သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kobani မှာ ကာဒ်တပ်တွေ IS ကို အနိုင်ရ


Sanliufa ခရိုင်၊ Mursitpinar နယ်စပ်ကတူရကီစစ်သားတွေနဲ့ ဆီးရီးယားနိုင်ငံ၊ ကိုဘန်နီမြို့တွင်းက မီးလောင်နေရာကထွက်နေတဲ့ မီးခိုးတွေ။
Sanliufa ခရိုင်၊ Mursitpinar နယ်စပ်ကတူရကီစစ်သားတွေနဲ့ ဆီးရီးယားနိုင်ငံ၊ ကိုဘန်နီမြို့တွင်းက မီးလောင်နေရာကထွက်နေတဲ့ မီးခိုးတွေ။

တူရကီနယ်စပ် ဆီးရီးယားနိုင်ငံနယ်စပ်နားက Kobani မြို့ထဲက နေရာအတော်များများ ကို jihadists စစ်သွေးကြွတို့က သိမ်းပိုက်လိုက်ပြီး နှစ်ရက် အကြာမှာပဲIS စစ်သွေးကြွတွေကို က့ာဒ်ရှ် လူမျိုးစုတိုက်ခိုက်ရေးသမားတွေက တိုက်ထုတ်လိုက်ကြတယ်လို့ ဆီးရီးယားအရေး စောင့်ကြည့် လေ့လာနေသူတွေနဲ့ လှုပ်ရှားတက်ကြွသူတွေ ကပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ မြို့ကို IS တို့ဝင်ရောက်တိုက်ခိုက်ကြတဲ့ ပဋိပက္ခအတွင်း အရပ်သား သေဆုံးသူပေါင်း၁၇၄ ယောက်ရှိသွားပါပြီ။ Kobani မြေအောက်ထဲ ပုန်းအောင်းနေနိုင်တဲ့ IS တိုက်ခိုက်ရေးသမားတွေကို ကာ့ဒ်လူမျိုးစုတပ်တွေက ခုချိန်မှာ လိုက်လံရှာဖွေနေတယ်လို့ AP သတင်းဌာနက ဖော်ပြထားပါတယ်။ Konani မြို့ကို ကာ့ဒ်တပ်တွေက ထိန်းချုပ်ထားနိုင်ပြီလို့ဒေသခံသတင်းထောက် Rudi Mohammad Amin ကပြောပါတယ်။

အမေရိကန်ဦးဆောင်တဲ့ညွန့်ပေါင်းလေတပ်တွေရဲ့ အကူအညီရနေတဲ့ ကာ့ဒ်လူမျိုးစုတပ်တွေက တူရကီနိုင်ငံနယ်စပ်နဲ့လည်း ထိစပ်နေတဲ့ Kobani မြို့ကို ဒီနှစ်အစောပိုင်းတုန်းက ပြန် သိမ်းပိုကနနိုင်ခဲ့ပြီးတဲ့နောက် မြို့ရဲ့ အခြားအပိုင်းတွေမှာ IS တပ်တွေက ဝင်ပြီး ပြန်သိမ်းပိုက်သွားတာ မျိုးတွေလည်း ရှိနေခဲ့တာပါ။

XS
SM
MD
LG