ယူကရိန္းစစ္ပဲြ တာရွည္မည္ ( NATO အတြင္းေရးမွဴး)
{{Zawgyi/Unicode}}
အေနာက္တုိင္းႏုိင္ငံေတြအေနနဲ႔ ယူကရိန္းစစ္ပဲြနဲ႔ ပတ္သက္ၿပီး ေရရွည္စစ္ပဲြအတြက္ ေတာင္ခံထားႏုိင္ဖုိ႔ လုိအပ္တယ္လုိ႔ NATO အႀကီးအကဲ Jen Stolenberg က ၾကာသပေတးေန႔ က သတိေပးလုိက္ပါတယ္။
“က်ေနာ္တုိ႔ အေနနဲ႔ ေရရွည္အတြက္ ျပင္ဆင္ရပါမယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အခုက က်ေနာ္တို႔ ေတြ႔ျမင္ေနရတဲ့ စစ္ပဲြဟာ ေရရွည္မယ့္စစ္ပဲြျဖစ္ေနလုိ႔ပါဘဲ။” လုိ႔ NATO ရဲ႔ အတြင္းေရး
က အေမရိကန္သမၼတ Joe Biden နဲ႔ေတြ႔ဆုံခဲ့အၿပီးမွာ သတင္းေထာက္ေတြကုိ ေျပာဆုိသြားခဲ့တာပါ။
ယူကရိန္းဟာ သူတုိ႔တုိင္းျပည္ကုိ ကာကြယ္ဖုိ႔အတြက္ တန္ဘုိးႀကီးႀကီးေပးဆပ္ရပါတယ္။ အဲလုိပဲ တဘက္မွာလည္း ရုရွားေတြဟာ အက်အဆုံးမ်ားပါတယ္လုိ႔လည္း သူကေျပာဆုိပါတယ္။
NATO အေနနဲ႔ ရုရွားနဲ႔ တုိက္ရုိက္ထိပ္တုိက္ေတြ႔ တာမ်ိဳးမျဖစ္ခ်င္ပါဘူး။ ဒါေပမယ့္ NATO အေနနဲ႔ ယူကရိန္းကုိ ကူညီေထာက္ပံ့ဖုိတာ၀န္ရွိပါတယ္လုိ႔လည္း Jen Stolenberg ကေျပာဆုိပါတယ္။
ရုရွားနဲ႔ ျငိမ္းခ်မ္းေရး ေဆြးေႏြးႏုိင္ဖုိ႔ ယူကရိန္းဘက္က ဆုံးရႈံးထားတဲ့ နယ္ေျမေတြကုိ စြန္႔လႊတ္ဖုိ႔ အေနာက္တုိင္းႏုိင္ငံေတြအေနနဲ႔ ယူကရိန္းကုိ ဖိအားေပးတာမ်ိဳးျဖစ္လာခဲ့ရင္ဆုိၿပီး သတင္းေထာက္ေတြကေမးျမန္းတာကုိေတာ့ ယူကရိန္းအေနနဲ႔ ဘာကုိလက္ခံသင္တယ္၊ လက္မခံသင့္ဘူးဆုိတာကုိ က်ေနာ္တုိ႔ အေနနဲ႔ ဆုံးျဖတ္ေပးရမွာမဟုတ္ပါဘူးလုိ႔ NATO အတြင္းေရးမႈးခ်ဳပ္ Jen Stolenberg ျပန္လည္ေျဖၾကားခဲ့ပါတယ္။
.................................
ယူကရိန်းစစ်ပွဲ တာရှည်မည် ( NATO အတွင်းရေးမှူး)
{{Zawgyi/Unicode}}
အနောက်တိုင်းနိုင်ငံတွေအနေနဲ့ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ရေရှည်စစ်ပွဲအတွက် တောင်ခံထားနိုင်ဖို့ လိုအပ်တယ်လို့ NATO အကြီးအကဲ Jen Stolenberg က ကြာသပတေးနေ့ က သတိပေးလိုက်ပါတယ်။
“ကျနော်တို့ အနေနဲ့ ရေရှည်အတွက် ပြင်ဆင်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုက ကျနော်တို့ တွေ့မြင်နေရတဲ့ စစ်ပွဲဟာ ရေရှည်မယ့်စစ်ပွဲဖြစ်နေလို့ပါဘဲ။” လို့ NATO ရဲ့ အတွင်းရေး
က အမေရိကန်သမ္မတ Joe Biden နဲ့တွေ့ဆုံခဲ့အပြီးမှာ သတင်းထောက်တွေကို ပြောဆိုသွားခဲ့တာပါ။
ယူကရိန်းဟာ သူတို့တိုင်းပြည်ကို ကာကွယ်ဖို့အတွက် တန်ဘိုးကြီးကြီးပေးဆပ်ရပါတယ်။ အဲလိုပဲ တဘက်မှာလည်း ရုရှားတွေဟာ အကျအဆုံးများပါတယ်လို့လည်း သူကပြောဆိုပါတယ်။
NATO အနေနဲ့ ရုရှားနဲ့ တိုက်ရိုက်ထိပ်တိုက်တွေ့ တာမျိုးမဖြစ်ချင်ပါဘူး။ ဒါပေမယ့် NATO အနေနဲ့ ယူကရိန်းကို ကူညီထောက်ပံ့ဖိုတာဝန်ရှိပါတယ်လို့လည်း Jen Stolenberg ကပြောဆိုပါတယ်။
ရုရှားနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့ ယူကရိန်းဘက်က ဆုံးရှုံးထားတဲ့ နယ်မြေတွေကို စွန့်လွှတ်ဖို့ အနောက်တိုင်းနိုင်ငံတွေအနေနဲ့ ယူကရိန်းကို ဖိအားပေးတာမျိုးဖြစ်လာခဲ့ရင်ဆိုပြီး သတင်းထောက်တွေကမေးမြန်းတာကိုတော့ ယူကရိန်းအနေနဲ့ ဘာကိုလက်ခံသင်တယ်၊ လက်မခံသင့်ဘူးဆိုတာကို ကျနော်တို့ အနေနဲ့ ဆုံးဖြတ်ပေးရမှာမဟုတ်ပါဘူးလို့ NATO အတွင်းရေးမှုးချုပ် Jen Stolenberg ပြန်လည်ဖြေကြားခဲ့ပါတယ်။