သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရ ချေးယူနိုင်တဲ့ ငွေပမာဏ မတိုးမြှင့်လျှင် စီးပွါးရေးကပ်ဆိုက်နိုင် (ကန်ဘဏ္ဍာရေးဝန်ကြီး)


အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen 
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen 

အမေရိကန်ပြည်ထောင်စုမှာ ဖယ်ဒရယ်အစိုးရကချေးယူနိုင်တဲ့ ငွေပမာဏသတ်မှတ်ချက်တိုးပေးဖို့ သမ္မတ Joe Biden အစိုးရနဲ့ အမေရိကန်လွှတ်တော်ကြား သဘောတူညီမှုမရဘူးဆိုရင်တော့ အမေရိကန်ပြည်ထောင်စုနဲ့ကမ္ဘာ့စီးပွားရေးအတွက် စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာကပ်ဆိုးကြီးတရပ် ကြုံလာရနိုင်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က သတိပေးပါတယ်။

အမေရိကန်အစိုးရအတွက် အသုံးစရိတ်တွေဟာ လာမယ့်ဇွန်လအစောပိုင်းမှာ ပြတ်တောက်သွားနိုင်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး Yellen က ABC သတင်းဌာနဲ့ မေးမြန်းခန်းအတွင်းဖြေဆိုခဲ့ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ​ချေးယူနိုင်တဲ့ပမာဏသတ်မှတ်ချက် အမေရိကန်ဒေါ်လာ ၃၁.၄ တြီလျံဟာ ပြီးခဲ့တဲ့ဇန်နဝါရီလထဲမှာ သတ်မှတ်ပမာဏပြည့်သွားတဲ့နောက်ပိုင်း ကြွေးမြီတွေပေးနိုင်ဖို့ အမေရိကန်ဘဏ္ဍာရေးဌာနအနေနဲ့ အစွမ်းကုန်စွမ်းဆောင်ကြိုးပမ်းခဲ့ပေမယ့် သူတို့လုပ်နိုင်စွမ်း ဒါအကုန်ပဲလို့လည်း ဘဏ္ဍာရေးဝန်ကြီး Yellen က ပြောပါတယ်။

အစိုးရအသုံးစရိတ်တွေ မပေးနိုင်တော့တဲ့ရက် မကြာခင် ရောက်လာတော့မယ်လို့ ဘဏ္ဍာရေးဝန်ကြီးက သတိပေးပြောပါတယ်။ ဒီအကျပ်အတည်းကြီးကို ကျော်လွှားနိုင်ရေးဆွေးနွေးဖို့ သမ္မတဘိုင်ဒန်ဟာ အင်္ဂါနေ့မှာ လွှတ်တော်ထိပ်ပိုင်းခေါင်းဆောင်တွေကို အိမ်ဖြူတော်ကိုဖိတ်ကြားထားပါတယ်။ အကန့်အသတ်ခြွင်းချက်မထားဘဲ အစိုးရချေးယူနိုင်တဲ့ငွေပမာဏသတ်မှတ်ချက်တိုးပေးဖို့ သမ္မတ Joe Biden က လွှတ်တော်ကို တောင်းဆိုထားပါတယ်။

လူမှုရေးအစီအစဉ်တွေနဲ့ ဥတုရာသီထိန်းကျောင်းရေးဆိုင်ရာ အစိုးရအသုံးစရိတ်တွေကို ဖြတ်တောက်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ထားပြီး အစိုးရကြွေးမြီယူနိုင်တဲ့ပမာဏ တနှစ်တာ တိုးမြှင့်အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် ဒါကို အမေရိကန်အစိုးရနဲ့ ဒီမိုကရက်လွှတ်တော်အမတ်တွေကတော့ ကန့်ကွက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG