သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရဲေတြရဲ႕ ရက္စက္တဲ့လုပ္ရပ္ အေမရိကန္ ၿမိဳ႕ႀကီးတခ်ိဳ႕ ကန္႔ကြက္ဆႏၵျပ


Tyre Nichols ကို ေသဆံုးေအာင္ ႐ိုက္ႏွက္မႈေၾကာင့္ တာဝန္ကရပ္စိုင္းခံရတဲ့ Memphis ၿမိဳ႕ ရဲတပ္ဖြဲ႔ဝင္ (၅)ဦး

အေမရိကန္ျပည္ေထာင္စု Tennessee ျပည္နယ္ Memphis ၿမိဳ႕မွာ အသက္ ၂၉ ႏွစ္အ႐ြယ္ Tyre Nichols ကို ေသေလာက္ေအာင္ ရဲအရာ႐ွိ ၅ ေယာက္ ဝိုင္း႐ိုက္ေနတဲ့ Video ပုံေတြကို Memphis ၿမိဳ႕ ရဲဌာနက ေသာၾကာေန႔ေႏွာင္းပိုင္းက ထုတ္ျပန္ခဲ့ၿပီးေနာက္ ရဲေတြရဲ႕ ရက္စက္တဲ့လုပ္ရပ္ကို ဆန္႔က်င္ဆႏၵျပပြဲေတြ ၿမိဳ႕တခ်ိဳ႕မွာ ႐ွိခဲ့ပါတယ္။ ရဲေတြရဲ႕ ကိုယ္မွာတပ္ဆင္ထားတဲ့ Video ကင္မရာမွတ္တမ္းပုံေတြအရ ရဲေတြက ၃ မိနစ္ၾကာေအာင္ ရက္ရက္စက္စက္ ႐ိုက္ႏွက္ေနတာ ေတြ႔ရပါတယ္။

ရဲႏွစ္ေယာက္က လဲက်ေနတဲ့ Tyre Nichols ကို ဝိုင္းခ်ဳပ္ထားၿပီး က်န္တဲ့ ရဲသံုးေယာက္က ထိုးႏွက္ကန္ေက်ာက္ခဲ့ၾကၿပီး အနည္းဆုံးရဲတေယာက္က နံပါတ္တုတ္နဲ႔ ႐ိုက္ႏွက္ခဲ့ပါတယ္။ ရဲေတြကိုယ္မွာတပ္ထားတဲ့ Video ကင္မရာေတြ CCTV ကင္မရာေတြကေန ႐ိုက္ထားတဲ့ စုစုေပါင္း ၁ နာရီၾကာတဲ့ Video ပုံေတြထဲမွာ Tyre Nichols က သူ႔အေမကို ေအာ္ဟစ္ေတာင္းတေနတဲ့ အသံေတြကိုလည္း ၾကားရပါတယ္။

အဲဒီ Video ပုံေတြကို ရဲကထုတ္ျပန္ခဲ့ၿပီးေနာက္ Memphis ၿမိဳ႕အျပင္၊ Los Angeles၊ New York စတဲ့ၿမိဳ႕တခ်ိဳ႕မွာ ရဲေတြရဲ႕ လုပ္ရပ္အေပၚ ဆန္႔က်င္ဆႏၵျပပြဲေတြ ႐ွိခဲ့ပါတယ္။ ဇန္နဝါရီလ ၇ ရက္ေန႔က ရဲေတြရဲ႕ ႐ိုက္ႏွက္မႈခံခဲ့ရတဲ့ Tyre Nichols ဟာ ၃ ရက္အၾကာ ေဆး႐ုံေပၚမွာ ေသဆုံးခဲ့ပါတယ္။ ရဲေတြရဲ႕ ႐ိုက္ႏွက္ေနတဲ့ Video ပုံေတြေၾကာင့္ အေမရိကန္ရဲ႕ ပုံရိပ္ကို ထိခိုက္ေစႏိုင္တယ္လို႔ သမၼတ Joe Biden က ေသာၾကာေန႔ ညပိုင္းက အခုလို ေျပာၾကားခဲ့ပါတယ္။

ပထမဆုံး အႏၲရာယ္ကေတာ့ အျပစ္မဲ့သူေတြရဲ႕ အသက္ေတြျဖစ္ပါတယ္။ ဒုတိယအေနနဲ႔ကေတာ့ အေမရိကန္ရဲ႕ ပုံရိပ္ျဖစ္ပါတယ္။ အေမရိကန္ဟာ တရားဥပေဒစိုးမိုးမႈ႐ွိတဲ့ႏိုင္ငံလို႔ ကြၽန္ေတာ္တို႔ ေျပာေနတာ တကယ္ဟုတ္ရဲ႕လားဆိုတဲ့ ႏိုင္ငံရဲ႕ပုံရိပ္ကို ထိခိုက္ေစႏိုင္ပါတယ္။ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းဆႏၵျပမႈနဲ႔ အမွားအမွန္ကို တရား႐ုံးေတြက အဆုံးအျဖတ္ ေပးေစတဲ့ႏိုင္ငံ ဟုတ္ရဲ႕လားဆိုတဲ့ ပုံရိပ္ကို ထိခိုက္ေစႏိုင္တယ္လို႔ သမၼတ Joe Biden က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Tyre Nichols ရဲ႕ မိခင္ကိုလည္း သူဆက္သြယ္ခဲ့ၿပီး စိတ္မေကာင္းစကား ေျပာၾကားခဲ့တယ္လု႔ သမၼတက ေျပာပါတယ္။ ရဲေတြ စည္းကမ္းနဲ႔အညီ လိုက္နာမႈမ႐ွိတဲ့ လုပ္ရပ္ေတြကို တားဆီးႏိုင္ဖို႔ ရဲတပ္ဖြဲ႔ ျပဳျပင္ေျပာင္းလဲေရး George Floyd Act ဥပေဒကို လႊတ္ေတာ္မွာ အတည္ျပဳေအာင္ သူႀကိဳးပမ္းမယ္လို႔လည္း သမၼတ Biden ကသတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

၂၀၂၀ ခုႏွစ္က Minneapolis ရဲေတြ ဖမ္းခံထားရစဥ္ လူျဖဴရဲလက္ခ်က္နဲ႔ လူမည္းအမ်ိဳးသား George Floyd ေသဆုံးခဲ့တဲ့ ျဖစ္ရပ္ေၾကာင့္ အေမရိကန္အျပင္ တကမ႓ာတဝန္းမွာ လူမည္းေတြရဲ႕ အသက္ေတြလည္းတန္ဖိုး႐ွိပါတယ္ဆိုတဲ့ ေဆာင္ပုဒ္နဲ႔ ဆႏၵျပမႈေတြ ျဖစ္ခဲ့ပါတယ္။ အခု Tyre Nichols ကို ဖမ္းဆီးထိုးႀကိတ္ခဲ့ၾကတဲ့ ရဲ ၅ ေယာက္လုံးက လူမည္းေတြျဖစ္ၾကၿပီး သူတို႔အေပၚ လူေသေစမႈပုဒ္မေတြနဲ႔ အမႈဖြင့္ထားပါတယ္။

ရဲေတြႏိုင့္ထက္စီးနင္းလုပ္ေနတဲ့ Video ေၾကာင္ ႏိုင္ငံတဝန္း ဆႏၵျပမႈေတြ ျဖစ္လာႏိုင္တာေၾကာင့္ ၿမိဳ႕အာဏာပိုင္ေတြ ႀကိဳတင္ျပင္ဆင္မႈေတြလည္း လုပ္ထားၾကပါတယ္။ ဆႏၵျပသူေတြအေနနဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပၾကဖို႔အတြက္ Tyre Nichols ရဲ႕ မိသားစုဝင္ေတြက ပန္ၾကားထားပါတယ္။

==== Unicode =====

အမေရိကန်ပြည်ထောင်စု Tennessee ပြည်နယ် Memphis မြို့မှာ အသက် ၂၉ နှစ်အရွယ် Tyre Nichols ကို သေလောက်အောင် ရဲအရာရှိ ၅ ယောက် ဝိုင်းရိုက်နေတဲ့ Video ပုံတွေကို Memphis မြို့ ရဲဌာနက သောကြာနေ့နှောင်းပိုင်းက ထုတ်ပြန်ခဲ့ပြီးနောက် ရဲတွေရဲ့ ရက်စက်တဲ့လုပ်ရပ်ကို ဆန့်ကျင်ဆန္ဒပြပွဲတွေ မြို့တချို့မှာ ရှိခဲ့ပါတယ်။ ရဲတွေရဲ့ ကိုယ်မှာတပ်ဆင်ထားတဲ့ Video ကင်မရာမှတ်တမ်းပုံတွေအရ ရဲတွေက ၃ မိနစ်ကြာအောင် ရက်ရက်စက်စက် ရိုက်နှက်နေတာ တွေ့ရပါတယ်။

ရဲနှစ်ယောက်က လဲကျနေတဲ့ Tyre Nichols ကို ဝိုင်းချုပ်ထားပြီး ကျန်တဲ့ ရဲသုံးယောက်က ထိုးနှက်ကန်ကျောက်ခဲ့ကြပြီး အနည်းဆုံးရဲတယောက်က နံပါတ်တုတ်နဲ့ ရိုက်နှက်ခဲ့ပါတယ်။ ရဲတွေကိုယ်မှာတပ်ထားတဲ့ Video ကင်မရာတွေ CCTV ကင်မရာတွေကနေ ရိုက်ထားတဲ့ စုစုပေါင်း ၁ နာရီကြာတဲ့ Video ပုံတွေထဲမှာ Tyre Nichols က သူ့အမေကို အော်ဟစ်တောင်းတနေတဲ့ အသံတွေကိုလည်း ကြားရပါတယ်။

အဲဒီ Video ပုံတွေကို ရဲကထုတ်ပြန်ခဲ့ပြီးနောက် Memphis မြို့အပြင်၊ Los Angeles၊ New York စတဲ့မြို့တချို့မှာ ရဲတွေရဲ့ လုပ်ရပ်အပေါ် ဆန့်ကျင်ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။ ဇန်နဝါရီလ ၇ ရက်နေ့က ရဲတွေရဲ့ ရိုက်နှက်မှုခံခဲ့ရတဲ့ Tyre Nichols ဟာ ၃ ရက်အကြာ ဆေးရုံပေါ်မှာ သေဆုံးခဲ့ပါတယ်။ ရဲတွေရဲ့ ရိုက်နှက်နေတဲ့ Video ပုံတွေကြောင့် အမေရိကန်ရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်တယ်လို့ သမ္မတ Joe Biden က သောကြာနေ့ ညပိုင်းက အခုလို ပြောကြားခဲ့ပါတယ်။

ပထမဆုံး အန္တရာယ်ကတော့ အပြစ်မဲ့သူတွေရဲ့ အသက်တွေဖြစ်ပါတယ်။ ဒုတိယအနေနဲ့ကတော့ အမေရိကန်ရဲ့ ပုံရိပ်ဖြစ်ပါတယ်။ အမေရိကန်ဟာ တရားဥပဒေစိုးမိုးမှုရှိတဲ့နိုင်ငံလို့ ကျွန်တော်တို့ ပြောနေတာ တကယ်ဟုတ်ရဲ့လားဆိုတဲ့ နိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်စေနိုင်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြမှုနဲ့ အမှားအမှန်ကို တရားရုံးတွေက အဆုံးအဖြတ် ပေးစေတဲ့နိုင်ငံ ဟုတ်ရဲ့လားဆိုတဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်တယ်လို့ သမ္မတ Joe Biden က ပြောကြားခဲ့တာဖြစ်ပါတယ်။

Tyre Nichols ရဲ့ မိခင်ကိုလည်း သူဆက်သွယ်ခဲ့ပြီး စိတ်မကောင်းစကား ပြောကြားခဲ့တယ်လု့ သမ္မတက ပြောပါတယ်။ ရဲတွေ စည်းကမ်းနဲ့အညီ လိုက်နာမှုမရှိတဲ့ လုပ်ရပ်တွေကို တားဆီးနိုင်ဖို့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး George Floyd Act ဥပဒေကို လွှတ်တော်မှာ အတည်ပြုအောင် သူကြိုးပမ်းမယ်လို့လည်း သမ္မတ Biden ကသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

၂၀၂၀ ခုနှစ်က Minneapolis ရဲတွေ ဖမ်းခံထားရစဉ် လူဖြူရဲလက်ချက်နဲ့ လူမည်းအမျိုးသား George Floyd သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကြောင့် အမေရိကန်အပြင် တကမ္ဘာတဝန်းမှာ လူမည်းတွေရဲ့ အသက်တွေလည်းတန်ဖိုးရှိပါတယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။ အခု Tyre Nichols ကို ဖမ်းဆီးထိုးကြိတ်ခဲ့ကြတဲ့ ရဲ ၅ ယောက်လုံးက လူမည်းတွေဖြစ်ကြပြီး သူတို့အပေါ် လူသေစေမှုပုဒ်မတွေနဲ့ အမှုဖွင့်ထားပါတယ်။

ရဲတွေနိုင့်ထက်စီးနင်းလုပ်နေတဲ့ Video ကြောင် နိုင်ငံတဝန်း ဆန္ဒပြမှုတွေ ဖြစ်လာနိုင်တာကြောင့် မြို့အာဏာပိုင်တွေ ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်ထားကြပါတယ်။ ဆန္ဒပြသူတွေအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြဖို့အတွက် Tyre Nichols ရဲ့ မိသားစုဝင်တွေက ပန်ကြားထားပါတယ်။

XS
SM
MD
LG