သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသမ္မတနဲ့တွေ့ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ထွက်ခွာသွားကြောင်း သတင်းထွက် 


ယခင်မှတ်တမ်းရုပ်ပုံ | ရုရှားသမ္မတ ဗလာဒီမီယာပူတင် (ယာ)နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ ရုရှားနိုင်ငံ Vladivostok မြို့က အစည်းအဝေးအတွင်း လက်ဆွဲနှုတ်ဆက်နေကြစဉ် (ဧပြီ ၂၅၊ ၂၀၁၉)
ယခင်မှတ်တမ်းရုပ်ပုံ | ရုရှားသမ္မတ ဗလာဒီမီယာပူတင် (ယာ)နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ ရုရှားနိုင်ငံ Vladivostok မြို့က အစည်းအဝေးအတွင်း လက်ဆွဲနှုတ်ဆက်နေကြစဉ် (ဧပြီ ၂၅၊ ၂၀၁၉)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း (Kim Jong Un) ဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) နဲ့တွေ့ဖို့ ထွက်ခွာသွားပုံရတယ်လို့ တောင်ကိုရီးယား မီဒီယာတွေက ဒီကနေ့ပဲ ဖော်ပြလိုက်ကြပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် လိုက်ပါလာတယ်လို့ ခန့်မှန်းရတဲ့ အထူးရထားဟာ ပြုံယမ်းမြို့တော်ကနေ ထွက်ခွာသွားခဲ့ပြီး အစောဆုံး မနက်ဖြန် အင်္ဂါနေ့မှာ ရုရှားသမ္မတနဲ့ တွေ့နိုင်ခြေရှိတယ်လို့လည်း အစိုးရတာဝန်ရှိသူ တချို့ကို ကိုးကားပြီး ဖော်ပြခဲ့ကြတာပါ။

အမေရိကန်အစိုးရ တာဝန်ရှိသူတွေကတော့ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ ရုရှားသမ္မတတို့ ဒီလထဲ တွေ့နိုင်ခြေရှိတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပြောထားပါတယ်။ ယူကရိန်းအပေါ် ကျုးကျော်စစ်မှာ ရုရှားတပ်ဖွဲ့တွေအတွက် လိုအပ်နေတဲ့ စစ်လက်နက်တွေ မြောက်ကိုရီးယားက ပေးပို့မှာကို စိုးရိမ်ကြောင်းလည်း အမေရိကန် သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောခွင့်ရပုဂ္ဂိုလ် John Kirby ကပြောဆိုထားပါတယ်။

XS
SM
MD
LG