သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အစိုးရ အသုံးစရိတ်နဲ့ ကြွေးမြီကိစ္စ ၂ ပါတီကြား အငြင်းပွား


အမေရိကန် အစိုးရ အသုံးစရိတ်နဲ့ ကြွေးမြီကိစ္စ ၂ ပါတီကြား အငြင်းပွား
အမေရိကန် အစိုးရ အသုံးစရိတ်နဲ့ ကြွေးမြီကိစ္စ ၂ ပါတီကြား အငြင်းပွား

အမေရိကန် ပြည်ထောင်စုမှာ ဗဟိုအစိုးရ လုပ်ငန်းတွေ အကြွေးယူ လည်ပတ်နိုင်တဲ့ ဥပဒေအရ အများဆုံး အကြွေးယူနိုင်တဲ့ ပမာဏ ဒေါ်လာ ၁၄.၃ ထရီလီယံဟာ တနင်္လာနေ့မှာ ပြည့်သွားပါပြီ။

ဒါကြောင့်လည်း အမေရိကန် အစိုးရနဲ့ လွှတ်တော်အကြား အစိုးရ ဘဏ္ဍာရေး အသုံးစရိတ်နဲ့ အကြွေးယူခွင့်အပေါ် အချေအတင် ငြင်းခုံမှုတွေ ပိုများလာနေပါတယ်။

အစိုးရရဲ့ အကြွေးယူ လည်ပတ်နိုင်မယ့် ပမာဏ ထပ်တိုးပေးဖို့ဆိုရင် အသုံးစရိတ်တွေကို လျှော့ချပေးရမယ်လို့ အတိုက်အခံ ရီပတ်ဘလစ်ကန်တွေဘက်က တောင်းဆိုနေပါတယ်။

ချမ်းသာပြီး ဝင်ငွေများတဲ့ သူတွေဆီက အခွန်တွေ ထပ်တိုးကောက်ခံရေး ဒီမိုကရက်ဘက်က အဆိုကိုတော့ ရီပတ်ဘလစ်ကန်ဘက်က ပြတ်ပြတ်သားသား ငြင်းဆိုနေပါတယ်။

အမေရိကန် အောက်လွှတ်တော်ဟာ ရီပတ်လစ်ကန် အများစု လွှမ်းမိုးတဲ့လွှတ်တော် ဖြစ်တာကြောင့် အစိုးရရဲ့ အကြွေးယူနိုင်တဲ့ အတိုင်းအတာကို ထပ်တိုးဖို့ ရီပတ်ဘလစ်ကန်တွေရဲ့ သဘောတူညီချက် ရဖို့လိုပါတယ်။

တကယ်လို့ ဒီလို ထပ်တိုးမပေးဘူးဆိုရင် ဗဟိုအစိုးရက ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပြည်ပအစိုးရတွေကို ပေးရမယ့် ငွေကြေးတွေ အချိန်မီ ပေးနိုင်တော့မှာ မဟုတ်ဘူးလို့လည်း သမ္မတ အိုဘားမားနဲ့ သူ့ရဲ့ ဒီမိုကရက်ပါတီက ပြောဆိုနေပါတယ်။

ဘဏ္ဍာရေးဝန်ကြီး တီမိုသီ ဂိုက်သ်နာ (Timothy Geithner) ကတော့ အစိုးရ ဝန်ထမ်းတွေရဲ့ ပင်စင်ဆုကြေးနဲ့ တခြား အသုံးစရိတ်တွေကို ယာယီ ရပ်ဆိုင်းပြီး ဗဟိုအစိုးရ သုံးစရာ ရှိတာတွေကို လာမယ့် သြဂုတ်လ ၂ ရက်နေ့အထိ ဆက်သုံးသွားနိုင်အောင် ခွဲေ၀ စီစဉ်သွားမယ်လို့ ပြောပါတယ်။

ဗဟိုအစိုးရ လုပ်ငန်းတွေ လည်ပတ်ရေး အကြွးယူနိုင်တဲ့ သတ်မှတ်ချက် ထပ်တိုးမပေးဘူးဆိုရင် အကြီးအကျယ် ဆုံးရှုံးမှုတွေ၊ ဆိုးကျိုးတွေ ရင်ဆိုင်ရလိမ့်မယ်လို့လည်း ဘဏ္ဍာရေးဝန်ကြီး ဂိုက်သ်နာက သတိပေးထားပါတယ်။

XS
SM
MD
LG