သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်ပွဲကြာသလောက် ကူညီပေးသွားမည် (သမ္မတဘိုင်ဒန်၊ နိုင်ငံတော်အခြေပြမိန့်ခွန်း)


နိုင်ငံတော်အခြေပြမိန့်ခွန်းပြောအပြီးတွေ့ရတဲ့ သမ္မတဂျိုးဘိုင်ဒန် (ဖေဖော်ဝါရီ ၇၊ ၂၀၂၃)
နိုင်ငံတော်အခြေပြမိန့်ခွန်းပြောအပြီးတွေ့ရတဲ့ သမ္မတဂျိုးဘိုင်ဒန် (ဖေဖော်ဝါရီ ၇၊ ၂၀၂၃)

အမေရိကန်ပြည်ထောင်စုဟာ ရုရှားကျူးကျောင်းစစ်ကို ဆန့်ကျင်တဲ့အတိုင်း ယူကရိန်းကို ပံ့ပိုးထောက်ခံရာမှာ တညီတညွတ်တည်းရှိကြပြီး၊ စစ်ပွဲကြာသမျှ ယူကရိန်းနဲ့အတူ ရပ်တည်သွားလိမ့်မယ် ဖြစ်တယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (Joe Biden) က ပြောပါတယ်။

“လွန်ခဲ့တဲ့ တစ်နှစ်က ဒီလွှတ်တော်မှာပဲ ကျွန်တော် ပြောခဲ့ပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့စစ်ပွဲဟာ လူသတ် တိုက်ခိုက်တာ ဖြစ်တယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဥရောပက ခံစားခဲ့ရတဲ့ ဖျက်ဆီးမှုတွေနဲ့ သေဆုံးမှု ပုံရိပ်တွေ ပြန်ပေါ်လာစေပါတယ်။ ပူတင်ရဲ့ ကျူးကျော်စစ်ဟာ စမ်းသပ်မှု ဖြစ်တယ်။ အမေရိကအတွက် စမ်းသပ်မှု ဖြစ်တယ်။ ကမ္ဘာအတွက် စမ်းသပ်မှု ဖြစ်တယ်” လို့ သမ္မတဘိုင်ဒန်က ပြောသွားခဲ့တာပါ။

သူ့အစိုးရဟာ နေတိုးနဲ့ စည်းလုံးညီညွတ်နေပြီး၊ ရုရှားသမ္မတ ပူတင်ရဲ့ ကျူးကျော်မှု ဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့ကို တည်ဆောက်ခဲ့ပြီး၊ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။

ခုလို အားကောင်းတဲ့ စကားလုံးတွေနဲ့ ယူကရိန်းကို ထောက်ခံလိုက်တဲ့အတွက် သမ္မတဘိုင်ဒန်ကို ကျေးဇူးတင်ရှိကြောင်း ယူကရိန်း သမ္မတ ဗလော်ဒိုမာ ဇလန်းစကီး (Volodymyr Zelenskyy) က တွစ်တာမှာ ရေးသားပါတယ်။

ယူကရိန်းကို အနောက်နိုင်ငံတွေက အကူအညီပေးတာဟာ ရုရှားကို ခြိမ်းခြောက်တာ ဖြစ်တယ်လို့ ရုရှားသမ္မတ ပူတင်ကတော့ ပြောပါတယ်။ ယူကရိန်းကို ရုရှားက အောင်နိုင်မယ်လို့လည်း သူက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]







XS
SM
MD
LG