ပါရီမွာ ရဲ နဲ႔ ကာ့ဒ္လူမ်ိဳးေတြ အဓိကရုဏ္း ဒုတိယေန႔
{{Zawgyi/Unicode}}
ၿပီးခဲ့တဲ့ ေသာၾကာေန႔က ျပင္သစ္ႏိုင္မွာ ေသနတ္သမားရဲ႔ လက္ခ်က္ေၾကာင့္ ကဒ္လူမ်ိဳးစု၀င္ ၃ ဦး အသတ္ခံရတဲ့ကိစၥအေပၚ မေၾကနပ္တဲ့အတြက္ စေနေန႔က ဒုတိယေန႔အျဖစ္ ပါရီၿမိဳ႔ေတာ္မွာ ကဒ္ လူမ်ိဳးစု၀င္ေတြ ဆႏၵျပခဲ့ၾကၿပီး ရဲေတြနဲ႔ အဓိက႐ုန္းေတြ ထပ္မံျဖစ္ပြားခဲ့ပါတယ္။
ကဒ္လူမ်ိဳးစု၀င္ေတြကို တိုက္ခိုက္ခဲ႔တာဟာ အၾကမ္းဖက္မႈတရပ္ ျဖစ္တယ္လို႔ ျပင္သစ္ႏိုင္ငံက ကဒ္ ဒီမိုကရက္တစ္ ေကာင္စီ (CDKF) ရဲ႔ ေျပာေရးဆိုခြင့္ရွိသူ Agit Polat ကေျပာဆိုပါတယ္။
“ ဒါဟာ အၾကမ္းဖက္ တိုက္ခိုက္မႈျဖစ္တယ္ဆိုတာကို က်ေနာ္တို႔ သံသယမရွိပါဘူး။ ဒါဟာ ႏိုင္ငံေရးအရ လုပ္ၾကံ တိုက္ခိုက္တာပါ။ က်ေနာ္တို႔ အဖဲြ႔အစည္းကို ဦးတည္တိုက္ခိုက္တာပါ။ ဒီကိစၥကို စုံစမ္းစစ္ေဆး ေဖၚထုတ္သြားမွာပါ။ ဘာေတြ ျဖစ္လာမလဲဆိုတာကို က်ေနာ္တို႔ ေစာင့္ၾကည့္ရမွာပါ။” လို႔ CDKF ရဲ႔ ေျပာေရးဆိုခြင့္ရွိသူက ပါရီၿမိဳ႔ေတာ္ရဲ႔ ရဲတပ္ဖဲြ႔ အႀကီးအကဲနဲ႔ ေတြ႕ဆုံအၿပီးမွာ သတင္းေထာက္ေတြကို ေျပာဆိုခဲ့တာပါ။
ၿပီးခဲ့တဲ့ေသာၾကာေန႔က ပါရီၿမီဳေတာ္ရဲ႔လူစည္ကားရာ အမွတ္ ၁၀ ရပ္ကြက္မွာရွိတဲ့ ကဒ္လူမ်ိဳးစုယဥ္ေက်းမႈအေဆာက္အဦး မွာ လြန္ခဲ့တဲ့၁၀ ႏွစ္၊ ၂၀၁၃ ခုႏွစ္က အသတ္ခံခဲ့ရတဲ့ကဒ္လူမ်ိဳးစု၀င္ အမ်ိဳးသမီး ၃ ဦးအတြက္ႏွစ္ပတ္လည္ေအာက္ေမ့ ဖြယ္အခန္းအနားက်င္းပဖို႔ ျပင္ဆင္ေနစဥ္ ေသနတ္သမားတဦးက ၀င္ေရာက္ပစ္ခတ္ခဲ့တဲ့အတြက္ ကဒ္လူမ်ိဳးစု၀င္ ၃ ဦးထပ္မံေသဆုံးခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္အမႈမွာသံသယရွိသူအသတ္ခံခဲ့ရတဲ့အတြက္အမႈၿပီးဆုံးတဲ့ အထိစစ္ေဆးေဖၚ ထုတ္ႏိုင္ခဲ့ျခင္းရွိပါဘူး။
စေနေန႔ကေတာ့ ဆႏၵျပသူေတြဟာ ပါရီၿမိဳ႔ေတာ္ရဲ႔ Republic ရင္ျပင္မွာ စုံ႐ုံးခဲ့ၾကၿပီး ေဒါသထြက္ေနၾကတဲ့ ဆႏၵျပသူတခ်ိဳ႔က ကားေတြကို ဖ်က္ဆီးတာ၊ မီးရိႈ႔တာေတြ လုပ္ခဲ့သလို ရဲေတြကလည္း မ်က္ရည္ယုံဗုံးေတြနဲ႔ ပစ္ခတ္လူစုခဲြခဲ့ပါတယ္။
ပါရီမှာ ရဲ နဲ့ ကာ့ဒ်လူမျိုးတွေ အဓိကရုဏ်း ဒုတိယနေ့
{{Zawgyi/Unicode}}
ပြီးခဲ့တဲ့ သောကြာနေ့က ပြင်သစ်နိုင်မှာ သေနတ်သမားရဲ့ လက်ချက်ကြောင့် ကဒ်လူမျိုးစုဝင် ၃ ဦး အသတ်ခံရတဲ့ကိစ္စအပေါ် မကြေနပ်တဲ့အတွက် စနေနေ့က ဒုတိယနေ့အဖြစ် ပါရီမြို့တော်မှာ ကဒ် လူမျိုးစုဝင်တွေ ဆန္ဒပြခဲ့ကြပြီး ရဲတွေနဲ့ အဓိကရုန်းတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။
ကဒ်လူမျိုးစုဝင်တွေကို တိုက်ခိုက်ခဲ့တာဟာ အကြမ်းဖက်မှုတရပ် ဖြစ်တယ်လို့ ပြင်သစ်နိုင်ငံက ကဒ် ဒီမိုကရက်တစ် ကောင်စီ (CDKF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ Agit Polat ကပြောဆိုပါတယ်။
“ ဒါဟာ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်တယ်ဆိုတာကို ကျနော်တို့ သံသယမရှိပါဘူး။ ဒါဟာ နိုင်ငံရေးအရ လုပ်ကြံ တိုက်ခိုက်တာပါ။ ကျနော်တို့ အဖွဲ့အစည်းကို ဦးတည်တိုက်ခိုက်တာပါ။ ဒီကိစ္စကို စုံစမ်းစစ်ဆေး ဖေါ်ထုတ်သွားမှာပါ။ ဘာတွေ ဖြစ်လာမလဲဆိုတာကို ကျနော်တို့ စောင့်ကြည့်ရမှာပါ။” လို့ CDKF ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပါရီမြို့တော်ရဲ့ ရဲတပ်ဖွဲ့ အကြီးအကဲနဲ့ တွေ့ဆုံအပြီးမှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။
ပြီးခဲ့တဲ့သောကြာနေ့က ပါရီမြီုတော်ရဲ့လူစည်ကားရာ အမှတ် ၁၀ ရပ်ကွက်မှာရှိတဲ့ ကဒ်လူမျိုးစုယဉ်ကျေးမှုအဆောက်အဦး မှာ လွန်ခဲ့တဲ့၁၀ နှစ်၊ ၂၀၁၃ ခုနှစ်က အသတ်ခံခဲ့ရတဲ့ကဒ်လူမျိုးစုဝင် အမျိုးသမီး ၃ ဦးအတွက်နှစ်ပတ်လည်အောက်မေ့ ဖွယ်အခန်းအနားကျင်းပဖို့ ပြင်ဆင်နေစဉ် သေနတ်သမားတဦးက ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် ကဒ်လူမျိုးစုဝင် ၃ ဦးထပ်မံသေဆုံးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်အမှုမှာသံသယရှိသူအသတ်ခံခဲ့ရတဲ့အတွက်အမှုပြီးဆုံးတဲ့ အထိစစ်ဆေးဖေါ် ထုတ်နိုင်ခဲ့ခြင်းရှိပါဘူး။
စနေနေ့ကတော့ ဆန္ဒပြသူတွေဟာ ပါရီမြို့တော်ရဲ့ Republic ရင်ပြင်မှာ စုံရုံးခဲ့ကြပြီး ဒေါသထွက်နေကြတဲ့ ဆန္ဒပြသူတချို့က ကားတွေကို ဖျက်ဆီးတာ၊ မီးရှို့တာတွေ လုပ်ခဲ့သလို ရဲတွေကလည်း မျက်ရည်ယုံဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ပါတယ်။