သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရအကြွေးယူခွင့် တိုးမြှင့်ရေး သမ္မတဘိုင်ဒင်နဲ့ လွှတ်တော်ခေါင်းဆောင် မူအရသဘောတူ


House Speaker Kevin McCarthy speaks during a news conference after he and President Joe Biden reached an "agreement in principle" to resolve the looming debt crisis on May 27, 2023, in Washington.
House Speaker Kevin McCarthy speaks during a news conference after he and President Joe Biden reached an "agreement in principle" to resolve the looming debt crisis on May 27, 2023, in Washington.

အမေရိကန်အစိုးရ အသုံးစရိတ်အတွက် ချေးယူနိုင်မယ့် ငွေပမာဏကို တိုးမြှင့်ဖို့အတွက် ဥပဒေပြုရေးကိစ္စနဲ့ ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒန်နဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy တို့ကြားမှာ မူအားဖြင့် သဘောတူညီမှုရသွားခဲ့ပြီ ဖြစ်ပါတယ်။ သမ္မတဂျိုးဘိုင်ဒန်နဲ့ မနေ့ စနေနေ့က မိနစ် ၉၀ ကြာ တယ်လီဖုန်းနဲ့ ဆွေးနွေးပြီးတော့၊ သဘောတူညီမှုရပြီးတဲ့နောက် အောက်လွှတ်တော်ဥက္ကဋ္ဌ McCarthy က အခုလို ကြေညာပါတယ်။

“သီတင်းပတ်ပေါင်းများစွာ အပေးအယူလုပ် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးတဲ့နောက်၊ ကျနော်တို့ မူအားဖြင် သဘောတူညီမှု ရရှိသွားပြီလို့” အောက်လွှတ်တော် ဥက္ကဋ္ဌ Kevin McCarthy က ပြောလိုက်တာဖြစ်ပါတယ်။

အခုလို မူအားဖြင့် သဘောတူညီမှုရသွားတာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဥပဒေကြမ်းထဲမှာပါမယ့် အသေးစိတ် အချက်အလက်တွေကို အပြီးသတ်ရေးဆွဲနိုင်ဖို့အတွက် ၂ ဘက် ညှိနှိုင်းတဲ့သူတွေ အပြင်းအထန် ကြိုးပမ်းနေကြပါတယ်။

အစိုးရအသုံးစရိတ်တွေပြတ်လပ်ပြီး ပြန်ဆပ်ရမယ့်ချေးငွေတွေ ပြန်မဆပ်နိုင်တာမျိုးကို ရှောင်ဖို့အတွက် သတ်မှတ်ထား ဇွန်လ ၅ ရက်နေ့မတိုင်ခင်မှာ အထက်လွှတ်တော်က စဉ်းစားဆုံးဖြတ်နိုင်အောင် အချိန်ပေးတဲ့အနေနဲ့ အောက်လွှတ်တော်အနေနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ မဲခွဲဆုံးဖြတ်သွားမှာဖြစ်တယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy က ပြောပါတယ်။

ဒီသဘောတူညီချက်အရ ရှေ့လာမယ့် ၂ နှစ်အတွင်း အမေရိကန်အစိုးရရဲ့ ချေးငွေယူနိုင်တဲ့ ပမာဏကို တိုးမြှင့်ပေးသွားမယ့် တချိန်တည်းမှာပဲ အစိုးရအသုံးစရိတ်ကို ထိန်းချုပ်သွားမှာဖြစ်ပြီး၊ အဲဒီထဲမှာ ဝင်ငွေနည်းတဲ့သူတွေအတွက် အစိုးရက ထောက်ပံ့ကြေးပေးတဲ့ အစီအစဉ်မှာ အလုပ်လုပ်ရမယ့် သတ်မှတ်ချက်ပါထည့်ဖို့ ရီပတ်ဘလစ်ကန်တွေဘက်က တောင်းဆိုထားပါတယ်။

XS
SM
MD
LG