ပါရီၿမိဳ႕လယ္ Kurdish Center အနီး ပစ္ခတ္မႈ (၃) ဦးေသဆံုး
{{Zawgyi/Unicode}}
ျပင္သစ္ႏိုင္ငံ ၊ Paris ၿမိဳ႕ေတာ္ ရွိ Kurdish ယဥ္ေက်းမႈစင္တာ နဲ႔ တျခား စီးပြားေရးလုပ္ငန္း အေဆာက္အဦေတြ အနီးမွာ ေသာၾကာေန႔မွာ အမ်ိဳးသားတဦးကေန ေသနတ္နဲ႔ ပစ္ခတ္ခဲ့တဲ့အတြက္ေၾကာင့္ လူ ၃ ဦးေသဆုံးၿပီး အေတာ္မ်ားမ်ား ဒဏ္ရာေတြ ရရွိကုန္ၾကပါတယ္။
" သူဟာ ႏိုင္ငံျခားသားေတြကို တိုက္ခုိက္ခ်င္ေနတယ္ဆိုတာကေတာ့ ေပၚလြင္ပါတယ္။ Kurds လူမ်ဳိးေတြကို အထူးျပဳၿပီး ပစ္မွတ္ထား တိုက္ခိုက္ခ်င္ေနသလားဆိုတာဆိုတာကေတာ့ အစိုးရေရွ႕ေန က ဦးေဆာင္ၿပီး တရားေရးဆိုင္ရာ စုံစမ္းမႈေတြကို လုပ္ေဆာင္ပါလိမ့္မယ္ " လို႔ ျပင္သစ္ ျပည္ထဲေရးဝန္ႀကီး Gerald Darmanin က ေျပာပါတယ္။
အသက္ ၆၉ ႏွစ္အ႐ြယ္ရွိ ေသနတ္သမားကိုလည္း ရဲတပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီးလိုက္ပါတယ္။ အဲဒီ လူဟာ ၿပီးခဲ့တဲ့ တႏွစ္ကလည္း ေ႐ႊ႕ေျပာင္းအေျခခ်ေနထိုင္သူေတြကို ထားတဲ့စခန္းတခုကို တိုက္ခိုက္ခဲ့တဲ့အတြက္ေၾကာင့္ ဖမ္းဆီးခံခဲ့ရၿပီး မၾကာေသးခင္ကမွ အက်ဥ္းေထာင္ကေန လြတ္ေျမာက္လာသူျဖစ္တယ္လို႔ Paris ၿမိဳ႕ရွိ အစိုးရ ေရွ႕ေန႐ုံးက ေျပာပါတယ္။
အခုပစ္ခတ္ခဲ့မႈကိုလည္း သူအေနနဲ႔ လူမ်ိဳးေရး ခြဲျခားတဲ့ စိတ္အေျခခံနဲ႔ ပစ္ခတ္ခဲ့သလား ဆိုၿပီး စုံစမ္းစစ္ေဆးေရး အရာရွိေတြက စဥ္စားေနၾကပါတယ္။
အဲဒီလို တိုက္ခိုက္မႈအၿပီးမွာ Kurdish မ်ိဳးႏြယ္ေတြက တူရကီအစိုးရကို ဆန႔္က်င္ၾကတဲ့ ေႂကြးေၾကာ္သံေတြကို ဟစ္ေအာ္ခဲ့ၾကတဲ့အတြက္ ရဲတပ္ဖြဲ႕ဝင္ေတြက မ်က္ရည္ယိုဗုံးေတြသုံးၿပီး လူစု႔ခြဲလိုက္ပါတယ္။
ျပင္သစ္ႏိုင္ငံ အေျခစိုက္ Kurdish Democratic Council ရဲ႕ အရာရွိတဦးျဖစ္တဲ့ Berivan Firat က အဲဒီ ေသနတ္သမားဟာ Kurdish ယဥ္ေက်းမႈစင္တာ တင္မက စားေသာက္ဆိုင္တဆိုင္ နဲ႔ ဆံပင္အလွျပင္ဆိုင္တို႔ကိုလည္း တိုက္ခိုက္ခဲ့ေၾကာင္း VOA Kurdish Service ကို ေျပာပါတယ္။
ျပင္သစ္ သမၼတ Emmanuel Macron ကလည္း ျပင္သစ္ႏိုင္ငံ က Kudish ေတြကို ပစ္ခတ္တိုက္ခိုက္ခံရသူေတြရဲ႕ မိသားစုေတြ၊ ခ်စ္ခင္ရသူေတြနဲ႔အတူ မိမိတို႔ရဲ႕ ႏွလုံးသားမွာ အတူရွိပါေၾကာင္း Twitter လူမႈကြန္ရက္မွာ ေရးသားထားပါတယ္။
ပါရီမြို့လယ် Kurdish Center အနီး ပစ်ခတ်မှု (၃) ဦးသေဆုံး
