ယူကရိန္းရဲ႕ လြတ္လပ္ေရးနဲ႔ နယ္ေျမပိုင္စိုးေရးကာကြယ္ဖို႔ လိုအပ္ေနသမွ် ယူကရိန္းကို ဥေရာပသမဂၢက ဆက္လက္ ပံ့ပိုးေထာက္ခံမယ္လို႔ ဂ်ာမန္ဝန္ႀကီးခ်ဳပ္ Olaf Scholz က ဒီေန႔ ေသာၾကာေန႔မွာ ေျပာလိုက္ပါတယ္။
“စစ္ျဖစ္တာ ႏွစ္ပတ္လည္မတိုင္မီေလးမွာ ဒီထိပ္သီးအစည္းအေဝးက ထူးျခားပါတယ္။ ယူကရိန္းရဲ႕ ခုခံေရး စိတ္ဓာတ္သေကၤတ ျဖစ္သလို၊ ဥေရာပသမဂၢနဲ႔ ယူကရိန္းတို႔ အတူရပ္တည္ၾကတာကို အားေကာင္းေကာင္းနဲ႔ ျပသခ်က္လည္း ျဖစ္ပါတယ္။ လိုအပ္ေနသမွ် ယူကရိန္းကို ေထာက္ခံပံ့ပိုးသြားမယ္ဆိုတာကို ယူကရိန္းက လူတိုင္း အားထားလို႔ ရပါတယ္။” လို႔ ဂ်ာမန္ဝန္ႀကီးခ်ဳပ္က ေျပာသြားတာပါ။
ဂ်ာမနီအေနနဲ႔ ယူကရိန္းလိုေနသမွ် ရပ္တည္ကူညီသြားမယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ Scholz ကေျပာပါတယ္။ ၾကာသပေတး၊ ေသာၾကာ ၂ ရက္က်င္းပခဲ့တဲ့ EU ဥေရာပသမဂၢ ထိပ္သီးညီလာခံအတြင္း မဟာမိတ္ႏိုင္ငံေတြအေနနဲ႔ လက္နက္ေတြ၊ တိုက္ေလယာဥ္ေတြေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ EU ေခါင္းေဆာင္ေတြကလည္း ယူကရိန္းကို တတ္ႏိုင္သမွ် အကူအညီေပးမယ္လို႔ ကတိျပဳခဲ့ၾကပါတယ္။ ယူကရိန္း အီးယူ အဖြဲ႕ဝင္ျဖစ္ေရး ေဆြးေႏြးဖို႔ အခ်ိန္ဇယားကိုေတာ့ အီးယူက တိတိက်က် မေျပာပါဘူး။ ယူကရိန္း စစ္ပြဲအတြက္ လက္နက္ထုတ္လုပ္ေရး တိုးျမႇင့္ဖို႔ ကိစၥကိုေတာ့ လာမယ့္လ မွာ သုံးသပ္ဖို႔ေတာ့ အီးယူ ေခါင္းေဆာင္ေတြ ကတိေပးျပဳခဲ့ၾကပါတယ္။ ယူကရိန္းအေပၚ ႐ုရွားက်ဴးေက်ာ္စစ္တိုက္တာ ၁ ႏွစ္ျပည့္ခါနီးမွာ ယူကရိန္း သမၼတ Zelenskyy ဟာ လန္ဒန္၊ ပဲရစ္နဲ႔ ဘရပ္ဆဲလ္ ၿမိဳ႕ေတြကို ဒီရက္ပိုင္း သြားေရာက္ခဲ့ၿပီး တိုက္ေလယာဥ္ေတြ အပါအဝင္လက္နက္ေတြ ပိုမိုပို႔ေပးဖို႔ ေတာင္းဆိုခဲ့တာပါ။ ဒီေန႔အေစာပိုင္းကေတာ့ Belgium ဘုရင္ Philippe I (ပထမေျမာက္ ဖိလစ္ပါ) နဲ႔ ေတ့ြဆုံခဲ့ပါတယ္။ ယူကရိန္းမွာေတာ့ ယူကရိန္း ၿမိဳ႕ေတြ နဲ႔ အေရးႀကီး အေျခခံ အေဆာက္အအုံေတြအေပၚ ႐ုရွား က ဒုံးက်ည္ေတြ ဒ႐ုန္းေတြနဲ႔ ဒီေန႔အေစာပိုင္း တိုက္ခိုက္ခဲ့တယ္လို႔ ယူကရိန္းစစ္တပ္က ေျပာပါတယ္။ အီရန္လုပ္ ဒ႐ုန္း ၇ စင္း ကို Azov ပင္လယ္က ပစ္လႊတ္ခဲ့တာျဖစ္ၿပီး Kalibr ခ႐ုဇ္ဒုံးက်ည္ ၆ စင္းကိုေတာ့ ပင္လယ္နက္က ပစ္လႊတ္ခဲ့တာ ျဖစ္တယ္လို႔ ယူကရိန္းေလတပ္က ေျပာပါတယ္။
[Unicode]
ယူကရိန်းဘက်က ရပ်တည်ကာကွယ်မယ်လို့ ဂျာမနီကတိပြု
