သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kurd အမာခံမြို့ကို အီရတ်အစိုးရတပ်တွေသိမ်း


အီရတ်အစိုးရ တပ်ဖွဲ့တွေဟာ တနင်္လာနေ့က Kurd လူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက Kirkuk မြို့ကို ဝင်ရောက် စီးနင်းပြီး ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ရုံး၊ စစ်တပ်စခန်းတွေနဲ့ ရေနံတွင်းတွေကို သိမ်းပိုက်လိုက်ပါတယ်။

အမေရိကန်က စစ်သင်တန်း ပို့ချပေးထားတဲ့ အီရတ်တပ်ဖွဲ့တွေဟာ အီရတ်ဝန်ကြီးချုပ် Haider al-Abadi ရဲ့ ညွန်ကြားချက်အရ မြောက်ပိုင်းမြို့ကို လျှင်မြန်စွာ ဝင်ရောက် သိမ်းပိုက်လိုက်ပြီး ကဒ်လူမျိုးစုတွေရဲ့ အလံနေရာမှာ အီရတ်အလံကို လွှင့်ထူခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ လအတွင်း အီရတ်အစိုးရက တရားမဝင်တဲ့ လုပ်ရပ်လို့ သတ်မှတ်ထားတဲ့ ကဒ်လူမျိုးစုတွေအနေနဲ့ သီးခြားနိုင်ငံ ထူထောင်ရေးအတွက် လူထုဆန္ဒခံယူပွဲ ပြုလုပ်အပြီးမှာ အီရတ်တပ်ဖွဲ့တွေက Kurd လူမျိုးစုဒေသကို စတင် တိုက်ခိုက်ပြီး တရက်အကြာမှာ အခုလို သိမ်းပိုက် လိုက်နိုင်တာ ဖြစ်ပါတယ်။

သူတို့ရဲ့ ထိုးစစ်တွေအပေါ် အများအားဖြင့် ခုခံ တိုက်ခိုက်မှုနဲ့ ရင်မဆိုင်ခဲ့ရဘူးလို့ အီရတ်အစိုးရက ပြောပါတယ်။ ဒါပေမယ့် Kirkuk မြိုကအတွင်းကို အီရတ်တပ်ဖွဲ့တွေ ဝင်ရောက်မလာခင် မြို့ရဲ့ တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ညပိုင်း တိုက်ပွဲတွေကြောင့် အီရတ်တပ်ဖွဲ့တွေရော Peshmerga လို့ခေါ်တဲ့ Kurd လူမျိုးစု တိုက်ခိုက်ရေးသမားတွေပါ သေဆုံးမှု ရှိခဲ့တယ်လို့ အကူအညီပေးရေး အဖွဲ့အစည်းတွေက ပြောပါတယ်။

ကဒ်လူမျိုးစုတွေအပေါ် စစ်ဆင်ခဲ့တဲ့အတွက် အီရတ်အစိုးရအနေနဲ့ ကြီးမားစွာ ပေးဆပ်ရလိမ့်မယ်လို့ Kurk လူမျိုးစု တပ်ဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG