သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရှေ့ပိုင်းတိုက်ပွဲ ကန်ကာကွယ်ရေးဝန်ကြီး မစိုးရိမ်

Bakhmut မြို့အနီးတနေရာကနေ ရုရှားတပ်တွေဆီ ၁၀၅ မမ ဟောက်ဝတ်ဇာအမြောက်နဲ့ ပစ်ခတ်နေတဲ့ ယူကရိန်းစစ်သားများ
Bakhmut မြို့အနီးတနေရာကနေ ရုရှားတပ်တွေဆီ ၁၀၅ မမ ဟောက်ဝတ်ဇာအမြောက်နဲ့ ပစ်ခတ်နေတဲ့ ယူကရိန်းစစ်သားများ

ယူကရိန်းနိုင်ငံ ကျူးကျော်စစ်ပွဲမှာ ရုရှားတပ်တွေ ယူကရိန်းအရှေ့ပိုင်း Bakhmut မြို့ကို သိမ်းပိုက်နိုင်ရင်တောင် စစ်ပွဲအတွင်း ပြတ်ပြတ်သားသား အပြောင်းအလဲဖြစ်နိုင်မှာမဟုတ်ဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က တနင်္လာနေ့မှာ ပြောပါတယ်။ တချိန်ထဲမှာပဲ ဒီကနေ့ ရုရှားက အီရန်လုပ်ဒရုန်းတွေနဲ့ ထပ်ပြီးတိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းကပြောပါတယ်။ ဒရုန်း ၁၅ စင်းအနက် ၁၃ စင်းကို ယူကရိန်းတပ်တွေ ပစ်ချခဲ့တဲ့ အကြောင်းလည်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက တွစ်တာစာမျက်နှာမှာရေးသားထားပါတယ်။

Bakhmut မြို့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ရုရှားရဲ့ ပြောဆိုမှုမှာတော့ ရုရှားတပ်ဖွဲ့တွေ အနေနဲ့ ရုရှားအစိုးရက ဖေဖော်ဝါရီလတုန်းက ပေးထားတဲ့ ကတိအတိုင်း လက်နက် ခဲယမ်းမီးကျောက်တွေ မရရှိခဲ့ရင် Bakhmut မြို့အနီး ရှေ့တန်းတိုက်ပွဲတွေမှာ ရှုံးနိမ့်နိုင်တယ်လို ရုရှားကြေးစားတပ်ဖွဲ့ရဲ့ အကြီးအကဲ Yevgeny Prigozhin က ပြောပါတယ်။ အခုလိုဘာကြောင့်ဖြစ်ရသလဲ၊ သာမန် ဗျူရိုကရေစီယန္တယားကြောင့်လား ဒါမှမဟုတ် သစ္စာဖောက်မှုလား ဆိုပြီး လက်နက်ခဲယမ်းမီးကျောက်တွေ ပေးပို့ဖို့ ပျက်ကွက်တာကို ရည်ညွှန်းပြီး သူက Telegram Channel ကို တနင်္ဂနွေနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ကြေးစားတပ်ဖွဲ့ အကြီးအကဲ Yevgeny Prigozhin ဟာ ရုရှား ကာကွယ်ရေး ဦးစီးချုပ်တွေ နဲ့ ထိပ်တန်း ဗိုလ်ချုပ်တွေကို ပုံမှန်ဝေဖန်လေ့ ရှိပါတယ်။ ယူကရိန်းစစ်ဖက် အရာရှိတွေနဲ့ လေ့လာသူတွေရဲ့ အစီရင်ခံချက်အရလည်း Bakhmut မြို့ တောင်ဖက် Vuhledar မြို့နားက ရုရှား တပ်မဟာ အမှတ် 155 က အရာရှိတွေကလည်း သူတို့တပ်ဖွဲ့ဝင်တွေ အကျအဆုံးများပြားနေတဲ့အတွက် ဆက်လက်တိုက်ခိုက်ဖို့အတွက် ငြင်းဆန်တယ်လို့ ဖော်ပြထားပါတယ်။

ယူကရိန်းအရှေ့ပိုင်းတိုက်ပွဲ ကန်ကာကွယ်ရေးဝန်ကြီး မစိုးရိမ်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG