သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္အစိုးရေခ်းေငြပမာဏတိုးေရး အိမ္ျဖဴေတာ္နဲ႔ လႊတ္ေတာ္ေျပလည္မႈမရေသး  


အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္မွာေတြ႔ရတဲ့ အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာန အေဆာက္အဦ (ဇန္နဝါရီ ၁၉၊ ၂၀၂၃)

အေမရိကန္အစိုးရ လည္ပတ္ႏိုင္ဖို႔ ကန္႔သတ္ထားတဲ့ ေခ်းေငြပမာဏ ေဒၚလာ ၃၁.၄ ထရီလီယံ ၾကာသပေတးေန႔က ျပည့္သြားတဲ့အတြက္ ေနာက္ထပ္ ေခ်းေငြပမာဏ ထပ္တိုးေပးဖို႔ အိမ္ျဖဴေတာ္နဲ႔ ရီပတ္ဗလစ္ကန္အမတ္ေတြၾကား အေျခအတင္ျဖစ္ေနပါတယ္။ ေခ်းေငြပမာဏတိုးေရးကိစၥမွာ သေဘာထားတင္းမာတဲ့ ရီပတ္ဗလစ္ကန္အမတ္ေတြနဲ႔ ေစ့စပ္ေဆြးေႏြးမွာ မဟုတ္ဘူးလို႔ အေမရိကန္သမၼတ အိမ္ျဖဴေတာ္က ၾကာသပေတးေန႔ကပဲ ေျပာၾကားခဲ့ပါတယ္။ ေလာေလာဆယ္မွာေတာ့ အေမရိကန္အစိုးရ ေဒဝါလီခံရတဲ့ အျဖစ္မေရာက္ေအာင္ ဘ႑ာေရးဌာနက အေရးေပၚေဆာင္ရြက္မႈေတြ လုပ္ထားရပါတယ္။ တကယ္လို႔ အစိုးရေခ်းေငြကန္႔သတ္ခ်က္ မတိုးႏိုင္ခဲ့ရင္ လူမႈဖူလံုေရးေထာက္ပံ့မႈေတြအပါအဝင္ အစိုးရေပးစရာရွိတာေတြ မေပးႏိုင္ေတာ့တာနဲ႔ စီးပြားေရးကို ထိခိုက္မႈေတြ ျဖစ္လာႏိုင္မွာမို႔ ျပႆနာေတြ ယာယီေရွာင္လႊဲႏိုင္ေအာင္ ဘ႑ာေရးဌာနအေနနဲ႔ အေရးေပၚေဆာင္ရြက္ခ်က္ေတြ လုပ္ထားရၿပီလို႔ ဘ႑ာေရးဝန္ႀကီး ဂ်န္းနက္ရဲလန္ (Janet Yellen) က ေအာက္လႊတ္ေတာ္ဥကၠ႒ ကယ္ဗင္မက္ကာသီ (Kevin McCarthy) ကို စာေရးသားအေၾကာင္းၾကားခဲ့ပါတယ္။ အေမရိကန္အစိုးရ အေႂကြးျပန္မဆပ္ႏိုင္တ့ဲ အေျခအေနနဲ႔ ေပးစရာရွိတာေတြ ေပးႏိုင္ေအာင္ ဇြန္ ၅ ရက္အထိ ႀကိဳးစားေဆာင္ရြက္ထားမယ္လို႔ ဘ႑ာေရးဝန္ႀကီး ေျပာၿပီး ေအာက္လႊတ္ေတာ္ဥကၠ႒အေနနဲ႔ အျမန္ဆံုး ေခ်းေငြပမာဏတိုးေပးႏိုင္ေအာင္ႀကိဳးစားဖို႔ တိုက္တြန္းထားပါတယ္။

အိမ္ျဖဴေတာ္နဲ႔ လႊတ္ေတာ္ၾကား ေျပလည္မႈမရလို႔ အစိုးရအသုံးစရိတ္ ေခ်းေငြမပဏ မတိုးႏိုင္ခဲ့ေတာ့ရင္ အေမရိကန္အစိုးရ ေပးသင့္ေပးထိုက္တဲ့ ေငြေၾကးေတြ မေပးႏိုင္ေတာ့တဲ့အေျခအေန ေရာက္သြားမွာကို တျခားသေဘာထားေပ်ာ့ေျပာင္းတဲ့ ရီပတ္ဗလစ္ကန္အမတ္ေတြကလည္း သတိေပးေနပါတယ္။ ေခ်းေငြပမာဏကန႔္သတ္ခ်က္ကို တိုးခ်င္တယ္ဆိုရင္ အစိုးရအသုံးရစရိတ္ကို ေလွ်ာ့ခ်ေပးရမယ္လို႔ ရီပတ္ဗလစ္ကန္ေတြဘက္က ေတာင္းဆိုေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ကန်အစိုးရချေးငွေပမာဏတိုးရေး အိမ်ဖြူတော်နဲ့ လွှတ်တော်ပြေလည်မှုမရသေး

အမေရိကန်အစိုးရ လည်ပတ်နိုင်ဖို့ ကန့်သတ်ထားတဲ့ ချေးငွေပမာဏ ဒေါ်လာ ၃၁.၄ ထရီလီယံ ကြာသပတေးနေ့က ပြည့်သွားတဲ့အတွက် နောက်ထပ် ချေးငွေပမာဏ ထပ်တိုးပေးဖို့ အိမ်ဖြူတော်နဲ့ ရီပတ်ဗလစ်ကန်အမတ်တွေကြား အခြေအတင်ဖြစ်နေပါတယ်။ ချေးငွေပမာဏတိုးရေးကိစ္စမှာ သဘောထားတင်းမာတဲ့ ရီပတ်ဗလစ်ကန်အမတ်တွေနဲ့ စေ့စပ်ဆွေးနွေးမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ကြာသပတေးနေ့ကပဲ ပြောကြားခဲ့ပါတယ်။ လောလောဆယ်မှာတော့ အမေရိကန်အစိုးရ ဒေဝါလီခံရတဲ့ အဖြစ်မရောက်အောင် ဘဏ္ဍာရေးဌာနက အရေးပေါ်ဆောင်ရွက်မှုတွေ လုပ်ထားရပါတယ်။ တကယ်လို့ အစိုးရချေးငွေကန့်သတ်ချက် မတိုးနိုင်ခဲ့ရင် လူမှုဖူလုံရေးထောက်ပံ့မှုတွေအပါအဝင် အစိုးရပေးစရာရှိတာတွေ မပေးနိုင်တော့တာနဲ့ စီးပွားရေးကို ထိခိုက်မှုတွေ ဖြစ်လာနိုင်မှာမို့ ပြဿနာတွေ ယာယီရှောင်လွှဲနိုင်အောင် ဘဏ္ဍာရေးဌာနအနေနဲ့ အရေးပေါ်ဆောင်ရွက်ချက်တွေ လုပ်ထားရပြီလို့ ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက်ရဲလန် (Janet Yellen) က အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင်မက်ကာသီ (Kevin McCarthy) ကို စာရေးသားအကြောင်းကြားခဲ့ပါတယ်။ အမေရိကန်အစိုးရ အကြွေးပြန်မဆပ်နိုင်တဲ့ အခြေအနေနဲ့ ပေးစရာရှိတာတွေ ပေးနိုင်အောင် ဇွန် ၅ ရက်အထိ ကြိုးစားဆောင်ရွက်ထားမယ်လို့ ဘဏ္ဍာရေးဝန်ကြီး ပြောပြီး အောက်လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ အမြန်ဆုံး ချေးငွေပမာဏတိုးပေးနိုင်အောင်ကြိုးစားဖို့ တိုက်တွန်းထားပါတယ်။

အိမ်ဖြူတော်နဲ့ လွှတ်တော်ကြား ပြေလည်မှုမရလို့ အစိုးရအသုံးစရိတ် ချေးငွေမပဏ မတိုးနိုင်ခဲ့တော့ရင် အမေရိကန်အစိုးရ ပေးသင့်ပေးထိုက်တဲ့ ငွေကြေးတွေ မပေးနိုင်တော့တဲ့အခြေအနေ ရောက်သွားမှာကို တခြားသဘောထားပျော့ပြောင်းတဲ့ ရီပတ်ဗလစ်ကန်အမတ်တွေကလည်း သတိပေးနေပါတယ်။ ချေးငွေပမာဏကန့်သတ်ချက်ကို တိုးချင်တယ်ဆိုရင် အစိုးရအသုံးရစရိတ်ကို လျှော့ချပေးရမယ်လို့ ရီပတ်ဗလစ်ကန်တွေဘက်က တောင်းဆိုနေပါတယ်။

XS
SM
MD
LG