သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအသိမ်းပိုက်ခံ ယူကရိန်းနယ်မြေတွင်း ကျင်းပမယ့် ရုရှားရွေးကောက်ပွဲ ကုလရှုတ်ချ


RUSSIA-POLITICS-VOTE (Photo by Olga MALTSEVA / AFP)
RUSSIA-POLITICS-VOTE (Photo by Olga MALTSEVA / AFP)

ရုရှားတပ်တွေ စစ်ရေး ထိန်းချုပ်ထားတဲ့ ယူကရိန်းနယ်မြေတွေမှာ ရုရှားဘက်က “ရွေးကောက်ပွဲ” ကျင်းပမယ့်အပေါ် ကုလသမဂ္ဂက စိုးရိမ်ကြောင်းနဲ့ တင်းမာမှုတွေ ပိုမိုမြင့်တက်လာနိုင်တဲ့ ဘယ် လုပ်ရပ်မျိုးကိုမဆို ရှုတ်ချကြောင်း သောကြာနေ့မှာ ပြောပါတယ်။

“ယူကရိန်းက ရုရှား သိမ်းပိုက်ထားတဲ့ ဒေသတွေမှာ ဒီရွေးကောက်ပွဲလို့ ခေါ်တဲ့ ဖြစ်စဥ်မျိုး ရုရှားဘက်ကလုပ်ဖို့ တရားဝင်အကြောင်းပြချက် မရှိဘူး”လို့ ကုလ−လက်ထောက်အတွင်းရေးမှူးချုပ် Miroslav Jenča (မီယိုဆလ်ဗ် ယန့်ခ်)က လုံခြုံရေးကောင်စီမှာ ပြောပါတယ်။ “နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအောက်မှာ ရုရှားဟာ သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ လုံးဝ တားမြစ်မထားဘူးဆိုရင် ယူကရိန်းရဲ့ ဥပဒေတွေကို လေးစားလိုက်နာဖို့ တာဝန်ရှိကြောင်းကိုလည်း ထပ်မံ တောင်းဆိုကြောင်း” ပြောပါတယ်။

မနှစ်က ရုရှား သိမ်းထားတဲ့ ဒွန်းညက်စ်(Donetsk)၊ ခါဆွန်(Kherson)၊ လူဟန့်ခ်စ် (Luhansk) နဲ့ ဇာပိုရီးရှား (Zaporizhzhia) ဒေသတွေမှာ ရုရှားဘက်က ဖန်တီးလိုက်တဲ့ ပါလီမန်လွှတ်တော်တွေနဲ့ မြူနီစပယ် အုပ်ချုပ်ရေးအတွက် စက်တင်ဘာ ၈ ရက်ကနေ ၁၀ ရက်အထိ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ရုရှားက ကြေညာထားတာပါ။

ယူကရိန်းဘက်ကတော့ အတုအယောင် ရွေးကောက်ပွဲရလဒ်ကို ဘယ်တော့မှ အသိအမှတ်မပြုဘူးလို့ ပြောပြီး ရုရှားအပေါ် ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်။

ရုရှားဘက်က ဒီနယ်မြေတွေကို ရုရှားပိုင်အဖြစ် သိမ်းပိုက်တာကို နိုင်ငံတကာ အသိုက်အဝန်းကလည်း အသိအမှတ်မပြုဘဲ မနှစ် အောက်တိုဘာလတုန်းက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်မဲ ၁၄၃ မဲ၊ ထောက်ခံမဲ ၅ မဲနဲ့ တခဲနက် ဆန့်ကျင်ခဲ့ကြတာပါ။အခု ရွေးကောက်ပွဲ လုပ်ငန်းစဉ်သစ်တွေကို ရုရှားဘက်က တရားမဝင် ကြိုးပမ်းတာက ငြိမ်းချမ်းရေး အလားအလာကို ပိုမို ထိခိုက်စေကြောင်းလည်း ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်က သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG