သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပူတင္ရဲ႕ယူကရိန္း က်ဴးေက်ာ္စစ္ G-7 ေခါင္းေဆာင္ေတြ တညီတၫြတ္တည္း ဆန႔္က်င္


Members of the Group of Seven, including European Union leaders, pose for a photo at Schloss Elmau, following dinner, in Elmau, Germany, June 26, 2022.

[[ ZAWGYI /UNICODE ]]

ပူတင္ရဲ႕ ယူကရိန္း က်ဴးေက်ာ္စစ္ G-7 ေခါင္းေဆာင္ေတြ တညီတၫြတ္တည္း ဆန႔္က်င္

G-7 ကမာၻ႔ စီးပြားေရးထိပ္သီး ႏိုင္ငံေတြက ေခါင္းေဆာင္ေတြဟာ တနဂၤေႏြေန႔က ဂ်ာမနီႏိုင္ငံ Bavarian Alps မွာေတြ႕ဆုံၾကၿပီး ၊ ႐ုရွားသမၼတ ပူတင္ရဲ႕ ယူကရိန္းက်ဴးေက်ာ္စစ္ကို တညီတၫြတ္ထဲ ဆန္႔က်င္မႈကို ျပသႏိုင္ေရး ေဆြးေႏြးခဲ႔ၾကသလို ကမ ၻာတလႊား စားနပ္ရိကၡာနဲ႔ စြမ္းအင္ ေစ်းႏႈန္း ျမင့္တက္လာမႈ အေပၚ စစ္ပြဲရဲ႕ ႐ိုက္ခတ္ သက္ေရာက္မႈ ေလွ်ာ့ခ်ႏိုင္မယ့္ နည္းလမ္းေတြကိုလည္း ေဆြးေႏြးခဲ႔ၾကပါတယ္။

ၿဗိတိန္၊ ျပင္သစ္၊ ကေနဒါ၊ အီတလီ၊ ဂ်ပန္နဲ႔ ဥေရာပ သမဂၢ ေခါင္းေဆာင္ေတြ ပါ၀င္မယ့္ ထိပ္သီးေဆြးေႏြးပြဲ မတိုင္ခင္မွာ အေမရိကန္ သမၼတ Joe Biden နဲ႔ ဂ်ာမနီ ၀န္ႀကီးခ်ဳပ္ Olaf Scholz တို႔ သီးျခား ေတြ႕ဆံုခဲ႔ၾကပါတယ္။ ယူကရိန္းရဲ႕ လံုျခံဳေရးနဲ႔ ပတ္သက္လာရင္ ဂ်ာမနီ အေနနဲ႔ အေမရိကန္နဲ႔ အၿမဲတမ္း ပူးေပါင္းေဆာင္ရြက္မွာ ျဖစ္ၿပီး ဒီအခ်က္ကို ထပ္ေလာင္း အတည္ျပဳေၾကာင္း ဂ်ာမနီ ၀န္ႀကီးခ်ဳပ္ Scholz က ေျပာပါတယ္။

လက္ရွိ ယူကရိန္း စစ္ပြဲ အေရး ေဆြးေႏြးမႈ အျပင္ G-7 ေခါင္းေဆာင္ေတြက ေဒၚလာ ၆၀၀ ဘီလ်ံ တန္ဖိုးရွိ အေျခခံ အေဆာက္အအံု စီမံကိန္းကိုလည္း ေၾကညာခဲ႔ပါတယ္။ တ႐ုတ္ရဲ႕ ခါးပတ္လမ္း စီမံကိန္းနဲ႔ ယွဥ္ၿပီး တျခား ေရြးခ်ယ္စရာ တခုအျဖစ္ ဖြံ႔ၿဖိဳးဆဲ ႏိုင္ငံေတြကို ေပးဖို႔ ရည္ရြယ္တဲ႔ အေျခခံ အေဆာက္အဦ ဆိုင္ရာ ေဒၚလာ ဘီလ်ံ ၆၀၀ စီမံကိန္းရဲ႕ သံုးပံု တပံုကိုေတာ့ အေမရိကန္ ျပည္ေထာင္စုက ေပးအပ္မွာ ျဖစ္ပါတယ္။

“ ဒီ ရင္းႏွီးျမႇဳပ္ႏွံမႈေတြက အေမရိကန္ျပည္သူေတြ အပါအဝင္၊ က်ေနာ္တို႔ရဲ႕ ႏိုင္ငံေတြက ျပည္သူေတြကို ျပန္ၿပီး အက်ဳိးရွိေစမွာပါ။ ဒါက က်ေနာ္တို႔ရဲ႕စီးပြားေရးကို ျမႇင့္တင္ရာေရာက္သလို ၊ အနာဂတ္ အလားလာေကာင္းေတြကို မွ်ေဝခံစားၾကမယ့္ အခြင့္အလမ္းတခုလည္း ျဖစ္ပါတယ္။” .. လို႔ သမၼတ Biden ေျပာသြားတာပါ။

အခု ထိပ္သီး ေဆြးေႏြးပြဲဟာဆိုရင္ ေျမာက္အတၱလႏၲိတ္ စစ္စာခ်ဳပ္ အဖြဲ႔ NATO နဲ႔ G-7 တို႔ဟာ အရင္ကထက္ ပိုၿပီး စည္းလံုးညီၫြတ္မႈ ရွိေနၿပီ ဆိုတဲ႔ သတင္းစကား ပါးရံုတင္ မဟုတ္ဘဲ ကမ ၻာ့ဒီမိုကေရစီ ႏိုင္ငံေတြဟာ ငတ္မြတ္ေခါင္းပါးမႈနဲ႔ ဆင္းရဲမြဲေတမႈကို တိုက္ဖ်က္ေနၾကသလို ပူတင္ရဲ႕ နယ္ခ်ဲ႕ဝါဒကိုလည္း အတူတကြ ရပ္တည္ဆန္႔က်င္ေၾကာင္း ျပသတာ ျဖစ္တယ္လို႔ ဂ်ာမနီ ၀န္ႀကီးခ်ဳပ္က လႊတ္ေတာ္မွာ ေျပာဆိုခဲ႔ပါတယ္။ သံုးရက္ၾကာ G-7 ထိပ္သီး ညီလာခံ အၿပီးမွာေတာ့ ကမ ၻာ့ေခါင္းေဆာင္ေတြက NATO ထိပ္သီး စည္းေ၀းပြဲ တက္ေရာက္ဖို႔ စပိန္ႏိုင္ငံ Madrid ၿမိဳ႕ေတာ္ကို သြားေရာက္ၾကမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

{{ UNICODE }}

ပူတင်ရဲ့ ယူကရိန်း ကျူးကျော်စစ် G-7 ခေါင်းဆောင်တွေ တညီတညွတ်တည်း ဆန့်ကျင်

G-7 ကမ္ဘာ့ စီးပွားရေးထိပ်သီး နိုင်ငံတွေက ခေါင်းဆောင်တွေဟာ တနင်္ဂနွေနေ့က ဂျာမနီနိုင်ငံ Bavarian Alps မှာတွေ့ဆုံကြပြီး ၊ ရုရှားသမ္မတ ပူတင်ရဲ့ ယူကရိန်းကျူးကျော်စစ်ကို တညီတညွတ်ထဲ ဆန့်ကျင်မှုကို ပြသနိုင်ရေး ဆွေးနွေးခဲ့ကြသလို ကမ ္ဘာတလွှား စားနပ်ရိက္ခာနဲ့ စွမ်းအင် ဈေးနှုန်း မြင့်တက်လာမှု အပေါ် စစ်ပွဲရဲ့ ရိုက်ခတ် သက်ရောက်မှု လျှော့ချနိုင်မယ့် နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ၊ အီတလီ၊ ဂျပန်နဲ့ ဥရောပ သမဂ္ဂ ခေါင်းဆောင်တွေ ပါဝင်မယ့် ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင်မှာ အမေရိကန် သမ္မတ Joe Biden နဲ့ ဂျာမနီ ဝန်ကြီးချုပ် Olaf Scholz တို့ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။ ယူကရိန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်လာရင် ဂျာမနီ အနေနဲ့ အမေရိကန်နဲ့ အမြဲတမ်း ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပြီး ဒီအချက်ကို ထပ်လောင်း အတည်ပြုကြောင်း ဂျာမနီ ဝန်ကြီးချုပ် Scholz က ပြောပါတယ်။

လက်ရှိ ယူကရိန်း စစ်ပွဲ အရေး ဆွေးနွေးမှု အပြင် G-7 ခေါင်းဆောင်တွေက ဒေါ်လာ ၆၀၀ ဘီလျံ တန်ဖိုးရှိ အခြေခံ အဆောက်အအုံ စီမံကိန်းကိုလည်း ကြေညာခဲ့ပါတယ်။ တရုတ်ရဲ့ ခါးပတ်လမ်း စီမံကိန်းနဲ့ ယှဉ်ပြီး တခြား ရွေးချယ်စရာ တခုအဖြစ် ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ပေးဖို့ ရည်ရွယ်တဲ့ အခြေခံ အဆောက်အဦ ဆိုင်ရာ ဒေါ်လာ ဘီလျံ ၆၀၀ စီမံကိန်းရဲ့ သုံးပုံ တပုံကိုတော့ အမေရိကန် ပြည်ထောင်စုက ပေးအပ်မှာ ဖြစ်ပါတယ်။

“ ဒီ ရင်းနှီးမြှုပ်နှံမှုတွေက အမေရိကန်ပြည်သူတွေ အပါအဝင်၊ ကျနော်တို့ရဲ့ နိုင်ငံတွေက ပြည်သူတွေကို ပြန်ပြီး အကျိုးရှိစေမှာပါ။ ဒါက ကျနော်တို့ရဲ့စီးပွားရေးကို မြှင့်တင်ရာရောက်သလို ၊ အနာဂတ် အလားလာကောင်းတွေကို မျှဝေခံစားကြမယ့် အခွင့်အလမ်းတခုလည်း ဖြစ်ပါတယ်။” .. လို့ သမ္မတ Biden ပြောသွားတာပါ။

အခု ထိပ်သီး ဆွေးနွေးပွဲဟာဆိုရင် မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ NATO နဲ့ G-7 တို့ဟာ အရင်ကထက် ပိုပြီး စည်းလုံးညီညွတ်မှု ရှိနေပြီ ဆိုတဲ့ သတင်းစကား ပါးရုံတင် မဟုတ်ဘဲ ကမ ္ဘာ့ဒီမိုကရေစီ နိုင်ငံတွေဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နေကြသလို ပူတင်ရဲ့ နယ်ချဲ့ဝါဒကိုလည်း အတူတကွ ရပ်တည်ဆန့်ကျင်ကြောင်း ပြသတာ ဖြစ်တယ်လို့ ဂျာမနီ ဝန်ကြီးချုပ်က လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။ သုံးရက်ကြာ G-7 ထိပ်သီး ညီလာခံ အပြီးမှာတော့ ကမ ္ဘာ့ခေါင်းဆောင်တွေက NATO ထိပ်သီး စည်းဝေးပွဲ တက်ရောက်ဖို့ စပိန်နိုင်ငံ Madrid မြို့တော်ကို သွားရောက်ကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG