သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကာလီဖိုးနီးယားမွာ တ႐ုတ္ႏွစ္သစ္ကူးညက ပစ္ခတ္ခဲ့တဲ့ ေသနတ္သမားကို အေသဖမ္းမိ 


ကာလီဖိုးနီးယား တ႐ုတ္ႏွစ္သစ္ကူးပစ္ခတ္မႈ သံသယရွိသူ ေသနတ္သမားစီးလာတဲ့ အျဖဴေရာင္ဗင္ကားကို ရဲတပ္ဖြဲ႔က က်ည္ကာကားေတြနဲ႔ ဝိုင္းထားစဥ္ (ဇန္နဝါရီ ၂၂၊ ၂၀၂၃)

အေမရိကန္ျပည္ေထာင္စု ကာလီဖိုးနီးယားျပည္နယ္ Monterey Park မွာ ဇန္နဝါရီ ၂၁ ရက္၊ စေနေန႔ညပိုင္းက ပစ္ခတ္မႈက်ဴးလြန္တယ္လို႔ သံသယရွိ ေသနတ္သမားေသဆုံးသြားၿပီလို႔ ရဲတပ္ဖြဲ႕ကေျပာပါတယ္။

ဇန္နဝါရီ ၂၁ ရက္ညပိုင္း တ႐ုတ္ႏွစ္သစ္ကူးအႀကိဳည အာရွသားအမ်ားစုေနထိုင္တဲ့ Monterey Park အရပ္က ကပြဲခန္းမတခုမွာ ပစ္ခတ္မႈျဖစ္ပြါးခဲ့တာေၾကာင့္ လူ ၁၀ ေယာက္ ေသဆုံးၿပီး ၁၀ ေယာက္ ဒဏ္ရာရခဲ့ပါတယ္။

အေစာပိုင္း ပစ္ခတ္မႈအၿပီးေနာက္ အနီးနား Alhambra က ေနာက္ထပ္ကပြဲ႐ုံတခုကို ဆက္သြားခဲ့ေပမယ့္ သူ႔ကို ကပြဲ႐ုံထဲမဝင္ႏိုင္ေအာင္ လူ ၂ ေယာက္က အတင္းဝင္လုံးၿပီး တားဆီးႏိုင္လိုက္တာေၾကာင့္ သူက ဗင္ကားအျဖဴတစီးနဲ႔ ထြက္ေျပးသြားခဲ့တာပါ။

တနဂၤေႏြေန႔၊ မနက္ပိုင္းမွာ ပစ္ခတ္မႈျဖစ္ခဲ့တဲ့ ေနရာနဲ႔သိပ္မေဝးတဲ့ Torrance က ေစ်းဝယ္စင္တာ ကားရပ္နားကြင္းတခုထဲ သံသယရွိ ေသနတ္သမား အသက္ ၇၂ ႏွစ္အ႐ြယ္ Huu Can Tran ဟာ ကားထဲမွာ ေသဆုံးေနတာကို ရဲကေတြ႕ခဲ့ပါတယ္။ ရဲေတြကားနားကို ေရာက္တဲ့အခ်ိန္ ေသနတ္သံတခ်က္ၾကားလိုက္ရတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။

Tran က သူ႔ကိုယ္သူ သတ္ေသသြားတာျဖစ္ၿပီးေတာ့၊ သူ႔ကားထဲမွာ ေနာက္ထပ္ေသနတ္တလက္အျပင္၊ Monterey Park က ပြဲ႐ုံပစ္ခတ္မႈနဲ႔ ဆက္စပ္တဲ့ အေထာက္အထားေတြကို ရွာေတြ႕ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။

တ႐ုတ္ႏွစ္ကူး ကယ္လီဖိုးနီးယား ပစ္ခတ္မႈ မိသားစုေတြ ေၾကကြဲ
please wait

No media source currently available

0:00 0:03:09 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode]

ကာလီဖိုးနီးယားမှာ တရုတ်နှစ်သစ်ကူးညက ပစ်ခတ်ခဲ့တဲ့ သေနတ်သမားကို အသေဖမ်းမိ

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် Monterey Park မှာ ဇန်နဝါရီ ၂၁ ရက်၊ စနေနေ့ညပိုင်းက ပစ်ခတ်မှုကျူးလွန်တယ်လို့ သံသယရှိ သေနတ်သမားသေဆုံးသွားပြီလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

ဇန်နဝါရီ ၂၁ ရက်ညပိုင်း တရုတ်နှစ်သစ်ကူးအကြိုည အာရှသားအများစုနေထိုင်တဲ့ Monterey Park အရပ်က ကပွဲခန်းမတခုမှာ ပစ်ခတ်မှုဖြစ်ပွါးခဲ့တာကြောင့် လူ ၁၀ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။

အစောပိုင်း ပစ်ခတ်မှုအပြီးနောက် အနီးနား Alhambra က နောက်ထပ်ကပွဲရုံတခုကို ဆက်သွားခဲ့ပေမဲ့ သူ့ကို ကပွဲရုံထဲမဝင်နိုင်အောင် လူ ၂ ယောက်က အတင်းဝင်လုံးပြီး တားဆီးနိုင်လိုက်တာကြောင့် သူက ဗင်ကားအဖြူတစီးနဲ့ ထွက်ပြေးသွားခဲ့တာပါ။

တနင်္ဂနွေနေ့၊ မနက်ပိုင်းမှာ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ နေရာနဲ့သိပ်မဝေးတဲ့ Torrance က ဈေးဝယ်စင်တာ ကားရပ်နားကွင်းတခုထဲ သံသယရှိ သေနတ်သမား အသက် ၇၂ နှစ်အရွယ် Huu Can Tran ဟာ ကားထဲမှာ သေဆုံးနေတာကို ရဲကတွေ့ခဲ့ပါတယ်။ ရဲတွေကားနားကို ရောက်တဲ့အချိန် သေနတ်သံတချက်ကြားလိုက်ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Tran က သူ့ကိုယ်သူ သတ်သေသွားတာဖြစ်ပြီးတော့၊ သူ့ကားထဲမှာ နောက်ထပ်သေနတ်တလက်အပြင်၊ Monterey Park က ပွဲရုံပစ်ခတ်မှုနဲ့ ဆက်စပ်တဲ့ အထောက်အထားတွေကို ရှာတွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

XS
SM
MD
LG