သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားရဲ႕ Mir ကဒ္ အသံုးျပဳႏိုင္ေရး စစ္ေကာင္စီ ေဆြးေႏြး


(Zawgyi/ Unicode)

႐ုရွား ႐ူဘဲလ္နဲ႔ ျမန္မာက်ပ္ေငြ တိုက္႐ိုက္ ေပးေခ်ႏိုင္ေရး စစ္ေကာင္စီ ေမွ်ာ္လင့္
စစ္အာဏာသိမ္းၿပီးေနာက္ ႏုိင္ငံတကာရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈနဲ႔ ရင္ဆုိင္ေနရတဲ႔ ျမန္မာ စစ္ေကာင္စီက ရုရွား ဗဟိုဘဏ္ရဲ႕ Mir ေငြေပးေခ်မႈ စနစ္ နဲ႔ ကဒ္ကို အသံုးျပဳႏုိင္ေရး ေဆြးေႏြးေနေၾကာင္းေျပာပါတယ္။ ျမန္မာ က်ပ္ေငြနဲ႔ ရုရွား ရူဘဲလ္ေငြကို တိုက္ရိုက္ ေပးေခ်ႏိုင္ေရး ကိုလည္း စစ္ေကာင္စီက ေမွ်ာ္လင့္ထားတာ ျဖစ္ပါတယ္။ တခ်ိန္တည္းမွာဘဲ အေမရိကန္ရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈေနာက္ပိုင္းမွာ ရုရွားရဲ႕ Mir ကဒ္ ေငြေပးေခ်မႈကို ႏုိင္ငံတကာ ဘဏ္တခ်ိဳ႕ကလည္း ရပ္ဆိုင္းေနၾကပါတယ္။ ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထုိက္ စုစည္းတင္ျပထားပါတယ္။

ယူကရိန္းရဲ႕ ခရိုင္းမီးယား ေဒသကို ရုရွားတို႔ သိမ္းပိုက္ၿပီးေနာက္ပိုင္း အေနာက္ႏုိင္ငံေတြရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈကို ေရွာင္ရွားႏုိင္ေရး ၂၀၁၅ ခုႏွစ္ အတြင္းမွာ ရုရွားက Mir ေငြေပးေခ်မႈ စနစ္ကို တည္ေဆာက္ခဲ႔တာပါ။ အေမရိကန္ရဲ႕ ေငြေပးေခ်မႈ လုပ္ငန္းႀကီးေတြ ျဖစ္တဲ႔ Visa နဲ႔ Mastercard လုပ္ငန္းတို႔က ရုရွားႏုိင္ငံတြင္းက လုပ္ငန္းေတြကို ရပ္ဆိုင္းခဲ႔ၾကတဲ႔ ဒီႏွစ္ အတြင္းမွာဘဲ ရုရွားရဲ႕ ေငြေပးေခ်စနစ္ Mir ဘဏ္ကဒ္က ပိုၿပီး အေရးပါလာပါတယ္။ က်ဴးဘား၊ ေတာင္ကိုရီးယား၊ တူရကီ၊ ဗီယက္နမ္နဲ႔ အရင္ ဆိုဗီယက္ ေဟာင္း ႏုိင္ငံ တခ်ိဳ႕မွာ Mir ဘဏ္ကဒ္နဲ႔ ေငြေပးေခ်မႈကို လက္ခံၾကပါတယ္။
ယူကရိန္း က်ဴးေက်ာ္စစ္မွာ ရုရွားအစိုးရဘက္က တာ၀န္ယူမႈ တာ၀န္ခံမႈ အတြက္ဆိုၿပီး စက္တင္ဘာလ ၁၅ ရက္ေန႔ ၾကာသပေတးေန႔မွာ အေမရိကန္က ရုရွားဗဟိုဘဏ္ ၊ အမ်ိဳးသား ေငြေပးေခ်မႈ စနစ္ NSPK ရဲ႕ အမႈေဆာင္ အရာရွိခ်ဳပ္ကို ဒဏ္ခတ္ပိတ္ဆို႔လိုက္ပါတယ္။ NSPK က ရုရွားရဲ႕ Mir ေငြေပးေခ်မႈ စနစ္ကို ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။ ရုရွား အစိုးရ အေပၚ ဘ႑ာေရး အရ ဒဏ္ခတ္ပိတ္ဆို႔မႈေတြကို ေက်ာ္လႊားႏုိင္ေအာင္ ကူညီေပးေနတယ္လို႔ စြပ္စြဲၿပီး လူပုဂၢိဳလ္ေတြနဲ႔ လုပ္ငန္းႀကီးေတြကို အေမရိကန္ဘက္က ဒဏ္ခတ္ပိတ္ဆို႔မႈသစ္ေတြ ထပ္မံခ်မွတ္ၿပီးေနာက္ေန႔ စက္တင္ဘာလ ၁၆ ရက္ေန႔ ေသာၾကာေန႔မွာေတာ့ ရုရွား ဗဟိုဘဏ္က သူ႔ရဲ႕ Mir ဘဏ္ကဒ္ကို လက္ခံတဲ႔ ႏုိင္ငံေတြ ဆက္လက္ တိုးခ်ဲ႕မယ့္ အေၾကာင္း အခုိင္အမာ ေျပာဆိုခဲ႔ပါတယ္။

စက္တင္ဘာလ ၂၀ ရက္ေန႔ အဂၤါေန႔မွာေတာ့ ျမန္မာ စစ္ေကာင္စီ ေျပာခြင့္ရ ဗုိလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ျမန္မာႏုိင္ငံမွာ ရုရွားရဲ႕ Mir ဘဏ္ကဒ္ သံုးႏုိင္ေရး ေဆြးေႏြးေနေၾကာင္း သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုခဲ႔ပါတယ္။

“ စီးပြားေရးနဲ႔ ကုန္သြယ္မႈ ဆိုင္ရာ ဆက္စပ္ လုပ္ငန္းေတြမွာ ရုရွား ရူဘဲလ္နဲ႔ ျမန္မာက်ပ္ေငြတို႔ တိုက္ရိုက္ေပးေခ်ႏုိင္ေရး ၊ ၿပီးရင္ေတာ့ က်ေနာ္တို႔ ေငြေပးေခ်မႈ စနစ္ကို ေဆာလ်င္စြာ အေကာင္အထည္ ေဖာ္ႏုိင္ရန္ အတြက္ ရုရွား ႏုိင္ငံက ျပဳလုပ္တဲ႔ Mir ကဒ္ေပါ့။ Mir ကဒ္ ဆိုတာ ဒါကို ေျပာျခင္း ျဖစ္ပါတယ္။ Mir ကဒ္ကို လ်င္ျမန္စြာ အသံုးျပဳႏုိင္ေရး အတြက္ ရုရွား ေငြေရးေၾကးေရး အဖြဲ႔အစည္းေတြက ကူညီ ေဆာင္ရြက္ေပးသြားမွာ ျဖစ္ၿပီး ရုရွား ႏုိင္ငံရဲ႕ Mir ကဒ္ကို ျမန္မာႏုိင္ငံရဲ႕ ေငြေပးေခ်မႈ စနစ္မွာ အသံုးျပဳႏုိင္ေရး အတြက္ ေဆြးေႏြးလ်က္ ရွိပါတယ္။ ”

အေမရိကန္ရဲ႕ ဒဏ္ခတ္ ပိတ္ဆို႔မႈထြက္ေပၚလာၿပီး ေနာက္ ရက္ပိုင္းအၾကာ စက္တင္ဘာလ ၁၉ ရက္ေန႔ တနလာၤေန႔မွာေတာ့ တူရကီရဲ႕ Isbank နဲ႔ Denizbank တို႔က ရုရွားရဲ႕ Mir ကဒ္ ေငြေပးေခ်မႈကို အသံုးျပဳတာ ရပ္ဆိုင္းခဲ႔ပါတယ္။ ရုရွားရဲ႕ Mir ကဒ္ကို အသံုးျပဳေနတဲ႔ တူရကီ ဘဏ္ ၅ ခုထဲမွာ ဘဏ္ ၂ ခုက ရပ္ဆုိင္းတာ ျဖစ္ပါတယ္။ ရုရွားရဲ႕ Mir ေငြေပးေခ်မႈ စနစ္ကို ရပ္ဆိုင္းၿပီး အေမရိကန္ ဘ႑ာေရး ၀န္ႀကီးဌာနရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈသစ္ကို သံုးသပ္ေနေၾကာင္း၊ ႏုိင္ငံနဲ႔ ႏုိင္ငံတကာ ဥပေဒေတြ၊ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ စီးပြားေရး ဆုိင္ရာ က်င့္၀တ္ေတြကို လုိက္နာေဆာင္ရြက္လိုေၾကာင္းလည္း တူရကီရဲ႕ Isbank က ေျပာဆိုထားပါတယ္။

ရုရွားရဲ႕ ေငြေပးေခ်မႈ စနစ္ Mir အသံုးျပဳေနတဲ႔ ႏုိင္ငံတခ်ိဳ႕ အေနနဲ႕ အသံုးျပဳတာကို ရပ္ဆိုင္းဖို႔ အေမရိကန္က ဖိအားေပးေနတဲ႔ အခ်ိန္မွာဘဲ စက္တင္ဘာလ ၂၃ ရက္ေန႔မွာ ဥဇဘကၠစၥတန္ ႏုိင္ငံက ရုရွားရဲ႕ Mir ေငြေပးေခ်မႈ စနစ္ကို ရပ္ဆိုင္းခဲ႔ပါတယ္။ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကေတာ႔ ရုရွားရဲ႕ Mir ကဒ္ အသံုးျပဳခြင့္ အတြက္ အျမန္ဆံုး ေဆာင္ရြက္မယ့္ အေၾကာင္း ေျပာပါတယ္။

“ လာမယ့္ ႏို၀င္ဘာလမွာ ရုရွား ျမန္မာ အစိုးရ အခ်င္းခ်င္း ကုန္သြယ္ေရးနဲ႔ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ ေကာ္မရွင္ အစည္းအေ၀း ရွိပါတယ္။ အဲဒီ အစည္းအေ၀း မတိုင္ခင္မွာ ရုရွား ႏုိင္ငံ ဗဟိုဘဏ္ စာတိုပို႔ စနစ္ SBSF စတဲ႔ ရုရွား ႏုိင္ငံရဲ႕ Mir ကဒ္သံုးစြဲ ႏုိင္ေရး အတြက္ အျမန္ဆံုး ခ်ိတ္ဆက္ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။ အဲဒီ အခ်ိန္မွာ ရူဘဲလ္နဲ႔ က်ပ္ တိုက္ရိုက္ေပးေခ်ႏုိင္ေရး ျပဳလုပ္ႏုိင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ”

ရုရွား ရူဘဲလ္နဲ႔ က်ပ္ တိုက္ရိုက္ ေပးေခ်ေရး အတြက္ ျမန္မာ ဘဏ္ေတြ ဘက္က အဆင္သင့္ ရွိေနဖို႔လည္း စစ္ေကာင္စီ ေျပာခြင့္ရက တိုက္တြန္းထားပါတယ္။

“ ဒီလို တိုက္ရိုက္ ေပးေခ်မႈ ျပဳလုပ္ႏုိင္ရန္ အတြက္ ျမန္မာႏုိင္ငံရွိ ဘဏ္ေတြ အေနျဖင့္ ရုရွား ဘဏ္ေတြမွာ အေကာင့္ေတြ ဖြင့္လွစ္ဖို႔နဲ႔ SBSF အသံုးျပဳရန္ အေရးပါလာမွာ ျဖစ္ပါတယ္။ ရူဘဲလ္နဲ႔ က်ပ္ တိုက္ရိုက္ေပးေခ်ရာမွာ ဘဏ္ရဲ႕ လံုၿခံဳေရး စနစ္နဲ႔ နည္းပညာ သတင္းအခ်က္အလက္ စနစ္ေတြကို အသင့္ အေနအထား ရွိရမွာ ျဖစ္ပါတယ္။ ”

စစ္ေကာင္စီ ေမွ်ာ္လင့္ထားသလို ျမန္မာ က်ပ္ေငြနဲ႔ ရုရွား ရူဘဲလ္ ေငြေၾကး တိုက္ရိုက္ ေပးေခ်ႏုိင္ေရး ဆိုတဲ႔ အေပၚမွာေတာ့ စီးပြားေရး ပညာရွင္ ဦးစိန္ေဌးက အခုလို ေျပာပါတယ္။

“ က်ပ္ကေန ရူဘဲလ္ကို ဒါရိုက္ လက္ခံဖို႔ ဆိုတာက ျမန္မာက်ပ္ကို ရုရွားက ဘယ္ေနရာမွာ သြားသံုးမွာလဲ။ အဲဒါက အခက္အခဲ တခု။”

စိုက္ပ်ိဳး ထုတ္ကုန္ အဓိက ျပည္ပ တင္ပို႔တဲ႔ ျမန္မာႏုိင္ငံ အေနနဲ႔ ရုရွားကို ေပါင္းဆန္ အနည္းငယ္ တင္ပို႔ဖူးတာက လြဲလို႔ ႀကီးႀကီးမားမား တရား၀င္ ကုန္သြယ္မႈ သိပ္မရွိဘူးလို႔ ျပည္တြင္း လုပ္ငန္းရွင္ တခ်ိဳ႕ကလည္း ေျပာၾကပါတယ္။ ရုရွားဟာ ကမ ၻာမွာ စားနပ္ရိကၡာ ထုတ္လုပ္မႈ အဓိက ႏုိင္ငံ တခုလည္း ျဖစ္ပါတယ္။ စစ္ေကာင္စီ ဘက္ကေတာ့ ရုရွားထံက ေလာင္စာဆီ ၀ယ္ယူႏုိင္ေရး ျပင္ဆင္ေနေၾကာင္း ၿပီးခဲ႔တဲ႔ လေတြ အတြင္း ေျပာဆိုထားပါတယ္။ စီးပြားေရး ပညာရွင္ ဦးစိန္ေဌးကေတာ့

“ ျမန္မာက်ပ္ေငြကို ကုန္စည္နဲ႔ သြားတာမ်ိဳးလည္း Convert လုပ္လို႕ ရႏုိင္တယ္။ အတိုင္းအတာ တခု အထိေတာ့ ရမယ္။ ဒါေပမယ့္ ေပးေခ်ၿပီ ဆိုရင္ ဆီ၀ယ္မယ္၊ ရုရွားက ဆီ၀ယ္ၿပီ ဆိုရင္ က်ေနာ္တို႔က ေပးေခ်တဲ႔ အခါမွာ က်ေနာ္တို႔ ေငြက ႏုိင္ငံတကာ သံုးေငြမွ မဟုတ္တာကိုး။ အဲဒါက နံပတ္ ၁ အခက္အခဲ။ ”

“ ျဖစ္ႏုိင္ေျခ မွန္းၾကည့္တာေတာ့ ရလာတဲ႔ ႏုိင္ငံျခားေငြက ေဒၚလာနဲ႔ ရမယ္။ ရလာတဲ႔ ေဒၚလာကို သူတို႔က ရုရွားကို ျပန္လဲ ေပးရမယ္။ ဒါက တနည္းေပါ့။ ေနာက္ ေဒၚလာ မဟုတ္တဲ႔ ဟာေတြ ရွိတယ္။ တရုတ္ ယြမ္ေငြေပါ့။ တရုတ္နဲ႔ လည္း ကုန္သြယ္တာကို က်ေနာ္တို႔ ဗမာက။ အဲဒါကိုလည္း တဆင့္ ျပန္လုပ္တာေတာ့ ျဖစ္ႏုိင္တယ္။”

ျမန္မာႏုိင္ငံမွာေတာ့ လက္ရွိ ဘဏ္အပ္ေငြ ျပန္ထုတ္ေရးနဲ႔ မိုလ္ဘိုင္း ေငြလႊဲေတြမွာပါ အခက္ေတြ႔ေနၾကရပါတယ္။ ျမန္မာ ဗဟိုဘဏ္ကလည္း လံုၿခံဳၿပီး စြမ္းအင္ ျပည့္၀တဲ႔ အမ်ိဳးသား ေငြေပးေခ်ေရး စနစ္တရပ္ ေပၚေပါက္ေရး ေဆာင္ရြက္ေနေၾကာင္းလည္း စစ္ေကာင္စီ ေျပာခြင့္ရက ေျပာပါတယ္။ Wave Money နဲ႔ KBZPay လိုမ်ိဳး Mobile Payment နဲ႔ Mobile Banking စတဲ့ ေငြေၾကးဝန္ေဆာင္မႈ လုပ္ငန္းေတြကို စိစစ္ၿပီး ကိုယ္ေရး အခ်က္အလက္ တိတိက်က်မေဖၚျပဘူးဆိုရင္ အေကာင့္ပိတ္တဲ့ အထိအေရးယူမယ္လို႔ စစ္ေကာင္စီက သတိေပးထားပါတယ္။ စီးပြားေရး သမားတဦးက ဗီြအိုေအကို အခုလို ေျပာပါတယ္။

“ ဘဏ္ကလည္း သူတို႔နဲ႔ မဆိုင္ဘူး ဆိုတာခ်ည္းဘဲ။ အခုဟာ က်ေနာ္က က်ေနာ္႔ ပိုက္ဆံ ျပန္ရဖို႔ စာတင္ရ၊ ဘဏ္ကို အေခါက္ေခါက္ အခါခါ သြားရ၊ အဆင္မေျပဘူးဗ်။ ”

