သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတနဲ့လွှတ်တော်ခေါင်းဆောင်တွေ အိမ်ဖြူတော်မှာတွေ့ဆုံဆွေးနွေး 

အစိုးရယူနိုင်တဲ့အကြွေးပမာဏတိုးပေးရေး ဆွေးနွေးပွဲမတိုင်ခင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ အထက်လွှတ်တော်လူနည်းစုခေါင်းဆောင် မစ်ချ် မက်ကောနယ်လ်၊ အောက်လွှတ်တော်ဥက္ကဋ္ဌ ကေဗင်မက်ကာသီနဲ့ အထက်လွှတ်တော် လူများစုခေါင်းဆောင် ချပ်က် ရှူးမားတို့နဲ့အတူစကားစမြ်ည်၊ (မေ ၉၊ ၂၀၂၃)

အမေရိကန်သမ္မတဘိုင်ဒန်နဲ့ လွှတ်တော်ခေါင်းဆောင်တွေဟာ အင်္ဂါနေ့ကတွေ့ဆုံကြပြီး အမေရိကန်အစိုးရယူနိုင်တဲ့အကြွေး ကန့်သတ်ချက်ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy၊ အောက်လွှတ်တော် ဒီမိုကရက်အမတ်များ ခေါင်းဆောင် Hakeem Jeffries၊ အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင် Chuck Schumer နဲ့ အထက်လွှတ်တော် အမတ်အနည်းစုခေါင်းဆောင် Mitch McConnell တို့ကို အိမ်ဖြူတော်မှာ သမ္မတဘိုင်ဒန်က ကြိုဆိုခဲ့ပါတယ်။

ဇွန်လ ၁ ရက်နေ့ နောက်ဆုံးထား ပေးရမယ့်အကြွေးတွေကို မပေးနိုင်မယ့်အခြေအနေ နဲ့ အစိုးရကရင်ဆိုင်နေရတာကြောင့် စီးပွါးရေး ကသောင်းကနင်းဖြစ်ကောင်းဖြစ်နိုင်တဲ့ အန္တရာယ်နဲ့ အမေရိကန်က ရင်ဆိုင်နေရပါတယ်။ အစိုးရကို အကြွေးကန့်သတ်ချက် ပိုခွင့်ပြုပြီး အပြန်အလှန်အားဖြင့် အစိုးရကလည်း ဖက်ဒရယ်အသုံးစရိတ်ကို ဖြတ်တောက်ပေးဖို့ အပေးအယူလုပ်မယ့်ရည်ရွယ်ချက်နဲ့ ရီပါဘလီကန် လွှတ်တော်ခေါင်းဆောင်တွေက အိမ်ဖြူတော်ကို ရောက်လာကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ သမ္မတဘိုင်ဒန်ကတော့ အကြွေးကန့်သတ်ချက်ကိစ္စ အရင်ရှင်းပြီးမှ အသုံးစရိတ် ဖြတ်တောက်တာကို ဆွေးနွေးလိုပါတယ်။ ဒီနေ့ဆွေးနွေးပွဲမှာတော့ တိတိကျကျ အဖြေမထွက်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG