သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအတွင်းပိုင်းလေတပ်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းမီဒီယာဖော်ပြ


ရုရှားအနောက်မြောက်ပိုင်း နိုဂိုရော့ဒေသက Soltsy စစ်အခြေစိုက်စခန်းက ရုရှားစစ်လေယာဥ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး မီးလောင်ကျွမ်းနေပုံ (သြဂုတ် ၂၀၊ ၂၀၂၃)
ရုရှားအနောက်မြောက်ပိုင်း နိုဂိုရော့ဒေသက Soltsy စစ်အခြေစိုက်စခန်းက ရုရှားစစ်လေယာဥ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး မီးလောင်ကျွမ်းနေပုံ (သြဂုတ် ၂၀၊ ၂၀၂၃)

ယူကရိန်းစစ်ထောက်လှမ်းရေးနဲ့ ပေါင်းစပ်ညှိုနှိုင်းပြီး၊ ယူကရိန်းတိုက်ခိုက်ရေးသမားတွေက ရုရှားနိုင်ငံရဲ့အတွင်းပိုင်း လေတပ်စခန်းတွေမှ ရပ်ထားတဲ့ ဗုံးကြဲလေယာဥ်တွေကို မကြာခင်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းမီဒီယာတွေ က အင်္ဂါနေ့က ပြောလိုက်ပါတယ်။ စနေနေ့နဲ့ တနင်္လာနေ့တုန်းကတိုက်ခိုက်ခဲ့ရာမှာ ဗုံးကြဲလေယာဥ် ၂ စင်းနဲ့ တခြားလေယာဥ် ၂ စင်းတို့ ပျက်စီးခဲ့တယ်လို့ ယူကရိန်းစကာ ပရာဗားဒါး (Ukrainska Pravda) အွန်လိုင်းသတင်းစာက ဆိုပါတယ်။ ဒီသတင်းစာအပြင် ယူကရိန်း NV သတင်းကလည်း ခု တိုက်ခိုက်မှုရဲ့ နောက်မှာ ယူကရိန်း‌တွေရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မြေပြင်မှာ ဒီ သတင်း ဟုတ်မဟုတ်အတည်ပြုဖို့ကတော့ ခက်နေတုန်းပါပဲလို့ အေပီသတင်းက ဆိုပါတယ်။

စနေနေ့တိုက်ခိုက်မှုက ရုရှားအနောက်မြောက်ပိုင်း နော့ဗ်ဂိုရော့ဒ် Novgorod ဒေသမှာရှိတဲ့ ဆောလ်ဆီ Soltsy လေတပ်စခန်းမှာ အတိုက်ခံခဲ့ရတာပါ။ ယူကရိန်းမြောက်ဘက် နယ်စပ်နဲ့ဆို မိုင် ၃၆၀ ဝေးပါတယ်။ တနင်္လာနေ့ တိုက်ခိုက်မှုကတော့ ရုရှားရဲ့ အနောက်တောင်ပိုင်း ကာလုဂ (Kaluga) ဒေသရှိ ရှိုင်ကော့ဗ်ကာ (Shaikovka) လေတပ်စခန်းမှာဖြစ်ခဲ့ပြီး ယူကရိန်းရဲ့ အရှေ့မြောက် နယ်စပ်ကနေ မိုင် ၁၈၀ ဝေးပါတယ်။ Soltsy လေတပ်စခန်းမှာ လေယာဥ်တစီး အတိုက်ခံ ပျက်စီးခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အသိအမှတ်ပြုပေမဲ့ ရှိုင်ကော့ဗ်ကာ Shaikovka အတိုက်ခံရတာကိုတော့ ဘာမှ မပြောပါဘူး။

ရုရှားမီဒီယာတွေကတော့ အဲဒီ ၂ နေရာ အတိုက်ခံရတာကို ဖော်ပြခဲ့ကြပါတယ်။ ယူကရိန်းဟာ ဒီနှစ်အစောပိုင်းကတည်းက ရုရှားအတွင်းပိုင်းက စစ်တပ်နေရာတွေ နဲ့ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး အင်္ဂါနေ့အစောပိုင်းမှာလည်း မော်စကိုမှာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG