သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိမ္ျဖဴေတာ္မွာ တ႐ုတ္ႏွစ္ကူးပြဲက်င္းပ 


အိမ္ျဖဴေတာ္မွာ တ႐ုတ္ႏွစ္သစ္ကူးက်င္းပေနတဲ့ သမၼတဂ်ိဳးဘိုင္ဒန္နဲ႔ သမၼတကေတာ္ ေဂ်းလ္ဘိုင္ဒန္ (ဇန္နဝါရီ ၂၆၊ ၂၀၂၃)

ဝါရွင္တန္ၿမိဳ႕ေတာ္က သမၼတအိမ္ေတာ္ အိမ္ျဖဴေတာ္မွာ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ Joe Biden နဲ႔ သမၼတကေတာ္ ေဂ်းလ္ဘိုင္ဒန္ (Jill Biden) တို႔ တ႐ုတ္ႏွစ္သစ္ကူးပြဲ က်င္းပခဲ့ပါတယ္။ ကယ္လီဖိုးနီးယားျပည္နယ္မွာ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ဆင္ႏြဲေနသူ ၁၁ ဦးထက္မနည္း အာရွေသနတ္သမားလက္ခ်က္နဲ႔ ေသဆံုးခဲ့သူေတြအတြက္ ေအာက္ေမ့သတိရတဲ့ ဆုေတာင္းပြဲနဲ႔အတူ အိမ္ျဖဴေတာ္မွာ အာရွႏြယ္ဖြားေတြကို ဖိတ္ၾကားၿပီး မေန႔ညေနက ဒီအခမ္းအနားက်င္းပခဲ့တာပါ။

အခုလို အတိုင္းအတာမ်ိဳးနဲ႔ အိမ္ျဖဴေတာ္မွာ ပထမဆံုးက်င္းပတဲ့ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ တက္ေရာက္လာသူအားလံုးကို ႀကိဳဆိုခြင့္ရလို႔ ကၽြန္ေတာ္နဲ႔ ေဂ်းလ္တို႔ ႏွစ္ေယာက္လုံးက ဂုဏ္ယူမိပါတယ္၊ အိမ္ျဖဴေတာ္ဟာ ျပည္သူေတြရဲ႕ ေနအိမ္ပါလို႔၊ သမၼတ ဘိုင္ဒန္ကေေျပာၾကားခဲ့ပါတယ္။ အာရွႏြယ္ဖြားေတြကို ပစ္မွတ္ထားတဲ့ အမုန္းတရား အေျခခံ ရာဇဝတ္မႈေတြ တိုးလာေနတာေၾကာင့္ အေမရိကန္ျပည္ေထာင္စုအတြင္း အာရွႏြယ္ဖြား အသိုက္အဝန္းၾကားမွာ နာက်င္မႈနဲ႔ ဆုံးရႈံးမႈေတြ ဆိုးဆိုးဝါးဝါး ႀကဳံခဲ့ၾကရတာကိုလည္း သမၼတ Biden ကထည့္သြင္းေျပာၾကားခဲ့ပါတယ္။ ကယ္လီဖိုးနီးယားျပည္နယ္ Monterey Park မွာ ႏွစ္သစ္ကူးအႀကိဳေန႔က ပစ္ခတ္မႈေၾကာင့္ ၁၁ ဦးေသဆုံးခဲ့ၿပီး ေနာက္ ၂ ရက္အၾကာ ဆန္ဖရန္စစၥကို Half Moon Bay ပစ္ခတ္မႈမွာေတာ့ ၇ ဦး ေသဆုံးခဲ့ပါတယ္။ ဗုဒၶဟူးေန႔ကေတာ့ ဒုသမၼတကမ္မလာဟဲရစ္စ္ (Kamala Harris) ပစ္ခတ္မႈျဖစ္ပြားတဲ့ Monterey Park ကိုသြားေရာက္ၿပီး က်န္ရစ္သူ မိသားစုေတြကို ေတြ႕ဆုံအားေပးခဲ့သလို ေသနတ္ကိုင္ေဆာင္ခြင့္တင္းၾကပ္ေရးကိစၥေတြ ေျပာဆိုခဲ့ပါတယ္။

အိမ္ျဖဴေတာ္မွာ တ႐ုတ္ႏွစ္ကူးပြဲက်င္းပ
please wait

No media source currently available

0:00 0:01:13 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode]

အိမ်ဖြူတော်မှာ တရုတ်နှစ်ကူးပွဲကျင်းပ

ဝါရှင်တန်မြို့တော်က သမ္မတအိမ်တော် အိမ်ဖြူတော်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် Joe Biden နဲ့ သမ္မတကတော် ဂျေးလ်ဘိုင်ဒန် (Jill Biden) တို့ တရုတ်နှစ်သစ်ကူးပွဲ ကျင်းပခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ တရုတ်နှစ်သစ်ကူးပွဲတော်ဆင်နွဲနေသူ ၁၁ ဦးထက်မနည်း အာရှသေနတ်သမားလက်ချက်နဲ့ သေဆုံးခဲ့သူတွေအတွက် အောက်မေ့သတိရတဲ့ ဆုတောင်းပွဲနဲ့အတူ အိမ်ဖြူတော်မှာ အာရှနွယ်ဖွားတွေကို ဖိတ်ကြားပြီး မနေ့ညနေက ဒီအခမ်းအနားကျင်းပခဲ့တာပါ။

အခုလို အတိုင်းအတာမျိုးနဲ့ အိမ်ဖြူတော်မှာ ပထမဆုံးကျင်းပတဲ့ တရုတ်နှစ်သစ်ကူးပွဲတော် တက်ရောက်လာသူအားလုံးကို ကြိုဆိုခွင့်ရလို့ ကျွန်တော်နဲ့ ဂျေးလ်တို့ နှစ်ယောက်လုံးက ဂုဏ်ယူမိပါတယ်၊ အိမ်ဖြူတော်ဟာ ပြည်သူတွေရဲ့ နေအိမ်ပါလို့၊ သမ္မတ ဘိုင်ဒန်ကေပြောကြားခဲ့ပါတယ်။ အာရှနွယ်ဖွားတွေကို ပစ်မှတ်ထားတဲ့ အမုန်းတရား အခြေခံ ရာဇဝတ်မှုတွေ တိုးလာနေတာကြောင့် အမေရိကန်ပြည်ထောင်စုအတွင်း အာရှနွယ်ဖွား အသိုက်အဝန်းကြားမှာ နာကျင်မှုနဲ့ ဆုံးရှုံးမှုတွေ ဆိုးဆိုးဝါးဝါး ကြုံခဲ့ကြရတာကိုလည်း သမ္မတ Biden ကထည့်သွင်းပြောကြားခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် Monterey Park မှာ နှစ်သစ်ကူးအကြိုနေ့က ပစ်ခတ်မှုကြောင့် ၁၁ ဦးသေဆုံးခဲ့ပြီး နောက် ၂ ရက်အကြာ ဆန်ဖရန်စစ္စကို Half Moon Bay ပစ်ခတ်မှုမှာတော့ ၇ ဦး သေဆုံးခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ကတော့ ဒုသမ္မတကမ်မလာဟဲရစ်စ် (Kamala Harris) ပစ်ခတ်မှုဖြစ်ပွားတဲ့ Monterey Park ကိုသွားရောက်ပြီး ကျန်ရစ်သူ မိသားစုတွေကို တွေ့ဆုံအားပေးခဲ့သလို သေနတ်ကိုင်ဆောင်ခွင့်တင်းကြပ်ရေးကိစ္စတွေ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG