သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အၾကမ္းဖက္မႈအေပၚ တူရကီစိုးရိမ္ခ်က္ NATO အတြင္းေရးမွဴး သေဘာတူ


NATO အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg (June 2, 2022, in Washington)

[[ ZAWGYI / UNICODE ]]

အၾကမ္းဖက္မႈအေပၚ တူရကီစိုးရိမ္ခ်က္ NATO အတြင္းေရးမွဴး သေဘာတူ

တူရကီအေနနဲ႔ အၾကမ္းဖက္သမားရန္နဲ႔ အျခားကိစၥရပ္ေတြ အေပၚစုိးရိမ္ပူပန္တာဟာတ ရား၀င္မႈရွိေၾကာင္းနဲ႔ ဒီကိစၥကုိအေလးနက္ထားေျဖရွင္းသင့္တယ္လုိ႔ NATO အတြင္းေရး မႈးခ်ဳပ္ Jens Stoltenberg က တနဂၤေႏြေန႔မွာေျပာဆုိလုိက္ပါတယ္။

“က်ေနာ္တို႔ရဲ႔အဓိကမဟာမိတ္တဦးျဖစ္တဲ့ တူရကီအေနနဲ႔ အၾကမ္းဖက္သမားရန္နဲ႔ ပတ္ သက္လုိ႔စုိးရိမ္ပူပန္ေၾကာင္းေျပာဆုိလာပါတယ္။ က်ေနာ္တို႔အတူတကြထုိင္ၿပီး၊ ဒီကိစၥကုိ အေလးအနက္ထားေဆြးေႏြးရပါမယ္။ ဒါဟာက်ေနာ္တုိ႔အေသအျခာလုပ္ရမယ့္အရာ အပါ။” လုိ႔ NATO အတြင္းေရးမႈးခ်ဳပ္ ယန္းစတုိလန္ဘတ္က သတင္းစာရွင္းလင္းပဲြမွာ ေျပာဆုိသြားတာပါ။

ၿပီးခဲ့တဲ့လထဲက NATO အဖဲြ႔၀င္အျဖစ္ေလ်ာက္ထားခဲ့တဲ့ ဖင္လန္နဲ႔ဆြီဒင္ႏုိင္ငံေတြဟာ တူရကီကအၾကမ္းဖက္သမားလုိ႔စြပ္စဲြထားတဲ့ Kurdish ကဒ္ အဖဲြ႔ေတြကုိ ကူညီအားေပး ေနတဲ့အတြက္ဆုိကာ တူရကီက အဖဲြ႔၀င္အျဖစ္ေလ်ာက္ထားတာကုိကန္႔ကြက္ခဲ့ၿပီး ဒီႏုိင္ငံေတြရဲမူ၀ါဒေျပာင္းလဲဖုိ႔ေတာင္းဆုိခဲ့ပါတယ္။

NATO မဟာမိတ္ေတြထဲမွာ တူရီကီေလာက္ အၾကမ္းဖက္သမားေတြရဲ႔တုိက္ခုိက္မႈကုိ ခံရတာမရွိဘူးပါဘူး၊ တူရကီႏုိင္ငံဟာ အီရတ္နဲ႔ဆီးရီးယားလုိ ႏုိင္ငံေတြနဲ့ထိစပ္ေနတဲ့ မဟာဗ်ဴဟာက်တဲ့ ေနရာမွာရွိတယ္လုိ႔ NATO အတြင္းေရးမႈးခ်ဳပ္ ယန္စတလုိလန္ ဘကတ္က ဖင္လန္ႏုိင္ငံမွာ၊ ဖင္လန္သမတနဲ႔ပူးတဲြျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆုိခဲ့ပါတယ္။

ဒါဟာတရား၀င္မႈရွိတဲ့စုိးရိမ္ပူပန္မႈျဖစ္ပါတယ္၊ အၾကမ္းဖက္ကိစၥနဲ႔လက္ႏွက္တင္ပုိ႔မႈ ျဖစ္ပါတယ္။ NATO အဖဲြ႔၀င္ေတြရဲ႔လုံၿခုံေရးဆုိင္ရာကိစၥကုိေျဖရွင္းရမွာပါ။ တူရကီရဲ႔ PKK ကဒ္ အၾကမ္းဖက္အဖဲြ႔နဲ႔ပတ္သက္တဲ့စုိးရိမ္ခ်က္ကုိလည္းေျဖရွင္းရမွာပါလုိ႔ NATO အတြင္ေရးမႈးခ်ဳပ္ Jen Stoltenberg ကေျပာဆုိခဲ့ပါတယ္။

================================

{{ UNICODE }}

အကြမ်းဖက်မှုအပေါ် တူရကီစိုးရိမ်ချက် NATO အတွင်းရေးမှူး သဘောတူ

တူရကီအနေနဲ့ အကြမ်းဖက်သမားရန်နဲ့ အခြားကိစ္စရပ်တွေ အပေါ်စိုးရိမ်ပူပန်တာဟာတ ရားဝင်မှုရှိကြောင်းနဲ့ ဒီကိစ္စကိုအလေးနက်ထားဖြေရှင်းသင့်တယ်လို့ NATO အတွင်းရေး မှုးချုပ် Jens Stoltenberg က တနင်္ဂနွေနေ့မှာပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ရဲ့အဓိကမဟာမိတ်တဦးဖြစ်တဲ့ တူရကီအနေနဲ့ အကြမ်းဖက်သမားရန်နဲ့ ပတ် သက်လို့စိုးရိမ်ပူပန်ကြောင်းပြောဆိုလာပါတယ်။ ကျနော်တို့အတူတကွထိုင်ပြီး၊ ဒီကိစ္စကို အလေးအနက်ထားဆွေးနွေးရပါမယ်။ ဒါဟာကျနော်တို့အသေအခြာလုပ်ရမယ့်အရာ အပါ။” လို့ NATO အတွင်းရေးမှုးချုပ် ယန်းစတိုလန်ဘတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ပြီးခဲ့တဲ့လထဲက NATO အဖွဲ့ဝင်အဖြစ်လျောက်ထားခဲ့တဲ့ ဖင်လန်နဲ့ဆွီဒင်နိုင်ငံတွေဟာ တူရကီကအကြမ်းဖက်သမားလို့စွပ်စွဲထားတဲ့ Kurdish ကဒ် အဖွဲ့တွေကို ကူညီအားပေး နေတဲ့အတွက်ဆိုကာ တူရကီက အဖွဲ့ဝင်အဖြစ်လျောက်ထားတာကိုကန့်ကွက်ခဲ့ပြီး ဒီနိုင်ငံတွေရဲမူဝါဒပြောင်းလဲဖို့တောင်းဆိုခဲ့ပါတယ်။

NATO မဟာမိတ်တွေထဲမှာ တူရီကီလောက် အကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုကို ခံရတာမရှိဘူးပါဘူး၊ တူရကီနိုင်ငံဟာ အီရတ်နဲ့ဆီးရီးယားလို နိုင်ငံတွေနဲ့ထိစပ်နေတဲ့ မဟာဗျူဟာကျတဲ့ နေရာမှာရှိတယ်လို့ NATO အတွင်းရေးမှုးချုပ် ယန်စတလိုလန် ဘကတ်က ဖင်လန်နိုင်ငံမှာ၊ ဖင်လန်သမတနဲ့ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒါဟာတရားဝင်မှုရှိတဲ့စိုးရိမ်ပူပန်မှုဖြစ်ပါတယ်၊ အကြမ်းဖက်ကိစ္စနဲ့လက်နှက်တင်ပို့မှု ဖြစ်ပါတယ်။ NATO အဖွဲ့ဝင်တွေရဲ့လုံခြုံရေးဆိုင်ရာကိစ္စကိုဖြေရှင်းရမှာပါ။ တူရကီရဲ့ PKK ကဒ် အကြမ်းဖက်အဖွဲ့နဲ့ပတ်သက်တဲ့စိုးရိမ်ချက်ကိုလည်းဖြေရှင်းရမှာပါလို့ NATO အတွင်ရေးမှုးချုပ် Jen Stoltenberg ကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG