အဆင့္ျမင့္ တင့္ကားေတြ ယူကရိန္းကိုေပးဖို႔ ဂ်ာမနီ ဖိအားေပးခံေနရ
{{Zawgyi/Unicode}}
ယူကရိန္းအတြက္ Leopard 2 အမ်ဳိးအစား တင့္ကားေတြ ေပးပို႔ေရး အတည္ျပဳေပးဖို႔ ဖိအားေပးမႈေတြ မ်ားျပားေနခ်ိန္မွာပဲ ဂ်ာမန္ဝန္ႀကီးခ်ဳပ္ Olaf Scholz ဟာ ျပင္သစ္ သမၼတ နဲ႔ တနဂၤေႏြေန႔က ျပင္သစ္ႏိုင္ငံမွာ ထိပ္သီးေဆြးေႏြးၾကပါတယ္။
ဂ်ာမန္ဝန္ႀကီးခ်ဳပ္ က ယူကရိန္းကို အဆင့္ျမင့္ တင့္ကားေတြ ပို႔ေပးမလား ၊ ပို႔မေပးဘူးလားလို႔ မေျပာခဲ့ေပမဲ့ ဆုံးျဖတ္ခ်က္ ကို အေမရိကန္ အပါအဝင္ မဟာမိတ္ေတြနဲ႔ အတူ ညိွႏိႈင္းပူးေပါင္းၿပီးမွ ခ်မွတ္မယ္လို႔ Reuters သတင္းဌာနက ကိုးကား ေဖာ္ျပပါတယ္။
ျပင္သစ္ သမၼတ Emmanuel Macron ကေတာ့ ျပင္သစ္လုပ္ Leclerc အမ်ဳိးစား တိုက္ခိုက္ေရး တင့္ကားေတြ ယူကရိန္းကို ေပးပို႔ဖို႔ မျဖစ္ႏိုင္ဘူးလို႔ အျပတ္မေျပာႏိုင္ေၾကာင္း ေျပာပါတယ္။ အဆင့္ျမင့္ တင့္ကားေတြ ေပးရာမွာ ျပင္သစ္ႏိုင္ငံရဲ႕ လုံၿခဳံေရးကို မထိခိုက္ေစဖို႔ နဲ႔ ယူကရိန္း ရုရွားစစ္ပြဲ ပိုမိုအရွိန္ႀကီးထြားလာတာ မျဖစ္ဖို႔ လိုတယ္လို႔လည္း သတိေပးပါတယ္။
ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး James Cleverly ကေတာ့ SKY NEWS နဲ႔ ေတြ႔ဆုံေမးျမန္းခန္းမွာ ဂ်ာမနီႏိုင္ငံလုပ္ Leopard အမ်ဳိးအစား တင့္ကားေတြကို ယူကရိန္းတပ္ေတြ အသုံးျပဳေနတာကို ျမင္လိုပါတယ္လို႔ ေျပာပါတယ္။
အေမရိကန္ ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးေကာ္မတီ ဥကၠ႒အျဖစ္ မၾကာေသးခင္မွ တာ၀န္ယူခဲ့တဲ့ ရီပတ္ဘလစ္ကန္အမတ္ Michael McCaul ကေတာ့ ဂ်ာမနီက တင့္ကားေတြ ေပးအပ္လာေအာင္ အားေပးတဲ့ အေနနဲ႔ အေမရိကန္ကလည္း Abrams အမ်ဳိးအစား အႀကီးစား တိုက္ခိုက္ေရး တင့္ကားေတြ ေပးသင့္ေၾကာင္း ABC သတင္းဌာနကို ေျပာခဲ့ပါတယ္။
အဆင့်မြင့် တင့်ကားတွေ ယူကရိန်းကိုပေးဖို့ ဂျာမနီ ဖိအားပေးခံနေရ
{{Zawgyi/Unicode}}
ယူကရိန်းအတွက် Leopard 2 အမျိုးအစား တင့်ကားတွေ ပေးပို့ရေး အတည်ပြုပေးဖို့ ဖိအားပေးမှုတွေ များပြားနေချိန်မှာပဲ ဂျာမန်ဝန်ကြီးချုပ် Olaf Scholz ဟာ ပြင်သစ် သမ္မတ နဲ့ တနင်္ဂနွေနေ့က ပြင်သစ်နိုင်ငံမှာ ထိပ်သီးဆွေးနွေးကြပါတယ်။
ဂျာမန်ဝန်ကြီးချုပ် က ယူကရိန်းကို အဆင့်မြင့် တင့်ကားတွေ ပို့ပေးမလား ၊ ပို့မပေးဘူးလားလို့ မပြောခဲ့ပေမဲ့ ဆုံးဖြတ်ချက် ကို အမေရိကန် အပါအဝင် မဟာမိတ်တွေနဲ့ အတူ ညှိနှိုင်းပူးပေါင်းပြီးမှ ချမှတ်မယ်လို့ Reuters သတင်းဌာနက ကိုးကား ဖော်ပြပါတယ်။
ပြင်သစ် သမ္မတ Emmanuel Macron ကတော့ ပြင်သစ်လုပ် Leclerc အမျိုးစား တိုက်ခိုက်ရေး တင့်ကားတွေ ယူကရိန်းကို ပေးပို့ဖို့ မဖြစ်နိုင်ဘူးလို့ အပြတ်မပြောနိုင်ကြောင်း ပြောပါတယ်။ အဆင့်မြင့် တင့်ကားတွေ ပေးရာမှာ ပြင်သစ်နိုင်ငံရဲ့ လုံခြုံရေးကို မထိခိုက်စေဖို့ နဲ့ ယူကရိန်း ရုရှားစစ်ပွဲ ပိုမိုအရှိန်ကြီးထွားလာတာ မဖြစ်ဖို့ လိုတယ်လို့လည်း သတိပေးပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly ကတော့ SKY NEWS နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဂျာမနီနိုင်ငံလုပ် Leopard အမျိုးအစား တင့်ကားတွေကို ယူကရိန်းတပ်တွေ အသုံးပြုနေတာကို မြင်လိုပါတယ်လို့ ပြောပါတယ်။
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌအဖြစ် မကြာသေးခင်မှ တာဝန်ယူခဲ့တဲ့ ရီပတ်ဘလစ်ကန်အမတ် Michael McCaul ကတော့ ဂျာမနီက တင့်ကားတွေ ပေးအပ်လာအောင် အားပေးတဲ့ အနေနဲ့ အမေရိကန်ကလည်း Abrams အမျိုးအစား အကြီးစား တိုက်ခိုက်ရေး တင့်ကားတွေ ပေးသင့်ကြောင်း ABC သတင်းဌာနကို ပြောခဲ့ပါတယ်။