ယူကရိန်းရဲ့ လွတ်လပ်ရေးနဲ့ နယ်မြေပိုင်စိုးရေးကာကွယ်ဖို့ လိုအပ်နေသမျှ ယူကရိန်းကို ဥရောပသမဂ္ဂက ဆက်လက် ပံ့ပိုးထောက်ခံမယ်လို့ ဂျာမန်ဝန်ကြီးချုပ် Olaf Scholz က ဒီနေ့ သောကြာနေ့မှာ ပြောလိုက်ပါတယ်။
“စစ်ဖြစ်တာ နှစ်ပတ်လည်မတိုင်မီလေးမှာ ဒီထိပ်သီးအစည်းအဝေးက ထူးခြားပါတယ်။ ယူကရိန်းရဲ့ ခုခံရေး စိတ်ဓာတ်သင်္ကေတ ဖြစ်သလို၊ ဥရောပသမဂ္ဂနဲ့ ယူကရိန်းတို့ အတူရပ်တည်ကြတာကို အားကောင်းကောင်းနဲ့ ပြသချက်လည်း ဖြစ်ပါတယ်။ လိုအပ်နေသမျှ ယူကရိန်းကို ထောက်ခံပံ့ပိုးသွားမယ်ဆိုတာကို ယူကရိန်းက လူတိုင်း အားထားလို့ ရပါတယ်။” လို့ ဂျာမန်ဝန်ကြီးချုပ်က ပြောသွားတာပါ။
ဂျာမနီအနေနဲ့ ယူကရိန်းလိုနေသမျှ ရပ်တည်ကူညီသွားမယ်လို့လည်း ဝန်ကြီးချုပ် Scholz ကပြောပါတယ်။ ကြာသပတေး၊ သောကြာ ၂ ရက်ကျင်းပခဲ့တဲ့ EU ဥရောပသမဂ္ဂ ထိပ်သီးညီလာခံအတွင်း မဟာမိတ်နိုင်ငံတွေအနေနဲ့ လက်နက်တွေ၊ တိုက်လေယာဉ်တွေပေးဖို့ တောင်းဆိုခဲ့ပါတယ်။ EU ခေါင်းဆောင်တွေကလည်း ယူကရိန်းကို တတ်နိုင်သမျှ အကူအညီပေးမယ်လို့ ကတိပြုခဲ့ကြပါတယ်။ ယူကရိန်း အီးယူ အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးဖို့ အချိန်ဇယားကိုတော့ အီးယူက တိတိကျကျ မပြောပါဘူး။ ယူကရိန်း စစ်ပွဲအတွက် လက်နက်ထုတ်လုပ်ရေး တိုးမြှင့်ဖို့ ကိစ္စကိုတော့ လာမယ့်လ မှာ သုံးသပ်ဖို့တော့ အီးယူ ခေါင်းဆောင်တွေ ကတိပေးပြုခဲ့ကြပါတယ်။ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်တိုက်တာ ၁ နှစ်ပြည့်ခါနီးမှာ ယူကရိန်း သမ္မတ Zelenskyy ဟာ လန်ဒန်၊ ပဲရစ်နဲ့ ဘရပ်ဆဲလ် မြို့တွေကို ဒီရက်ပိုင်း သွားရောက်ခဲ့ပြီး တိုက်လေယာဉ်တွေ အပါအဝင်လက်နက်တွေ ပိုမိုပို့ပေးဖို့ တောင်းဆိုခဲ့တာပါ။ ဒီနေ့အစောပိုင်းကတော့ Belgium ဘုရင် Philippe I (ပထမမြောက် ဖိလစ်ပါ) နဲ့ တေ့ွဆုံခဲ့ပါတယ်။ ယူကရိန်းမှာတော့ ယူကရိန်း မြို့တွေ နဲ့ အရေးကြီး အခြေခံ အဆောက်အအုံတွေအပေါ် ရုရှား က ဒုံးကျည်တွေ ဒရုန်းတွေနဲ့ ဒီနေ့အစောပိုင်း တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ အီရန်လုပ် ဒရုန်း ၇ စင်း ကို Azov ပင်လယ်က ပစ်လွှတ်ခဲ့တာဖြစ်ပြီး Kalibr ခရုဇ်ဒုံးကျည် ၆ စင်းကိုတော့ ပင်လယ်နက်က ပစ်လွှတ်ခဲ့တာ ဖြစ်တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။