သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရကြွေးမြီကန့်သတ်မှုဥပဒေကြမ်း ကန် အောက်လွှတ်တော်မဲခွဲမည်


အမေရိကန်လွှတ်တော် အမိုးခုံး Capitol Rotunda အတွင်းပိုင်းမြင်ကွင်း
အမေရိကန်လွှတ်တော် အမိုးခုံး Capitol Rotunda အတွင်းပိုင်းမြင်ကွင်း

အမေရိကန်အစိုးရအသုံးစရိတ်အတွက် ချေးယူနိုင်မယ့် ငွေပမာဏ ကန့်သတ်ချက်ကို ၂၀၂၅ ခုနှစ် အစောပိုင်းအထိ ဆိုင်းငံ့ထားဖို့အတွက် ဥပဒေပြုရေးကိစ္စကို အောက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့ ညနေပိုင်း မဲခွဲဆုံးဖြတ်ကြပါမယ်။

ဒီမိုကရက်တစ်အစိုးရနဲ့ ရီပတ်ဘလင်ကန် ဦးဆောင်တဲ့ လွှတ်တော်ကြား နိုင်ငံရေးအရအကြိတ်အနယ် သဘောထားကွဲမှုဖြစ်ခဲ့တဲ့ အစိုးရအကြွေးယူခွင့် ကန့်သတ်ချက်သဘောတူညီမှုဟာ အစိုးရအသုံးစရိတ်တွေ ပြတ်လပ်ပြီး ပြန်ဆပ်ရမယ့်ချေးငွေတွေ ပြန်မဆပ်နိုင်တာမျိုးကို ရှောင်နိုင်ဖို့ ၅ ရက်ပဲ လိုတော့ချိန်မှာ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။

အဲဒီမှာအစိုးရရဲ့ လက်ရှိဒေါ်လာ ၃၁.၄ ထရီလီယံကြွေးမြီ ဆိုင်းငံ့ထားမှု လုပ်ဆောင်ချက်ကို အတည်ပြုနိုင် ဖွယ်ရှိပါတယ်။ ကြွေးမြီဆိုင်းငံ့မှုကို ရီပတ်ဘလစ်ကန်အမတ် အနည်းဆုံး ၁၅၀ က ထောက်ခံလိမ့်မယ်လို့ မျှော်လင့်ကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ ကယ်ဗင်မက်ကာသီက ပြောထားပါတယ်။ တဖက်မှာလည်း ဒီ ကိန်းဂဏန်းက မရေရာဖြစ်နေပြီး လက်ယာစွန်းရီပတ်ဘလစ်ကန် အများစုကနှစ်ဖက် စေ့စပ်ညှိနှိုင်းတုန်းက ဒီမိုကရက်တစ် သမ္မတ ဂျိုးဘိုင်ဒန်ဘက်ကို လိုက်လျောအလျော့ပေးလိုက်တယ် ဆိုပြီးမက်ကာသီကို တိုက်ခိုက်‌ နေကြတာပါ။

ဒီဥပဒေကြမ်းကို "ကြုံဖူးသမျှထဲမှာ ရှေးရိုးအဆန်ဆုံး သဘောတူညီချက်" လို့ မက်ကာကီကတော့ ကာကွယ်ပြောဆိုထားပါတယ်။

ရှေးရိုးစွဲဝါဒီတွေက အစိုးရရဲ့ အနာဂတ် အသုံးစရိတ်ကို လုံလုံလောက်လောက် ဖြတ်တောက်ထားတာ မရှိဘူးလို့ ဝေဖန်နေကြပြီး တိုးတက်တဲ့ ဒီမိုကရက် တချို့ကလည်း ဒီသဘောတူညီချက်က အသုံးစရိတ်တွေကို အလွန်အကျွံ ဖြတ်တောက်ထားတယ်လို့ ရှုမြင်နေကြပါတယ်။

ဒါဟာ ဇန်နဝါရီ တုန်းက ၁၅ ကြိမ် တိုင်တိုင် မဲခွဲခဲ့ရပြီး အဆုံးမှာ အောက်လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မက်ကာသီရဲ့ လွှတ်တော်အတွင်း ချုပ်ကိုင်နိုင်မှုကို စမ်းသပ်မှု အဖြစ်လည်း သုံးသပ် ကြတာတွေ ရှိပါတယ်။ အဲ့တုန်းက မက်ကာသီက အစိုးရဘတ်ဂျက်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းမယ်ဆိုပြီး ရှေးရိုးစွဲဝါဒီတွေရဲ့ ထောက်ခံမှုရရှိအောင် ကတိပြုခဲ့တာပါ။

တကယ်လို့ မက်ကာသီ ဟာကြွေးမြီကန့်သတ်ချက်မှာ ရီပတ်ဘလီကန် အမတ် ၁၁၁ ဦး ထောက်ခံမှုကို ဆုံးရှုံးခဲ့ရင် အောက်လွှတ်တော်က ဒီမိုကရက်အမတ် ၂၁၃ ဦးအနက် အနည်းဆုံး ၁၀၇ ဦးကဒီ ဥပဒေကို အတည်ပြုဖို့ လိုပါတယ်။ အဲဒီနောက်သီတင်းပတ်နှောင်းပိုင်းမှာ ဆီးနိတ် အထက်လွှတ်တော်ကို ဆက်လက် ပေးပို့ရမှာ ဖြစ်ပြီး အဆုံးမှာသမ္မတ ဘိုင်ဒင်ကလက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။

အစိုးရကြွေးမြီကန့်သတ်မှုဥပဒေကြမ်းကန်အောက်လွှတ်တော်မဲခွဲမည်
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG