သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားႏိုင္ငံမွာ စာသင္ေက်ာင္းပစ္ခတ္မႈ ၁၅ ဦးေသ 


Russia School Shooting

႐ုရွားႏိုင္ငံ Udmurtia ေဒသရဲ႔ ၿမိဳ႔ေတာ္ Izhevsk က စာသင္ေက်ာင္းမွာ တနလၤာေန႔က ေသနတ္သမားတဦးရဲ႕ ပစ္ခတ္မႈေၾကာင့္ ကေလး ၁၁ ဦးအပါအ၀င္ အနည္းဆုံး ၁၅ ဦး ေသဆုံးသြားခဲ့ပါတယ္။ ဒီေဒသမွာ ပစ္ခတ္မႈျဖစ္ခဲ့တာ ၁၅ လအတြင္း ဒါဟာ စတုတၱအႀကိမ္ ျဖစ္ပါတယ္။

႐ုရွားႏိုင္ငံမွာ စာသင္ေက်ာင္းပစ္ခတ္မႈ ၁၅ ဦးေသ

{{Zawgyi/Unicode}}
႐ုရွားႏိုင္ငံ Udmurtia ေဒသရဲ႔ ၿမိဳ႔ေတာ္ Izhevsk က စာသင္ေက်ာင္းမွာ တနလၤာေန႔က ေသနတ္သမားတဦးရဲ႕ ပစ္ခတ္မႈေၾကာင့္ ကေလး ၁၁ ဦးအပါအ၀င္ အနည္းဆုံး ၁၅ ဦး ေသဆုံးသြားခဲ့ပါတယ္။ ဒီေဒသမွာ ပစ္ခတ္မႈျဖစ္ခဲ့တာ ၁၅ လအတြင္း ဒါဟာ စတုတၱအႀကိမ္ ျဖစ္ပါတယ္။

မူႀကိဳကေန အထက္တန္းအထိ သင္ၾကားေနတဲ့ အမွတ္ ၈၈ စာသင္ေက်ာင္းမွာ ပစ္ခတ္ခဲ့သူဟာ အသက္ ၃၀ ၀န္းက်င္ Artem Kazantesev ျဖစ္ၿပီး၊ ဒီေက်ာင္းမွာ တက္ခဲ့ဖူးသူ တေယာက္ျဖစ္ေၾကာင္း ႐ုရွား စုံစမ္းေရး ေကာ္မီတီက ေျပာပါတယ္။

နာဇီသေကၤတပါတဲ့ တီရွပ္အနက္ကို ၀တ္ဆင္ထားတယ္လို႔ ေဒသခံ မီဒီယာေတြက ေဖာ္ျပခဲ့ၾကတဲ့ ေသနတ္သမားဟာ သူ႔ကိုယ္သူ ပစ္သတ္အဆုံးအစီရင္ခဲ့တယ္လို႔လည္း စုံစမ္းေရး ေကာ္မီတီက ေျပာပါတယ္။ ဒီပစ္ခတ္မႈ ေၾကာင့္ ကေလး ၂၂ ဦး အပါအ၀င္ ၂၄ ဦး ဒါဏ္ရာရွိခဲ့ပါတယ္။

႐ုရွားမွာစာသင္ေက်ာင္းေတြ၊ ပညာေရးဌာနေတြမွာ ပစ္ခတ္မႈေတြ အလြန္ျဖစ္ခဲပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ပိုင္းကစလို႔ ေသနတ္ ပစ္ခတ္မႈေတြမ်ားလာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီထဲတုန္းက မူႀကိဳေက်ာင္းကို ေသနတ္သမားက ၀င္ေရာက္ပစ္ခတ္ခဲ့တဲ့တြက္ ကေလးႏွစ္ဦးနဲ႔ ဆရာတဦး ေသဆုံးခဲ့ပါတယ္။ ၂ဝ၂၁ စက္တင္ဘာလ ကလည္း Perm ျပည္နယ္ တကၠသိုလ္ကို ၀င္ေရာက္ ပစ္ခတ္ခဲ့တဲ့တြက္ ၆ ဦးေသဆုံးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

................................................

ရုရှားနိုင်ငံမှာ စာသင်ကျောင်းပစ်ခတ်မှု ၁၅ ဦးသေ

{{Zawgyi/Unicode}}
ရုရှားနိုင်ငံ Udmurtia ဒေသရဲ့ မြို့တော် Izhevsk က စာသင်ကျောင်းမှာ တနင်္လာနေ့က သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် ကလေး ၁၁ ဦးအပါအဝင် အနည်းဆုံး ၁၅ ဦး သေဆုံးသွားခဲ့ပါတယ်။ ဒီဒေသမှာ ပစ်ခတ်မှုဖြစ်ခဲ့တာ ၁၅ လအတွင်း ဒါဟာ စတုတ္တအကြိမ် ဖြစ်ပါတယ်။

မူကြိုကနေ အထက်တန်းအထိ သင်ကြားနေတဲ့ အမှတ် ၈၈ စာသင်ကျောင်းမှာ ပစ်ခတ်ခဲ့သူဟာ အသက် ၃၀ ဝန်းကျင် Artem Kazantesev ဖြစ်ပြီး၊ ဒီကျောင်းမှာ တက်ခဲ့ဖူးသူ တယောက်ဖြစ်ကြောင်း ရုရှား စုံစမ်းရေး ကော်မီတီက ပြောပါတယ်။

နာဇီသင်္ကေတပါတဲ့ တီရှပ်အနက်ကို ဝတ်ဆင်ထားတယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ကြတဲ့ သေနတ်သမားဟာ သူ့ကိုယ်သူ ပစ်သတ်အဆုံးအစီရင်ခဲ့တယ်လို့လည်း စုံစမ်းရေး ကော်မီတီက ပြောပါတယ်။ ဒီပစ်ခတ်မှု ကြောင့် ကလေး ၂၂ ဦး အပါအဝင် ၂၄ ဦး ဒါဏ်ရာရှိခဲ့ပါတယ်။

ရုရှားမှာစာသင်ကျောင်းတွေ၊ ပညာရေးဌာနတွေမှာ ပစ်ခတ်မှုတွေ အလွန်ဖြစ်ခဲပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ပိုင်းကစလို့ သေနတ် ပစ်ခတ်မှုတွေများလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီထဲတုန်းက မူကြိုကျောင်းကို သေနတ်သမားက ဝင်ရောက်ပစ်ခတ်ခဲ့တဲ့တွက် ကလေးနှစ်ဦးနဲ့ ဆရာတဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၁ စက်တင်ဘာလ ကလည်း Perm ပြည်နယ် တက္ကသိုလ်ကို ဝင်ရောက် ပစ်ခတ်ခဲ့တဲ့တွက် ၆ ဦးသေဆုံးခဲ့ပါတယ်။

XS
SM
MD
LG