သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယား ပစ်ခတ်မှုကျုးလွန်သူကို အာဏာပိုင်တွေ ဆက်လက်ရှာဖွေ 


California Shooting
California Shooting

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Los Angeles မြို့အနီး တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပနေတဲ့ ကပွဲတခုမှာ စနေနေ့ ညနှောင်းပိုင်းက လူ ၁၀ ယောက် သေဆုံးခဲ့တဲ့ ပစ်ခတ်မှု ကျုးလွန်သူကို အာဏာပိုင်တွေ ဆက်လက် ရှာဖွေနေပါတယ်။

ကယ်လီဖိုးနီးယား ပစ်ခတ်မှုကျုးလွန်သူကို အာဏာပိုင်တွေ ဆက်လက်ရှာဖွေ

{{Zawgyi/Unicode}}
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Los Angeles မြို့အနီး တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပနေတဲ့ ကပွဲတခုမှာ စနေနေ့ ညနှောင်းပိုင်းက လူ ၁၀ ယောက် သေဆုံးခဲ့တဲ့ ပစ်ခတ်မှု ကျုးလွန်သူကို အာဏာပိုင်တွေ ဆက်လက် ရှာဖွေနေပါတယ်။ Monterey Park အရပ်က Star Ballroom Dance စတူဒီယိုပစ်ခတ်မှုမှာ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ခရိုင်ရဲမှူး Robert Luna ကပြောပါတယ်။

အခင်းဖြစ်ပြီး မိနစ် ၂၀၊ ၃၀ အကြာလောက်မှာပဲ အနီးအနားမှာရှိတဲ့ Alhambra မြို့က Lai Lai Ballroom ခန်းမထဲကို သေနတ်တလက်နဲ့ လူတယောက်ဝင်လာခဲ့တယ်လို့လည်း ရဲမှူးက ပြောပေမဲ့ ဒီဖြစ်ရပ်နှစ်ခု ဆက်စပ်မှုရှိမရှိဆိုတာ ရှင်းရှင်းလင်းလင်းမရှိသေးဘူးလို့လည်း ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်နေတဲ့ သေနတ်သမားကို ရဲတို့က အပူတပြင်းလိုက်လံရှာဖွေနေပြီး မသင်္ကာတဲ့ ကားတွေကို လုံခြုံရေး အထူးတပ်ဖွဲ့တွေက ရှာဖွေတာတွေလည်း ရှိခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာပဲ မသင်္ကာသူရဲ့ ဓာတ်ပုံကိုလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီပုံမှာတော့ အညိုရောင် ဂျာကင်၊ အဖြူရောင်အကွက်တွေပါတဲ့ သိုးမွေးဦးထုပ်ဆောင်းထားတဲ့ မျက်မှန်တပ်ထားတဲ့ အာရှနွယ်ဖွားအမျိုးသားတဦးရဲ့ပုံကိုတွေ့ရပါတယ်။

သူ့ကိုဘယ်သူဘယ်ဝါဖြစ်မှန်းမသိရသေးပေမယ့် အန္တရာယ်ရှိတဲ့သူအဖြစ် သတ်မှတ်ထားတယ်လို့လည်း ရဲတို့ကပြောပါတယ်။

ကယ်လီဖိုးနီးယား ပစ်ခတ်မှုကျုးလွန်သူကို အာဏာပိုင်တွေ ဆက်လက်ရှာဖွေ
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}





XS
SM
MD
LG