{Zawgyi/Unicode}
အေမရိကန္က ေခ်းယူထားတဲ့အေႂကြးေတြကို ေအာက္တိုဘာလ ၁၈ ရက္ေန႔ အမီ ေပးဆပ္ဖို႔ ပ်က္ကြက္ရတဲ့ အေျခအေနဆိုးႀကီးကို ေရွာင္ရွားႏုိင္ေရးအတြက္ ေငြေခ်းယူႏုိင္တဲ့ပမာဏကို တိုးျမွင့္ဖို႔ ဒီမုိကရက္ေတြက ႀကိဳးစားေနတာကို ရီပတ္ ဘလီကန္ေတြက တားဆီးပိတ္ဆို႔ေနတဲ့အေပၚ သမၼတ Joe Biden က တနလၤာေန႔မွာ ျပစ္တင္ေဝဖန္ခဲ့ပါတယ္။
ေငြေခ်းယူႏိုင္တဲ့ပမာဏ ကန္႔သတ္ခ်က္ကို မတိုးဘူးဆိုရင္ ေအာက္တိုဘာလ ၁၈ ရက္ေန႔မွာ အေမရိကန္အစိုးရ ေငြျပတ္ၿပီး ေပးစရာရွိတာေတြ မေပးႏုိင္တဲ့အေျခအေန ေရာက္သြားမွာပါ။
"တိုင္းျပည္ကိုကယ္တင္ဖုိ႔ မကူညီခ်င္ဘူးဆိုရင္ ဖ်က္ဆီးတာမ်ဳိးမျဖစ္ရေအာင္ လမ္းပိတ္မထားပါနဲ႔" (Joe Biden ၊ အေမရိကန္သမၼတ)
ေခ်းေငြျပန္မဆပ္ႏုိင္တဲ့ အေျခအေနနဲ႔ ပထမဆံုးအႀကိမ္အျဖစ္ မႀကံဳရဘူးလို႔ သူ အာမ မခံႏုိင္တဲ့အေၾကာင္း သမၼတဘိုင္ဒန္က ေျပာပါတယ္။ ေခ်းေငြပမာဏ လက္ရွိ ကန္႔သတ္ခ်က္ ေဒၚလာ ၂၈.၄ ထရီလီယံကို တိုးျမွင့္ေရး ရီပတ္ဘလီကန္ေတြက တားဆီးမယ့္ ၿခိမ္းေျခာက္မႈမရွိဘဲ အထက္လႊတ္ေတာ္ ဒီမုိကရက္ေတြ သူတုိ႔ ဖာသာသူတို႔ လုပ္ေဆာင္ခြင့္ေပးဖို႔က အထက္လႊတ္ေတာ္ ရီပတ္ဘလီကန္ေခါင္းေဆာင္ Mitch McConnell ေပၚမွွာပဲ မူတည္ေနတယ္လို႔ သမၼတဘိုင္ဒန္က ေျပာပါတယ္။
သမၼတဘိုင္ဒန္က "တိုင္းျပည္ကိုကယ္တင္ဖုိ႔ မကူညီခ်င္ဘူးဆိုရင္ ဖ်က္ဆီးတာမ်ဳိးမျဖစ္ရေအာင္ လမ္းပိတ္မထားပါနဲ႔" လို႔ တနလၤာေန႔ အိမ္ျဖဴေတာ္မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ရီပတ္ဘလီကန္ေတြကို ေျပာခဲ့ပါတယ္။
သတ္မွတ္ရက္မွာ အေႂကြးျပန္မဆပ္ႏုိင္ဘူးဆုိရင္ အေမရိကန္ စေတာ့ေစ်းကြက္နဲ႔ ကမာၻ႔စီးပြားေရးတို႔ေပၚ ဆိုးရြားတဲ့သက္ေရာက္မႈေတြ ျဖစ္လာ႐ံုသာမက ပင္စင္စား သက္ႀကီးရြယ္အို အေမရိကန္ေတြကိုေပးရမယ့္ ပင္စင္လစာေတြ ေနာက္က်တာမ်ဳိး၊ အစိုးရလုပ္ငန္းေတြ ကန္ထ႐ိုက္ယူလုပ္ေနသူေတြကို ေပးရမယ့္အခေၾကးေငြေတြ အခ်ိန္မီ မေပးႏုိင္တာမ်ဳိးေတြ ၾကံဳလာရမွာျဖစ္ပါတယ္။
========
{Unicode}
အစိုးရချေးငွေပမာဏ သတ်မှတ်မှုတိုးမြှင့်ရေး အကြပ်အတည်း သမ္မတ Joe Biden ဝေဖန်
အမေရိကန်က ချေးယူထားတဲ့အကြွေးတွေကို အောက်တိုဘာလ ၁၈ ရက်နေ့ အမီ ပေးဆပ်ဖို့ ပျက်ကွက်ရတဲ့ အခြေအနေဆိုးကြီးကို ရှောင်ရှားနိုင်ရေးအတွက် ငွေချေးယူနိုင်တဲ့ပမာဏကို တိုးမြှင့်ဖို့ ဒီမိုကရက်တွေက ကြိုးစားနေတာကို ရီပတ် ဘလီကန်တွေက တားဆီးပိတ်ဆို့နေတဲ့အပေါ် သမ္မတ Joe Biden က တနင်္လာနေ့မှာ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
"တိုင်းပြည်ကိုကယ်တင်ဖို့ မကူညီချင်ဘူးဆိုရင် ဖျက်ဆီးတာမျိုးမဖြစ်ရအောင် လမ်းပိတ်မထားပါနဲ့" (Joe Biden ၊ အမေရိကန်သမ္မတ)
ငွေချေးယူနိုင်တဲ့ပမာဏ ကန့်သတ်ချက်ကို မတိုးဘူးဆိုရင် အောက်တိုဘာလ ၁၈ ရက်နေ့မှာ အမေရိကန်အစိုးရ ငွေပြတ်ပြီး ပေးစရာရှိတာတွေ မပေးနိုင်တဲ့အခြေအနေ ရောက်သွားမှာပါ။
ချေးငွေပြန်မဆပ်နိုင်တဲ့ အခြေအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် မကြုံရဘူးလို့ သူ အာမ မခံနိုင်တဲ့အကြောင်း သမ္မတဘိုင်ဒန်က ပြောပါတယ်။ ချေးငွေပမာဏ လက်ရှိ ကန့်သတ်ချက် ဒေါ်လာ ၂၈.၄ ထရီလီယံကို တိုးမြှင့်ရေး ရီပတ်ဘလီကန်တွေက တားဆီးမယ့် ခြိမ်းခြောက်မှုမရှိဘဲ အထက်လွှတ်တော် ဒီမိုကရက်တွေ သူတို့ ဖာသာသူတို့ လုပ်ဆောင်ခွင့်ပေးဖို့က အထက်လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင် Mitch McConnell ပေါ်မှာပဲ မူတည်နေတယ်လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။
သမ္မတဘိုင်ဒန်က "တိုင်းပြည်ကိုကယ်တင်ဖို့ မကူညီချင်ဘူးဆိုရင် ဖျက်ဆီးတာမျိုးမဖြစ်ရအောင် လမ်းပိတ်မထားပါနဲ့" လို့ တနင်္လာနေ့ အိမ်ဖြူတော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ရီပတ်ဘလီကန်တွေကို ပြောခဲ့ပါတယ်။
သတ်မှတ်ရက်မှာ အကြွေးပြန်မဆပ်နိုင်ဘူးဆိုရင် အမေရိကန် စတော့ဈေးကွက်နဲ့ ကမ္ဘာ့စီးပွားရေးတို့ပေါ် ဆိုးရွားတဲ့သက်ရောက်မှုတွေ ဖြစ်လာရုံသာမက ပင်စင်စား သက်ကြီးရွယ်အို အမေရိကန်တွေကိုပေးရမယ့် ပင်စင်လစာတွေ နောက်ကျတာမျိုး၊ အစိုးရလုပ်ငန်းတွေ ကန်ထရိုက်ယူလုပ်နေသူတွေကို ပေးရမယ့်အခကြေးငွေတွေ အချိန်မီ မပေးနိုင်တာမျိုးတွေ ကြုံလာရမှာဖြစ်ပါတယ်။
#USPolitics #USDebtLimitImpasse #VOABurmese