သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အစိုးရ ယာယီအသုံးစရိတ် သမ္မတဘိုင်ဒန် လက်မှတ်ထိုး အတည်ပြု 


အမေရိကန်အထက်လွှတ်တော်မှာ ယာယီအသုံးစရိတ်ဥပဒေကြမ်းကို ၈၈ မဲ၊ ၉ မဲ နဲ့ အတည်ပြုလိုက်စဥ်. (စက်တင်ဘာ ၃၀၊ ၂၀၂၃)
အမေရိကန်အထက်လွှတ်တော်မှာ ယာယီအသုံးစရိတ်ဥပဒေကြမ်းကို ၈၈ မဲ၊ ၉ မဲ နဲ့ အတည်ပြုလိုက်စဥ်. (စက်တင်ဘာ ၃၀၊ ၂၀၂၃)

အမေရိကန်အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းရမယ့် နောက်ဆုံးနာရီပိုင်းအလိုမှာပဲ လွှတ်တော်မှာ ယာယီအသုံးစရိတ်အတွက် သဘောတူညီချက်ရခဲ့ပြီး ဥပဒေကြမ်းကို သမ္မတ Joe Biden လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

လက်ရှိအသုံးစရိတ် ပမာဏအတိုင်း နောက်ထပ် ၄၅ ရက် ခွင့်ပြုမယ့်ဥပဒေကို ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်အများစုနဲ့ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်မှာ စေ့စပ်ညှိနှိုင်းသဘောတူခဲ့ပြီးနောက် သမ္မတရဲ့ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အများစုရှိတဲ့ အထက်လွှတ်တော်မှာ ထောက်ခံမဲ ၈၈ မဲ၊ ကန့်ကွက်မဲ ၉ မဲနဲ့ အတည်ပြုလိုက်တာပါ။

လွှတ်တော် ၂ ရပ်က အတည်ပြုလိုက်တဲ့ ယာယီအသုံးစရိတ်ဥပဒေကိုတော့ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းရမယ့် သတ်မှတ်ချိန် ၁ နာရီတောင် မကျန်တော့တဲ့အချိန် မနေ့ညကပဲ သမ္မတက လက်မှတ်ထိုး အတည်ပြုလိုက်ပါတယ်။ ဥပဒေကို လက်မှတ်ထိုးအတည်ပြုလိုက်တဲ့ဓာတ်ပုံကိုလည်း X လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပြီး ၁ နှစ်စာအပြည့် အသုံးစရိတ်အတွက် လွှတ်တော်က အမြန်ဆုံး အတည်ပြုဖို့လည်း တိုက်တွန်းခဲ့တာပါ။

ယာယီအသုံးစရိတ် ဥပဒေမှာတော့ သမ္မတဘိုင်ဒန် တောင်းခံထားတဲ့ ကပ်ဘေးဒဏ် အကူအညီပေးရေး ဒေါ်လာ ၁၆ ဘီလီယံ အသုံးစရိတ်ပါဝင်ပေမဲ့ ရုရှားကျူးကျော်မှုနဲ့ရင်ဆိုင်နေရတဲ့ ယူကရိန်းအတွက် အကူအညီပေးဖို့တော့ မပါဝင်ခဲ့ပါဘူး။ သမ္မတဘိုင်ဒန်ကတော့ ယာယီအသုံးစရိတ် အတည်ပြုနိုင်ခဲ့တာကြောင့် ကြိုးစားပမ်းစား အလုပ်လုပ်နေကြတဲ့ သန်းနဲ့ချီတဲ့ အမေရိကန်တွေအတွက် မလိုအပ်ဘဲ အခက်အခဲတွေနဲ့ရင်ဆိုင်ရမယ့်အရေးက ရှောင်ရှားနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန်အစိုးရ ယာယီအသုံးစရိတ် သမ္မတဘိုင်ဒန် လက်မှတ်ထိုး အတည်ပြု
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG