွှတ်တော်ရီပတ်ဘလီကန်တွေကြား ထိုးနှက်မှုပိုပြင်းလာ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG