ကန္အစိုးရအသံုးစရိတ္ ဥပေဒၾကမ္း ကြန္ဂရက္လႊတ္ေတာ္ အတည္ျပဳ
{{Zawgyi/Unicode}}
အေမရိကန္အစိုးရ လုပ္ငန္းေတြ ဒီဇင္ဘာလ ၃ ရက္ေန႔အထိ ဆက္လက္လည္ပတ္ႏိုင္ေအာင္ အထက္နဲ႔ ေအာက္လႊတ္ေတာ္ ၂ ရပ္စလံုးက ၾကာသပေတးေန႔မွာ ယာယီအသံုးစားရိတ္ကို မဲခြဲ အတည္ျပဳေပးခဲ့ၾကပါတယ္။ အခုလို အတည္ျပဳခ်က္ မရခဲ့ရင္ ၾကာသပေတးေန႔ ည သန္းေကာင္ယံ အခ်ိန္မွာ အစိုးရယႏၲရား တစိတ္တပိုင္း ရပ္နားထားရမွာ ျဖစ္ပါတယ္။
အထက္လႊတ္ေတာ္က ေထာက္ခံမဲ ၆၅ မဲ ကန္႔ကြက္မဲ ၃၅ မဲနဲ႔ အတည္ျပဳေပးခဲ့သလို ေအာက္လႊတ္ေတာ္က ေထာက္ခံမဲ ၂၅၄ မဲ ကန္႔ကြက္မဲ ၁၇၅ မဲနဲ႔ အတည္ျပဳေပးခဲ့တာ ေၾကာင့္ ဒါကို သမၼတဂ်ိဳးဘိုင္ဒန္ လက္မွတ္ေရးထိုး အတည္ျပဳဖို႔ သမၼတအိမ္ျဖဴကို ေပးပို႔လိုက္ၿပီျဖစ္ပါတယ္။
အခုလို အတည္ျပဳခ်က္ရခဲ့တာေၾကာင့္ လက္ရွိ အစိုးရဌာနေတြအတြက္ သတ္မွတ္ထားတဲ့ ရံပံုေငြေတြ ဆက္လက္ရရွိမွာ ျဖစ္ပါတယ္။ ဒီအထဲမွာ ဟာရီကိန္းမုန္တိ္ုင္းနဲ႔ ေတာမီးအႀကီးအက်ယ္ေလာင္ကၽြမ္းမႈေတြေၾကာင့္ ပ်က္စီးဆံုးရံုးခဲ့ရတဲ့ ျပည္နယ္ေတြ အတြက္ ေဒၚလာ ၂၈.၆ ဘီလီယံခ်ထားေပးမွာ ျဖစ္သလို အေမရိကန္ႏိုင္ငံကို ေရႊ႕ေျပာင္းအေျခခ်တဲ့ အာဖဂန္ဒုကၡသည္ေတြ အတြက္ ေဒၚလာ ၆.၃ ဘီလီယံေပးေဝ တာလည္း ပါဝင္မွာပါ။
ၾကာသပေတးေန႔မွာပဲ ေအာက္လႊတ္ေတာ္မွာ ေဒၚလာ ၁ ထရီလီယံတန္ အေျခခံအေဆာက္အအံု စီမံကိန္းအတြက္ မဲခြဲဖိို႔ရွိပါတယ္။ ဒီစီမံကိန္းဟာ အေမရိကန္ႏိုင္ငံတြင္းက လမ္းအိုလမ္းေဟာင္းေတြ တံတားေတြျပဳျပင္ဖို႔နဲ႔ ႏိုင္ငံတလႊား အင္တာနက္ ဝန္ေဆာင္မႈ လုပ္ငန္းတိုးခ်ဲ႕ဖို႔ ေတြ ပါဝင္ပါတယ္။
ဒီမိုကရက္တစ္ပါတီဝင္ တခ်ိဳ႕က ဒီစီမံကိန္းအတြက္ ကန္႔ကြက္ႏိုင္ေျခရွိေနေပမယ့္ ဒီမိုကရက္တစ္ပါတီဝင္ ေအာက္လႊတ္ေတာ္ ဥကၠဌ Nancy Pelosi ကေတာ့ ဒါကို အတည္ျပဳႏိုင္မွာ ျဖစ္ေၾကာင္း ၾကာသပေတးေန႔ မနက္ပိုင္းမွာပဲ သတင္းေထာက္ေတြကို ေျပာၾကားခဲ့တာပါ။
........................................
ကန်အစိုးရအသုံးစရိတ် ဥပဒေကြမ်း ကွန်ဂရက်လွှတ်တော် အတည်ပြု
{{Unicode}}
အမေရိကန်အစိုးရ လုပ်ငန်းတွေ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ဆက်လက်လည်ပတ်နိုင်အောင် အထက်နဲ့ အောက်လွှတ်တော် ၂ ရပ်စလုံးက ကြာသပတေးနေ့မှာ ယာယီအသုံးစားရိတ်ကို မဲခွဲ အတည်ပြုပေးခဲ့ကြပါတယ်။ အခုလို အတည်ပြုချက် မရခဲ့ရင် ကြာသပတေးနေ့ ည သန်းကောင်ယံ အချိန်မှာ အစိုးရယန္တရား တစိတ်တပိုင်း ရပ်နားထားရမှာ ဖြစ်ပါတယ်။
အထက်လွှတ်တော်က ထောက်ခံမဲ ၆၅ မဲ ကန့်ကွက်မဲ ၃၅ မဲနဲ့ အတည်ပြုပေးခဲ့သလို အောက်လွှတ်တော်က ထောက်ခံမဲ ၂၅၄ မဲ ကန့်ကွက်မဲ ၁၇၅ မဲနဲ့ အတည်ပြုပေးခဲ့တာ ကြောင့် ဒါကို သမ္မတဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုး အတည်ပြုဖို့ သမ္မတအိမ်ဖြူကို ပေးပို့လိုက်ပြီဖြစ်ပါတယ်။
အခုလို အတည်ပြုချက်ရခဲ့တာကြောင့် လက်ရှိ အစိုးရဌာနတွေအတွက် သတ်မှတ်ထားတဲ့ ရံပုံငွေတွေ ဆက်လက်ရရှိမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ ဟာရီကိန်းမုန်တိုင်းနဲ့ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုတွေကြောင့် ပျက်စီးဆုံးရုံးခဲ့ရတဲ့ ပြည်နယ်တွေ အတွက် ဒေါ်လာ ၂၈.၆ ဘီလီယံချထားပေးမှာ ဖြစ်သလို အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းအခြေချတဲ့ အာဖဂန်ဒုက္ခသည်တွေ အတွက် ဒေါ်လာ ၆.၃ ဘီလီယံပေးဝေ တာလည်း ပါဝင်မှာပါ။
ကြာသပတေးနေ့မှာပဲ အောက်လွှတ်တော်မှာ ဒေါ်လာ ၁ ထရီလီယံတန် အခြေခံအဆောက်အအုံ စီမံကိန်းအတွက် မဲခွဲဖို့ရှိပါတယ်။ ဒီစီမံကိန်းဟာ အမေရိကန်နိုင်ငံတွင်းက လမ်းအိုလမ်းဟောင်းတွေ တံတားတွေပြုပြင်ဖို့နဲ့ နိုင်ငံတလွှား အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းတိုးချဲ့ဖို့ တွေ ပါဝင်ပါတယ်။
ဒီမိုကရက်တစ်ပါတီဝင် တချို့က ဒီစီမံကိန်းအတွက် ကန့်ကွက်နိုင်ခြေရှိနေပေမယ့် ဒီမိုကရက်တစ်ပါတီဝင် အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi ကတော့ ဒါကို အတည်ပြုနိုင်မှာ ဖြစ်ကြောင်း ကြာသပတေးနေ့ မနက်ပိုင်းမှာပဲ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။