သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရကြွေးမြီတိုးမြှင့်ရေးသဘောတူညီရဖို့ ကန်သမ္မတအကောင်းမြင်


အစိုးရကြွေးမြီကိစ္စ သမ္မတဘိုင်ဒန်နဲ့ ဆွေးနွေးခဲ့တဲ့ အောက်လွှတ်တော် ဥက္ကဌ Kevin McCarthy၊ မေ(၂၂)၊ ၂၀၂၃။
အစိုးရကြွေးမြီကိစ္စ သမ္မတဘိုင်ဒန်နဲ့ ဆွေးနွေးခဲ့တဲ့ အောက်လွှတ်တော် ဥက္ကဌ Kevin McCarthy၊ မေ(၂၂)၊ ၂၀၂၃။

အစိုးရအကြွေးကန့်သတ်ချက် သဘောတူညီချက်ရရှိဖို့ အကောင်းမြင်တယ်လို့အစည်းအဝေးမတိုင်မီ မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ပြောခဲ့ပေမဲ့သဘောတူညီချက်တော့မရရှိကြသေးပါဘူး။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နဲ့ အောက်လွှတ်တော် ဥက္ကဌ Kevin McCarthy တို့ တနင်္လာနေ့ နေ့ခင်း က အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

သမ္မတ ဘိုင်ဒင် G 7 က ပြန်အလာမှာ မစ္စတာ McCarthy နဲ့ တယ်လီဖုန်း ပြောခဲ့ကြပြီး၊ သူတို့ ဆွေးနွေးခဲ့ကြတာ အကျိုးရှိပါတယ်လို့ မစ္စတာ မက်ကာသီ က ပြောခဲ့တာပါ။ နှစ်ဘက် ညှိုနှိုင်းသူတွေ ဟာ တနင်္ဂနွေနေ့ ညနေပိုင်းမှာ ၂ နာရီခွဲကြာ ညှိုနှိုင်းခဲ့ကြပြီး၊တနင်္လာနေ့မှာ ဆက်လက် ညှိုနှိုင်းခဲ့ကြပါတယ်။ ၂၀၂၄ ခုနှစ်အစိုးရ အသုံးစားရိတ် ကို ဆွေးနွေးတဲ့ အဆင့်ကို ရောက်ရှိနေကြပါပြီ။

တနင်္လာနေ့ မနက်မှာတော့ မစ္စတာ McCarthy က သမ္မတဘိုင်ဒင်ဟာ နှစ်စဉ်ဖယ်ဒရယ် အသုံးစားရိတ် နဲ့ ပတ်သက်လို့ သူတို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ငြင်းဆိုခဲ့တယ်လို့ ဝေဖန် ပြစ်တင်ခဲ့ပါသေးတယ်။

ရီပါဘလီကန် အမတ်တွေက အသုံးစားရိတ်ကို ဖြတ်တောက်လိုပြီး ဒီမိုကရက်တွေက ချမ်းသာသူတွေ ဆီက အခွန်တိုးကောက်ပြီး အသုံးစားရိတ်ကို ကာလိုကြပါတယ်။


အစိုးရကြွေးမြီတိုးမြှင့်ရေးသဘောတူညီချက်ရဖို့ ကန်သမ္မတအကောင်းမြင်
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG