သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် အပေါ် တိုးမြှင့် ဒဏ်ခတ်ဖို့ ဂျာမန်ဝန်ကြီးချုပ် ပြောကြား


FILE -- German Chancellor Olaf Scholz attends his first annual summer news conference in Berlin, Germany, Aug. 11, 2022.
FILE -- German Chancellor Olaf Scholz attends his first annual summer news conference in Berlin, Germany, Aug. 11, 2022.

အီရန် အပေါ် တိုးမြှင့် ဒဏ်ခတ်ဖို့ ဂျာမန်ဝန်ကြီးချုပ် ပြောကြား

{{Zawgyi/Unicode}}
အီရန်အာဏာပိုင်တွေ က အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေကြသူတွေကို အကြမ်းဖက် နှိမ်နင်းနေတဲ့အတွက် ဂျာမနီ ဝန်ကြီးချုပ် Olaf Scholz က စနေနေ့က ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်ပါတယ်။ ဒါအပြင် သူတို့ ဂျာမန်ပြည်သူတွေအနေနဲ့ အီရန်ပြည်သူတွေနဲ့ အတူ ပုခုံးချင်းယှဉ်လျှက် အတူတကွ ရပ်တည်နေပါတယ်လို့လည်း ပြောပါတယ်။ အခုဆန္ဒပြပွဲဟာ အီရန်အမျိုးသမီး လူငယ်တဦးကို ရဲက ဖမ်းဆီးခဲ့စဉ် သေဆုံးခဲ့ရတဲ့ ခေါင်းစည်းပုဝါ ကောင်းကောင်းမစည်းလို့ဆိုတဲ့ ဝတ်စားဆင်ယင်မှုဆိုင်ရာ ပြသာနာမဟုတ်တော့ပဲ လွတ်လပ်ခွင့် နဲ့ တရားမျှတမှုဆိုင်ရာ တိုက်ပွဲဖြစ်လာကြောင်း ဂျာမနီဝန်ကြီးချုပ်က ပြောပါတယ်။

" နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှေ့သီတင်းပတ်ထဲမှာ ထပ်တိုးဖို့ ရှိပါတယ်။ ကျနော်တို့ ဥရောပသမဂ္ဂ EU အနေနဲ့ အီရန် တော်လှန်ရေးအစောင့်တပ်နဲ့ နိုင်ငံရေးခေါင်းဆောင်ပိုင်းတွေအပေါ် ဖိအားတိုးမြှင့်မှုတွေ ဆက်တိုက်လုပ်သွားဖို့ လိုလားပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို တရာဥပဒေအရ အရေးယူနိုင်ရေးအတွက် သက်သေ အထောက်အထားတွေကို စုဆောင်းဖို့ ကြိုးစားနေတာတွေကို ကျနော်တို့ အားပေးနေပါတယ်" လို့ ဂျာမန် ဝန်ကြီးချုပ် Olaf Scholz က ပြောသွာတာပါ။

အီရန်ပြည်သူတွေရဲ့ ရဲစွမ်းသတ္တိကို ဘယ်လောက်ရှိတယ်ဆိုတာကို ကျနော်တို့အနေနဲ့ တွေးကြည့်လို့တောင်မရပါဘူး လို့ Scholz က သူရဲ့ သီတင်းပတ်စဉ် ဗွီဒီယို မိန်းခွန်းမှာ ပြောပါတယ်။ ဆက်လက်ပြီးတော့သူက ဆန္ဒပြအီရန်ပြည်သူ ၃ဝဝ ကျော် သေဆုံးပြီး ဒါဇင်ပေါင်းများစွာဟာ သေဒဏ်ချမှတ်ခံထားရသလို ၁ သောင်း ၄ ထောင်ကျော်ဟာလည်း ဖမ်းဆီးခံထားရတယ်လို့ ပြောပါတယ်။

အဲဒီလို အီရန်ပြည်သူတွေကို အကြမ်းဖက် နိုမ်နင်းတာနဲ့ ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားကို Drones မောင်းသူမဲ့လေယာဉ်တွေ ရာနဲ့ချီပြီး ပေးပို့ခဲ့တာတွေ အတွက် အီရန်အစိုးရအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကြုံတွေ့ရမယ်လို့ သူကပြောပါတယ်။ လာမဲ့ တနင်္လာနေ့ ရောက်ရင် ဥရောပ သမဂ္ဂ EU နိုင်ငံခြားရေးဝန်ကြီးတွေဟာ အီရန်နိုင်ငံအပေါ်ကို နောက်ထပ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ဆောင်ကြဖို့ သဘောတူညီကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဂျာမန် ပါလီမန်မှာ နိုင်ငံဂျာရေးဝန်ကြီး Baerbock က အီရန်အစိုးရအနေနဲ့ ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်နိုမ်နင်းနေတဲ့အတွက်ကြောင့် နောက်ထပ် ဒဏ်ခတ်ပိတ်ဆိုရေး အစီအစဉ်တွေလုပ်ဖို့ လက်လျှော့မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒီလို ပြောဆိုတဲ့အပေါ်မှာ အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amirabdollahian ကတော့ ဒါဟာ အီရန်နိုင်ငံတွင်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဝင်ရောက်စွက်ဖက်သူတဦးလို လုပ်ဆောင်တာပဲလို့ သတိပေးလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

............................................................................


{{Zawgyi/Unicode}}





XS
SM
MD
LG