သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတ ဘိုင္ဒန္ ဂ်ာမဏီဝန္ႀကီးခ်ဳပ္နဲ႔ အိမ္ျဖဴေတာ္မွာ ေတြ႕ဆုံ


Biden meets German Chancellor Scholz at the White House in Washington

=== [[ ZAWGYI ]] ===

သမၼတ ဘိုင္ဒန္ ဂ်ာမဏီဝန္ႀကီးခ်ဳပ္နဲ႔ အိမ္ျဖဴေတာ္မွာ ေတြ႕ဆုံ

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ ေသာၾကာေန႔မွာ ဂ်ာမဏီဝန္ႀကီးခ်ဳပ္ Olaf Scholz နဲ႔ သမၼတအိမ္ျဖဴမွာ ေတြ႕ဆုံခဲ့ၿပီး ယူကရိန္းအေရး ဆက္လက္ၿပီး လက္တြဲေဆာင္႐ြက္သြားမွာ ျဖစ္ေၾကာင္း ကတိျပဳခဲ့ပါတယ္။

" ယူကရိန္းက လိုအပ္တာ အားလုံး လက္နက္ ခဲယမ္းမီးေက်ာက္ေတြ၊ တင့္ကားေတြ ေလေၾကာင္းကာကြယ္ေရး စနစ္ေတြကစၿပီး ယူကရိန္းအတြက္ အေရးပါတဲ့ လုံၿခဳံေရးဆိုင္ရာ အကူအညီေတြအားလုံးကို ၂ ႏိုင္ငံ အတူတကြ ပံ့ပိုးေပးေနပါတယ္။ ဂ်ာမဏီ အေနနဲ႔လည္း ယူကရိန္းရဲ႕ အေျခခံလိုအပ္ခ်က္ေတြျဖစ္တဲ့ စားနပ္ရိကၡာ၊ က်န္းမာေရး၊ လွ်ပ္စစ္အပူဓါတ္ ရရွိေရး ေတြကိုပါ ဆက္လက္ ပံ့ပိုးေပးရင္း သူတို႔ရဲ႕ ခုခံစစ္ အရွိန္မပ်က္ေစပဲ ႐ုရွားသမၼတကို ဖိအား ဆက္ေပးေနႏိုင္တာ ေတြ႕ရပါတယ္။ ဒီအေနထားကေန NATO မဟာမိတ္အေတြျဖစ္တဲ့ က်ေနာ္တို႔ရဲ႕မိတ္ေဆြ ျဖစ္မႈ၊ စြမ္းေဆာင္ႏိုင္မႈေတြ ပိုခိုင္မာ အားေကာင္းလာတာပါ " လို႔ အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္က ေျပာပါတယ္။

ဂ်ာမဏီဝန္ႀကီးခ်ဳပ္ Scholz ကလည္း အေနာက္ မဟာမိတ္ႏိုင္ငံေတြ အေနနဲ႔ ယူကရိန္းစစ္ပြဲ ဘယ္ေလာက္ပဲ ၾကာပါေစ ဆက္လက္ ပံ့ပိုးသြားမွာျဖစ္ေၾကာင္းနဲ႔ ယူကရိန္းကို ႐ုရွား ဝင္က်ဴးေက်ာ္တာေၾကာင့္ ၿငိမ္းခ်မ္းမႈဆိုင္ရာ အႏၲရာယ္ႀကီးတဲ့ ႏွစ္ျဖစ္တဲ့အတြက္ ဒီႏွစ္ဟာ သိပ္အေရးႀကီးေၾကာင္းလည္း သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ ေတြ႕ဆုံခ်ိန္မွာ ေျပာၾကားခဲ့တာပါ။

ယူကရိန္း စစ္ပြဲအေနထားဟာ ပိုမိုခက္ခဲတဲ့ အဆင့္ကို ေရာက္လာေနခ်ိန္မွာပဲ ယူကရိန္းအတြက္ ေဒၚလာဘီလီယံခ်ီ ေပးေနတဲ့ အကူညီေတြ ေနာက္ကြယ္က ႏိုင္ငံေရးဆိုင္ရာ အေျခေနေတြအတြက္ အေျဖရွာဖို႔ ၂ ႏိုင္ငံ ေခါင္းေဆာင္ ၂ ဦးေတြ႕ဆုံ ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။ အခုေတြ႕ဆုံပြဲမွာ တ႐ုတ္ႏိုင္ငံအေရးကိစၥကို ထည့္သြင္းေဆြးေႏြးတာ မေတြ႕ရပါဘူး။

ဂ်ာမဏီဝန္ႀကီးခ်ဳပ္ဟာ လြန္ခဲ့တဲ့ တႏွစ္ေက်ာ္ေလာက္က ယူကရိန္းကို ႐ုရွားဝင္ေရာက္ မက်ဴးေက်ာ္ခင္ အခ်ိန္ေလးမွာပဲ ဝါရွင္တန္ဒီစီက သမၼတအိမ္ျဖဴကို လာေရာက္ခဲ့တာပါ။ အခု လာေရာက္ေတြ႕ဆုံမႈကေန ပူးတြဲ ေၾကညာခ်က္ တစုံတရာေတာ့ မထုတ္ျပန္ေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

သမ္မတ ဘိုင်ဒန် ဂျာမဏီဝန်ကြီးချုပ်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ သောကြာနေ့မှာ ဂျာမဏီဝန်ကြီးချုပ် Olaf Scholz နဲ့ သမ္မတအိမ်ဖြူမှာ တွေ့ဆုံခဲ့ပြီး ယူကရိန်းအရေး ဆက်လက်ပြီး လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။

" ယူကရိန်းက လိုအပ်တာ အားလုံး လက်နက် ခဲယမ်းမီးကျောက်တွေ၊ တင့်ကားတွေ လေကြောင်းကာကွယ်ရေး စနစ်တွေကစပြီး ယူကရိန်းအတွက် အရေးပါတဲ့ လုံခြုံရေးဆိုင်ရာ အကူအညီတွေအားလုံးကို ၂ နိုင်ငံ အတူတကွ ပံ့ပိုးပေးနေပါတယ်။ ဂျာမဏီ အနေနဲ့လည်း ယူကရိန်းရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ လျှပ်စစ်အပူဓါတ် ရရှိရေး တွေကိုပါ ဆက်လက် ပံ့ပိုးပေးရင်း သူတို့ရဲ့ ခုခံစစ် အရှိန်မပျက်စေပဲ ရုရှားသမ္မတကို ဖိအား ဆက်ပေးနေနိုင်တာ တွေ့ရပါတယ်။ ဒီအနေထားကနေ NATO မဟာမိတ်အတွေဖြစ်တဲ့ ကျနော်တို့ရဲ့မိတ်ဆွေ ဖြစ်မှု၊ စွမ်းဆောင်နိုင်မှုတွေ ပိုခိုင်မာ အားကောင်းလာတာပါ " လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

ဂျာမဏီဝန်ကြီးချုပ် Scholz ကလည်း အနောက် မဟာမိတ်နိုင်ငံတွေ အနေနဲ့ ယူကရိန်းစစ်ပွဲ ဘယ်လောက်ပဲ ကြာပါစေ ဆက်လက် ပံ့ပိုးသွားမှာဖြစ်ကြောင်းနဲ့ ယူကရိန်းကို ရုရှား ဝင်ကျူးကျော်တာကြောင့် ငြိမ်းချမ်းမှုဆိုင်ရာ အန္တရာယ်ကြီးတဲ့ နှစ်ဖြစ်တဲ့အတွက် ဒီနှစ်ဟာ သိပ်အရေးကြီးကြောင်းလည်း သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့တာပါ။

ယူကရိန်း စစ်ပွဲအနေထားဟာ ပိုမိုခက်ခဲတဲ့ အဆင့်ကို ရောက်လာနေချိန်မှာပဲ ယူကရိန်းအတွက် ဒေါ်လာဘီလီယံချီ ပေးနေတဲ့ အကူညီတွေ နောက်ကွယ်က နိုင်ငံရေးဆိုင်ရာ အခြေနေတွေအတွက် အဖြေရှာဖို့ ၂ နိုင်ငံ ခေါင်းဆောင် ၂ ဦးတွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အခုတွေ့ဆုံပွဲမှာ တရုတ်နိုင်ငံအရေးကိစ္စကို ထည့်သွင်းဆွေးနွေးတာ မတွေ့ရပါဘူး။

ဂျာမဏီဝန်ကြီးချုပ်ဟာ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က ယူကရိန်းကို ရုရှားဝင်ရောက် မကျူးကျော်ခင် အချိန်လေးမှာပဲ ဝါရှင်တန်ဒီစီက သမ္မတအိမ်ဖြူကို လာရောက်ခဲ့တာပါ။ အခု လာရောက်တွေ့ဆုံမှုကနေ ပူးတွဲ ကြေညာချက် တစုံတရာတော့ မထုတ်ပြန်သေးပါဘူး။

XS
SM
MD
LG