သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရ ချေးနိုင်တဲ့ ငွေပမာဏ တိုးမပေးရင် ကမ္ဘာ့စီးပွားရေး ထိခိုက်မှာ ဘဏ္ဍာရေးဝန်ကြီးဌာန စိုးရိမ်


အစိုးရလုပ်ငန်းတွေရပ်ဆိုင်းလိုက်ရပြီးနောက် ပိတ်ပစ်လိုက်ရတဲ့ အများပြည်သူ ကြည့်ရှု့လေ့လာရန် နေရာများထဲက တစ်ခု။
အစိုးရလုပ်ငန်းတွေရပ်ဆိုင်းလိုက်ရပြီးနောက် ပိတ်ပစ်လိုက်ရတဲ့ အများပြည်သူ ကြည့်ရှု့လေ့လာရန် နေရာများထဲက တစ်ခု။
အမေရိကန် ကွန်ကရက်လွှတ်တော် အနေနဲ့ ပြည်ထောင်စုအစိုးရကချေးယူနိုင် တဲ့ ငွေပမာဏ ကန့်သတ်ချက်ကို တိုးပေးဖို့ပျက်ကွက်ခဲ့မယ် ဆိုရင် ကမ္ဘာတဝှမ်း စီးပွားရေး ကပ်ဆိုက်နိုင်တဲ့အထိ အကျိုးသက် ရောက်နိုင်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။ လာမယ့်ရက်တွေ အတွင်း အစိုးရကပေးရန်ရှိတဲ့ တာဝန်တွေမပျက်ကွက်ရအောင် အခုလိုသတိပေး လိုက်တာလို့ ဆိုပါ တယ်။

ပြည်ထောင်စုအစိုးရအသုံးစရိတ်အတွက်ချေးယူနိုင်တဲ့ ဒေါ်လာ ၁၆.၇ ထရီလီယံ ကန့်သတ်ချက် ငွေပမာဏကို ကုန်လုနီးပါးအခြေဆိုက် လာတာနဲ့ အမျှ နိုင်ငံရပ်ခြားကချေးထားတဲ့ အကြွေးတွေ အပါအဝင် ပေးဆပ် ရန်ကြွေးမြီတွေမပေးနိုင်ဘဲ ပြဿနာ တက်နိုင်တယ်လို့ အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ကြာသပတေးနေ့က အစီရင်ခံစာထုတ်ပြန်လိုက်တာပါ။

အကြွေးမဆပ်နိုင်ဘူးဆိုရင်တော့ အရင်ကမကြုံဘူးတဲ့အဖြစ်နဲ့ ရင်ဆိုင်ရရမှာဖြစ်သလို၊ ငွေချေးတဲ့ Credit ဈေးကွက်တွေ ရပ်ဆိုင်းမယ်၊ ဒေါ်လာဈေးထိုးကျမယ်၊ အတိုးနှုံးတွေထိုးတက်မယ်၊ ဒီအကျိုး ဆက်တွေက ကမ္ဘာတဝှမ်းကိုရိုက်ခတ်မယ်၊ ဘဏ္ဍာရေးအကြပ်အတည်းနဲ့ ရင်ဆိုင်ကြရမယ်၊ ၂၀၀၈ ခုနှစ်ကကြုံခဲ့ရတဲ့အဖြစ်မျိုး ပဲ့တင်ရိုက်နိုင်သလို ဒီထက်လည်းပိုဆိုးနိုင်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက သတိပေးထာတာပါ။

ဒီမိုကရက်သမ္မတ အိုဘားမားနဲ့ ကွန်ကရက်လွှတ်တော်က Republican လွှတ်တော်အမတ်တွေကြား အသုံးစရိတ်နဲ့ ပတ်သက်ပြီး ညှိနှိုင်းလို့ မရတာကြောင့် ပြည်ထောင်စုအစိုးရရုံးအတော်များများ လုပ်ငန်း တွေရပ်ဆိုင်းထားရပါတယ်။ အစိုးရကချေးယူနိုင်တဲ့ ငွေပမာဏ ကန့်သတ်ချက် ဟာ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ကုန်သွားနိုင်ဖွယ်ရှိပါတယ်။

လွန်ခဲ့တဲ့ ရာစုနှစ်အတွင်း အစိုးရချေးယူနိုင်တဲ့ ငွေပမာဏကို အကြိမ်တရာထက်မက တိုးမြှင့်သတ်မှတ်ပေးခဲ့ရာမှာ တခါတလေပုံမှန် တိုးပေး နေကြဖြစ်သလို တခါတလေ အချေအတင်ဆွေးနွေးပြီးမှ တိုးပေးတာတွေလည်းရှိခဲ့ပါတယ်။ သမ္မတရဲ့ ပါတီဝင်မဟုတ်တဲ့ လွှတ်တော်အမတ်တွေက အစိုးရက ရန်ပုံငွေတွေကို မဆင်မခြင်သုံးနေတယ်လို့ စွပ်စွဲပြစ်တင်နေကြလေ့ရှိပါတယ်။
XS
SM
MD
LG