သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားပစ်လွှတ်တဲ့ ဒရုန်းအများအပြား ယူကရိန်းပစ်ချ


Russia Ukraine Killer Drones
Russia Ukraine Killer Drones

ယူကရိန်းနိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အနောက်ဘက်ပိုင်းကို ဦးတည်ပြီး ရုရှားက မောင်းသူမဲ့ယာဉ်တွေကနေ ဒရုန်းယာဉ် ၁၇ ခုနဲ့ မနေ့ညက ပစ်ခတ်တိုက်ခိုက်တယ်လို့ ယူကရိန်းလေတပ်က ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ ပြောပါတယ်။

ရုရှားတို့ ပစ်လိုက်တဲ့ အဲဒီ အီရန်လုပ် Shahed ဒရုန်းယာဉ် ၁၇ ခုထဲက ၁၅ ခုကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။ ပစ်မချလိုက်နိုင်တဲ့ ဒရုန်း ၂ ခု ဘာဖြစ်သွားသလဲဆိုတာတွေ ကွဲကွဲပြားပြား မသိရသေးပါဘူး။

ဒီအတောအတွင်း ဒိန်းမတ်နဲ့ နယ်သာလန်တို့က အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ ယူကရိန်းကို ပေးမယ်လို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ယူကရိန်းက ကြိုဆိုလိုက်ပါတယ်။ သောကြာနေ့က ထုတ်ပြန်တဲ့ ဒီသတင်းဟာ သူတို့ရဲ့ အမေရိကန်မိတ်ဆွေတွေထံက သတင်းကောင်းတခု ဖြစ်တယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး Oleksii Reznikov က ပြောပါတယ်။

တိုက်လေယာဉ်တွေ ယူကရိန်းကို ဘယ်တော့ရောက်လာမယ်ဆိုတာ မသိရသေးသလို ရောက်မလာခင်မှာ ယူကရိန်း လေယာဉ်မှူးတွေအနေနဲ့ F-16 နဲ့ပတ်သက်တဲ့ အသေးစိတ် သင်တန်းတွေ တက်ရဦးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီ တိုက်လေယာဉ်တွေ ယူကရိန်းကို ရောက်လာပြီးရင်တောင် လက်ရှိ ရုရှားနဲ့ဖြစ်နေတဲ့စစ်ပွဲကို ရုတ်တရက် ပြောင်းလဲမှု ဖြစ်စေမှာ မဟုတ်ဘူးလို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

XS
SM
MD
LG