သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္အစိုးရလုပ္ငန္း ရပ္မသြားေရး ယာယီအသုံးစရိတ္ ဒီေန႔အတည္ျပဳရမယ္


Zawgyi/Unicode

အေမရိကန္အစိုးရလုပ္ငန္းတခ်ိဳ႕ လည္ပတ္မႈ ရပ္ဆိုင္းမသြားရေအာင္ ယာယီအသုံးစရိတ္အတည္ျပဳေရး အထက္လႊတ္ေတာ္မွာ ဒီေန႔ၾကာသပေတးေန႔ မဲခြဲဆုံးျဖတ္မွာျဖစ္ပါတယ္။ တကယ္လို႔ အထက္လႊတ္ေတာ္မွာ အတည္ျပဳလိုက္ၿပီဆိုရင္ နက္ျဖန္ေအာက္ တိုဘာ ၁ ရက္မွာ အစိုးရလုပ္ငန္းေတြ ဆက္လက္ လည္ပတ္ႏိုင္ေရးအတြက္ ေနာက္ ဆုံးသတ္မွတ္ရက္ ဒီေန႔မေက်ာ္ခင္ ေအာက္လႊတ္ေတာ္မွာ အမီ မဲခြဲဆုံးျဖတ္ၾကရမွာျဖစ္ ပါတယ္။

အေမရိကန္အစိုးရအသံုးစရိတ္ကို ဒီဇင္ဘာ ၃ ရက္ေန႔အထိ လက္ရွိအတုိင္း ဆက္လက္သံုးစြဲႏိုင္ေရးနဲ႔ အစိုးရလုပ္ငန္းတခ်ဳိ႕ ရပ္ဆိုင္းမသြားရေအာင္ ယာယီအသံုးစရိတ္အတည္ျပဳေပးေရး ဒီကေန႔ အထက္လႊတ္ေတာ္မွာ မဲခြဲဆံုးျဖတ္ပါလိမ့္မယ္။


ဒီေန႔ မဲခြဲၾကမယ့္ ဥပေဒမူၾကမ္းက အစိုးရဌာနေတြ လက္ရွိသုံးစြဲေနတဲ့ အသုံးစရိတ္အတိုင္း ဒီဇင္ဘာ ၃ ရက္ေန႔အထိ ဆက္လက္သုံးစြဲေရးျဖစ္တယ္လို႔ အထက္လႊတ္ေတာ္ လူမ်ားစုေခါင္းေဆာင္ Chuck Schumer ကေျပာပါတယ္။
အေမရိကန္စစ္တပ္ေတြ ႐ုတ္သိမ္းၿပီးေနာက္ အေမရိကန္ကိုေရာက္လာတဲ့ အာဖဂန္ဒုကၡသည္ေတြ ေနရာခ်ထားေရးအတြက္ ေဒၚလာ ၆.၃ ဘီလ်ံသုံးစြဲေရး၊ ဟာရီကိန္းမုန္တိုင္းဒဏ္ခံထားရတဲ့ အေမရိကန္အေရွ႕ပိုင္းနဲ႔ ေတာင္ပိုင္းျပည္နယ္ေတြ၊ ေတာမီးဒဏ္ ခံထားရတဲ့ အေနာက္ပိုင္းျပည္နယ္ေတြအတြက္ ေဒၚလာ ၂၈.၆ ဘီလ်ံသုံးစြဲေရးလည္း ဒီေန႔မဲခြဲမယ့္ မူၾကမ္းထဲမွာပါဝင္ပါတယ္။
ေျဖရွင္းစရာ အေရးတႀကီးကိစၥေတြ အမ်ားႀကီးရွိေနခ်ိန္၊ အစိုးရလုပ္ငန္းေတြ ရပ္သြားတာ အေမရိကန္ျပည္သူေတြအတြက္ မျဖစ္သင့္ဆုံးပဲလို႔ အထက္လႊတ္ေတာ္လူမ်ားစုေခါင္းေဆာင္ ဒီမိုကရက္အမတ္ Schumer ကေျပာၾကားခဲ့ပါတယ္။
အစိုးရလုပ္ငန္းေတြ ရပ္မသြားေစေအာင္ရည္႐ြယ္တဲ့ ေနာက္ထပ္မူၾကမ္းတခုကို ရီပတ္ ဘလီကန္ အထက္လႊတ္ေတာ္အမတ္ေတြက ဒီသီတင္းပတ္အေစာပိုင္းက ပယ္ခ်ခဲ့ပါတယ္။ အစိုးရ ေပးဆပ္စရာရွိတာေတြ ဆက္ေပးႏိုင္ေအာင္ အစိုးရေခ်းယူႏိုင္တဲ့ ေငြေၾကးပမာဏ ကန႔္သတ္ခ်က္ကို ယာယီဖယ္ရွားေရးကိစၥပါေနတဲ့အတြက္ ရီပတ္ဘလီကန္အမတ္ေတြက လက္မခံၾကတာျဖစ္ပါတယ္။
အေမရိကန္မွာ ဘ႑ာေရးႏွစ္သစ္ စတင္မယ့္ ေအာက္တိုဘာ ၁ ရက္ ေသာၾကာေန႔မွာ အစိုးရလုပ္ငန္းေတြ ဆက္လည္ပတ္ႏိုင္ေရး အသုံးစရိတ္သက္သက္ပဲပါတဲ့ ဥပေဒမူၾကမ္းကိုေတာ့ သူတို႔ေထာက္ခံမယ္လို႔ အထက္လႊတ္ေတာ္ လူနည္းစုေခါင္းေဆာင္ ရီပတ္ဘလီကန္အမတ္ Mitch McConnell ကေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


-------

Unicode

အမေရိကန်အစိုးရလုပ်ငန်း ရပ်မသွားရေး ယာယီအသုံးစရိတ် ဒီနေ့အတည်ပြုရမယ်

အမေရိကန်အစိုးရလုပ်ငန်းတချို့ လည်ပတ်မှု ရပ်ဆိုင်းမသွားရအောင် ယာယီအသုံးစရိတ်အတည်ပြုရေး အထက်လွှတ်တော်မှာ ဒီနေ့ကြာသပတေးနေ့ မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။ တကယ်လို့ အထက်လွှတ်တော်မှာ အတည်ပြုလိုက်ပြီဆိုရင် နက်ဖြန်အောက် တိုဘာ ၁ ရက်မှာ အစိုးရလုပ်ငန်းတွေ ဆက်လက် လည်ပတ်နိုင်ရေးအတွက် နောက် ဆုံးသတ်မှတ်ရက် ဒီနေ့မကျော်ခင် အောက်လွှတ်တော်မှာ အမီ မဲခွဲဆုံးဖြတ်ကြရမှာဖြစ် ပါတယ်။

အမေရိကန်အစိုးရအသုံးစရိတ်ကို ဒီဇင်ဘာ ၃ ရက်နေ့အထိ လက်ရှိအတိုင်း ဆက်လက်သုံးစွဲနိုင်ရေးနဲ့ အစိုးရလုပ်ငန်းတချို့ ရပ်ဆိုင်းမသွားရအောင် ယာယီအသုံးစရိတ်အတည်ပြုပေးရေး ဒီကနေ့ အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပါလိမ့်မယ်။


ဒီနေ့ မဲခွဲကြမယ့် ဥပဒေမူကြမ်းက အစိုးရဌာနတွေ လက်ရှိသုံးစွဲနေတဲ့ အသုံးစရိတ်အတိုင်း ဒီဇင်ဘာ ၃ ရက်နေ့အထိ ဆက်လက်သုံးစွဲရေးဖြစ်တယ်လို့ အထက်လွှတ်တော် လူများစုခေါင်းဆောင် Chuck Schumer ကပြောပါတယ်။
အမေရိကန်စစ်တပ်တွေ ရုတ်သိမ်းပြီးနောက် အမေရိကန်ကိုရောက်လာတဲ့ အာဖဂန်ဒုက္ခသည်တွေ နေရာချထားရေးအတွက် ဒေါ်လာ ၆.၃ ဘီလျံသုံးစွဲရေး၊ ဟာရီကိန်းမုန်တိုင်းဒဏ်ခံထားရတဲ့ အမေရိကန်အရှေ့ပိုင်းနဲ့ တောင်ပိုင်းပြည်နယ်တွေ၊ တောမီးဒဏ် ခံထားရတဲ့ အနောက်ပိုင်းပြည်နယ်တွေအတွက် ဒေါ်လာ ၂၈.၆ ဘီလျံသုံးစွဲရေးလည်း ဒီနေ့မဲခွဲမယ့် မူကြမ်းထဲမှာပါဝင်ပါတယ်။
ဖြေရှင်းစရာ အရေးတကြီးကိစ္စတွေ အများကြီးရှိနေချိန်၊ အစိုးရလုပ်ငန်းတွေ ရပ်သွားတာ အမေရိကန်ပြည်သူတွေအတွက် မဖြစ်သင့်ဆုံးပဲလို့ အထက်လွှတ်တော်လူများစုခေါင်းဆောင် ဒီမိုကရက်အမတ် Schumer ကပြောကြားခဲ့ပါတယ်။
အစိုးရလုပ်ငန်းတွေ ရပ်မသွားစေအောင်ရည်ရွယ်တဲ့ နောက်ထပ်မူကြမ်းတခုကို ရီပတ် ဘလီကန် အထက်လွှတ်တော်အမတ်တွေက ဒီသီတင်းပတ်အစောပိုင်းက ပယ်ချခဲ့ပါတယ်။ အစိုးရ ပေးဆပ်စရာရှိတာတွေ ဆက်ပေးနိုင်အောင် အစိုးရချေးယူနိုင်တဲ့ ငွေကြေးပမာဏ ကန့်သတ်ချက်ကို ယာယီဖယ်ရှားရေးကိစ္စပါနေတဲ့အတွက် ရီပတ်ဘလီကန်အမတ်တွေက လက်မခံကြတာဖြစ်ပါတယ်။
အမေရိကန်မှာ ဘဏ္ဍာရေးနှစ်သစ် စတင်မယ့် အောက်တိုဘာ ၁ ရက် သောကြာနေ့မှာ အစိုးရလုပ်ငန်းတွေ ဆက်လည်ပတ်နိုင်ရေး အသုံးစရိတ်သက်သက်ပဲပါတဲ့ ဥပဒေမူကြမ်းကိုတော့ သူတို့ထောက်ခံမယ်လို့ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ရီပတ်ဘလီကန်အမတ် Mitch McConnell ကပြောကြားခဲ့ပါတယ်။

#USGovernmentShutdown #USDebtCeiling #voaburmese #အမေရိကန်အစိုးရအသုံးစရိတ် #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG