သုံးရလွယ်ကူစေသည့် Link များ

ဖင်လန်ကိုရုရှားဓါတ်ငွေ့တင်ပို့မှုရပ်ဆိုင်း


Finland's Prime Minister Sanna Marin and Finland's President Sauli Niinisto attend a joint news conference on Finland's security policy decisions at the Presidential Palace in Helsinki
Finland's Prime Minister Sanna Marin and Finland's President Sauli Niinisto attend a joint news conference on Finland's security policy decisions at the Presidential Palace in Helsinki

(zawgyi/unicode)

ဖင်လန်နိုင်ငံကို သဘာဝဓါတ်ငွေ့တင်ပို့တာတွေကို ရုရှားနိုင်ငံဘက်က ဒီနေ့မှာ ရပ်ဆိုင်းလိုက်ပါတယ်။ ဖင်လန်နိုင်ငံက NATO မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ လျှောက်ထားတဲ့အပေါ်မှာ ရုရှားနိုင်ငံဘက်က ဒေါသထွက်ခဲ့တဲ့အပြင် ဖင်လန်နိုင်ငံဘက်က ရုရှားရဲ့ ဓါတ်ငွေ့တင်ပို့နေတဲ့ Gasprom ကုမ္ပဏီကို ရူဗဲလ်ငွေနဲ့ ပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် အခုလို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

ဖင်လန်နိုင်ငံရဲ့သဘာဝဓါတ်ငွေ့သုံးစွဲမှု ပမာဏာဟာ တနိုင်ငံလုံးစွမ်းအင်သုံးစွဲမှု ပမဏာရဲ့ ၈ % ရှိပြီး၊ အများစုကိုတော့ ရုရှားနိုင်ငံကနေ ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေေဖော်ဝါရီ ၂၄ ရက်နေ့က ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ပြီးတဲ့နောက် အနောက်နိုင်ငံတွေဘက်က ရုရှားရဲ့ ဗဟိုဘဏ်အပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆိုမှုတွေကို ရှောင်လွဲှနိုင်ဖို့ လုပ်တဲ့အနေနဲ့ ရုရှားအစိုးရဘက်က ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် သူတို့ရဲ့ မိတ်ဆွေနိုင်ငံမဟုတ်တဲ့ နိုင်ငံတွေက ဓါတ်ငွေ့ဝယ်ယူတဲ့သူတွေကို ယူရိုအစား ရူဗဲလ်ငွေနဲ့ ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဖင်လန်နိုင်ငံရဲ့ အစိုးရပိုင် စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ Gasum ကုမ္ပဏီကတော့ ၊ ပြီးခဲ့တဲ့. အင်္ဂါနေ့က အဲဒီတောင်းဆိုချက်ကို လက်မခံဘဲ ပယ်ချလိုက်ပြီးတဲ့နောက် အခုလို ရပ်ဆိုင်းလိုက်တာပါ။ Gasum ကုမ္ပဏီရဲ့ သဘောတူစာချုပ်အရ ဖင်လန်နိုင်ငံကို ပေးနေတဲ့ သဘာဝဓါတ်ငွေ့ပေးပို့မှုတွေ ဖြတ်တောက်ခံလိုက်ရတယ်လို့ ကုမ္ပဏီက ကြေငြာချက်ထုတ်ပြန်ထားပါတယ်။

ဖင်လန်နိုင်ငံရဲ့ အစိုးရပိုင် စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ Gasum ကုမ္ပဏီကတော့ ၊ လိုအပ်နေတဲ့ ဓါတ်ငွေ့တွေကို ဖင်လန်ကနေ အက်စတိုးနီးယားကို ဆက်သွယ်ထားတဲ့ Balticconnector ပိုက်လိုင်းကဆင့် တခြားအရင်းအမြစ်တွေကနေ ရယူပြီး၊ ဓါတ်ငွေ့ဖြည့်တဲ့နေရာတွေ ပုံမှန်အတိုင်း လည်ပတ်သွားနိုင်ဖို့ ကတိပြုထားပါတယ်။

(unicode)






XS
SM
MD
LG