{{Zawgyi/Unicode}}
ပြင်သစ်နိုင်ငံ ၊ Paris မြို့တော် ရှိ Kurdish ယဉ်ကျေးမှုစင်တာ နဲ့ တခြား စီးပွားရေးလုပ်ငန်း အဆောက်အဦတွေ အနီးမှာ သောကြာနေ့မှာ အမျိုးသားတဦးကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့် လူ ၃ ဦးသေဆုံးပြီး အတော်များများ ဒဏ်ရာတွေ ရရှိကုန်ကြပါတယ်။
" သူဟာ နိုင်ငံခြားသားတွေကို တိုက်ခိုက်ချင်နေတယ်ဆိုတာကတော့ ပေါ်လွင်ပါတယ်။ Kurds လူမျိုးတွေကို အထူးပြုပြီး ပစ်မှတ်ထား တိုက်ခိုက်ချင်နေသလားဆိုတာဆိုတာကတော့ အစိုးရရှေ့နေ က ဦးဆောင်ပြီး တရားရေးဆိုင်ရာ စုံစမ်းမှုတွေကို လုပ်ဆောင်ပါလိမ့်မယ် " လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး Gerald Darmanin က ပြောပါတယ်။
အသက် ၆၉ နှစ်အရွယ်ရှိ သေနတ်သမားကိုလည်း ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်ပါတယ်။ အဲဒီ လူဟာ ပြီးခဲ့တဲ့ တနှစ်ကလည်း ရွှေ့ပြောင်းအခြေချနေထိုင်သူတွေကို ထားတဲ့စခန်းတခုကို တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် ဖမ်းဆီးခံခဲ့ရပြီး မကြာသေးခင်ကမှ အကျဉ်းထောင်ကနေ လွတ်မြောက်လာသူဖြစ်တယ်လို့ Paris မြို့ရှိ အစိုးရ ရှေ့နေရုံးက ပြောပါတယ်။
အခုပစ်ခတ်ခဲ့မှုကိုလည်း သူအနေနဲ့ လူမျိုးရေး ခွဲခြားတဲ့ စိတ်အခြေခံနဲ့ ပစ်ခတ်ခဲ့သလား ဆိုပြီး စုံစမ်းစစ်ဆေးရေး အရာရှိတွေက စဉ်စားနေကြပါတယ်။
အဲဒီလို တိုက်ခိုက်မှုအပြီးမှာ Kurdish မျိုးနွယ်တွေက တူရကီအစိုးရကို ဆန့်ကျင်ကြတဲ့ ကြွေးကြော်သံတွေကို ဟစ်အော်ခဲ့ကြတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေသုံးပြီး လူစု့ခွဲလိုက်ပါတယ်။
ပြင်သစ်နိုင်ငံ အခြေစိုက် Kurdish Democratic Council ရဲ့ အရာရှိတဦးဖြစ်တဲ့ Berivan Firat က အဲဒီ သေနတ်သမားဟာ Kurdish ယဉ်ကျေးမှုစင်တာ တင်မက စားသောက်ဆိုင်တဆိုင် နဲ့ ဆံပင်အလှပြင်ဆိုင်တို့ကိုလည်း တိုက်ခိုက်ခဲ့ကြောင်း VOA Kurdish Service ကို ပြောပါတယ်။
ပြင်သစ် သမ္မတ Emmanuel Macron ကလည်း ပြင်သစ်နိုင်ငံ က Kudish တွေကို ပစ်ခတ်တိုက်ခိုက်ခံရသူတွေရဲ့ မိသားစုတွေ၊ ချစ်ခင်ရသူတွေနဲ့အတူ မိမိတို့ရဲ့ နှလုံးသားမှာ အတူရှိပါကြောင်း Twitter လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။