ကမ ၻာတလႊား ခရီးသြားၾကတဲ႔ ရုရွားေတြ ေငြေၾကး အခက္အခဲေတြကို ေျဖေလွ်ာ့ေပးႏုိင္တဲ႔ Mir ကဒ္ စနစ္ကို ရုရွားႏုိင္ငံဘက္ကေတာ့ ကမ ၻာတလႊားမွာ လက္ခံဖို႔ လိုလားေနတာ ျဖစ္ပါတယ္။ ကမၻာတလႊားကို တိုးခ်ဲ႕ေရးမွာ ရုရွား အတြက္ အခက္အခဲနဲ႔ ရင္ဆိုင္ေနရေၾကာင္း ရုရွား ဗဟိုဘဏ္ အႀကီးအကဲ Elvira Nabiullina ကလည္း ၿပီးခဲ႔တဲ႔ သီတင္းပတ္ အတြင္းမွာ ေျပာဆိုထားပါတယ္။ ကဒ္ျပား ထုတ္လုပ္တဲ႔ ကုမၸဏီရဲ႕ စာရင္းေတြ အရ ၿပီးခဲ႔တဲ႔ ၇ ႏွစ္တာ အတြင္း Mir ကဒ္ သန္း ၁၀၀ ေက်ာ္ ထုတ္ထားၿပီး ဒါဟာဆိုရင္ ရုရွား လူဦးေရရဲ႕ ထက္၀က္ေက်ာ္မွာ ကဒ္ေတြ ရွိေနတဲ႔ သေဘာလည္း ျဖစ္ပါတယ္။

(Unicode)

ရုရှားရဲ့ Mir ကဒ် အသုံးပြုနိုင်ရေး စစ်ကောင်စီ ဆွေးနွေး

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ စစ်ကောင်စီက ရုရှား ဗဟိုဘဏ်ရဲ့ Mir ငွေပေးချေမှု စနစ် နဲ့ ကဒ်ကို အသုံးပြုနိုင်ရေး ဆွေးနွေးနေကြောင်းပြောပါတယ်။ မြန်မာ ကျပ်ငွေနဲ့ ရုရှား ရူဘဲလ်ငွေကို တိုက်ရိုက် ပေးချေနိုင်ရေး ကိုလည်း စစ်ကောင်စီက မျှော်လင့်ထားတာ ဖြစ်ပါတယ်။ တချိန်တည်းမှာဘဲ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုနောက်ပိုင်းမှာ ရုရှားရဲ့ Mir ကဒ် ငွေပေးချေမှုကို နိုင်ငံတကာ ဘဏ်တချို့ကလည်း ရပ်ဆိုင်းနေကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ယူကရိန်းရဲ့ ခရိုင်းမီးယား ဒေသကို ရုရှားတို့ သိမ်းပိုက်ပြီးနောက်ပိုင်း အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ရှောင်ရှားနိုင်ရေး ၂၀၁၅ ခုနှစ် အတွင်းမှာ ရုရှားက Mir ငွေပေးချေမှု စနစ်ကို တည်ဆောက်ခဲ့တာပါ။ အမေရိကန်ရဲ့ ငွေပေးချေမှု လုပ်ငန်းကြီးတွေ ဖြစ်တဲ့ Visa နဲ့ Mastercard လုပ်ငန်းတို့က ရုရှားနိုင်ငံတွင်းက လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ကြတဲ့ ဒီနှစ် အတွင်းမှာဘဲ ရုရှားရဲ့ ငွေပေးချေစနစ် Mir ဘဏ်ကဒ်က ပိုပြီး အရေးပါလာပါတယ်။ ကျူးဘား၊ တောင်ကိုရီးယား၊ တူရကီ၊ ဗီယက်နမ်နဲ့ အရင် ဆိုဗီယက် ဟောင်း နိုင်ငံ တချို့မှာ Mir ဘဏ်ကဒ်နဲ့ ငွေပေးချေမှုကို လက်ခံကြပါတယ်။

ယူကရိန်း ကျူးကျော်စစ်မှာ ရုရှားအစိုးရဘက်က တာဝန်ယူမှု တာဝန်ခံမှု အတွက်ဆိုပြီး စက်တင်ဘာလ ၁၅ ရက်နေ့ ကြာသပတေးနေ့မှာ အမေရိကန်က ရုရှားဗဟိုဘဏ် ၊ အမျိုးသား ငွေပေးချေမှု စနစ် NSPK ရဲ့ အမှုဆောင် အရာရှိချုပ်ကို ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။ NSPK က ရုရှားရဲ့ Mir ငွေပေးချေမှု စနစ်ကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ရုရှား အစိုးရ အပေါ် ဘဏ္ဍာရေး အရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်အောင် ကူညီပေးနေတယ်လို့ စွပ်စွဲပြီး လူပုဂ္ဂိုလ်တွေနဲ့ လုပ်ငန်းကြီးတွေကို အမေရိကန်ဘက်က ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ ထပ်မံချမှတ်ပြီးနောက်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့ သောကြာနေ့မှာတော့ ရုရှား ဗဟိုဘဏ်က သူ့ရဲ့ Mir ဘဏ်ကဒ်ကို လက်ခံတဲ့ နိုင်ငံတွေ ဆက်လက် တိုးချဲ့မယ့် အကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့ အင်္ဂါနေ့မှာတော့ မြန်မာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက မြန်မာနိုင်ငံမှာ ရုရှားရဲ့ Mir ဘဏ်ကဒ် သုံးနိုင်ရေး ဆွေးနွေးနေကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“ စီးပွားရေးနဲ့ ကုန်သွယ်မှု ဆိုင်ရာ ဆက်စပ် လုပ်ငန်းတွေမှာ ရုရှား ရူဘဲလ်နဲ့ မြန်မာကျပ်ငွေတို့ တိုက်ရိုက်ပေးချေနိုင်ရေး ၊ ပြီးရင်တော့ ကျနော်တို့ ငွေပေးချေမှု စနစ်ကို ဆောလျင်စွာ အကောင်အထည် ဖော်နိုင်ရန် အတွက် ရုရှား နိုင်ငံက ပြုလုပ်တဲ့ Mir ကဒ်ပေါ့။ Mir ကဒ် ဆိုတာ ဒါကို ပြောခြင်း ဖြစ်ပါတယ်။ Mir ကဒ်ကို လျင်မြန်စွာ အသုံးပြုနိုင်ရေး အတွက် ရုရှား ငွေရေးကြေးရေး အဖွဲ့အစည်းတွေက ကူညီ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး ရုရှား နိုင်ငံရဲ့ Mir ကဒ်ကို မြန်မာနိုင်ငံရဲ့ ငွေပေးချေမှု စနစ်မှာ အသုံးပြုနိုင်ရေး အတွက် ဆွေးနွေးလျက် ရှိပါတယ်။ ”

အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုထွက်ပေါ်လာပြီး နောက် ရက်ပိုင်းအကြာ စက်တင်ဘာလ ၁၉ ရက်နေ့ တနလာၤနေ့မှာတော့ တူရကီရဲ့ Isbank နဲ့ Denizbank တို့က ရုရှားရဲ့ Mir ကဒ် ငွေပေးချေမှုကို အသုံးပြုတာ ရပ်ဆိုင်းခဲ့ပါတယ်။ ရုရှားရဲ့ Mir ကဒ်ကို အသုံးပြုနေတဲ့ တူရကီ ဘဏ် ၅ ခုထဲမှာ ဘဏ် ၂ ခုက ရပ်ဆိုင်းတာ ဖြစ်ပါတယ်။ ရုရှားရဲ့ Mir ငွေပေးချေမှု စနစ်ကို ရပ်ဆိုင်းပြီး အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုသစ်ကို သုံးသပ်နေကြောင်း၊ နိုင်ငံနဲ့ နိုင်ငံတကာ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ စီးပွားရေး ဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာဆောင်ရွက်လိုကြောင်းလည်း တူရကီရဲ့ Isbank က ပြောဆိုထားပါတယ်။ ရုရှားရဲ့ ငွေပေးချေမှု စနစ် Mir အသုံးပြုနေတဲ့ နိုင်ငံတချို့ အနေနဲ့ အသုံးပြုတာကို ရပ်ဆိုင်းဖို့ အမေရိကန်က ဖိအားပေးနေတဲ့ အချိန်မှာဘဲ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ဥဇဘက္ကစ္စတန် နိုင်ငံက ရုရှားရဲ့ Mir ငွေပေးချေမှု စနစ်ကို ရပ်ဆိုင်းခဲ့ပါတယ်။ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ရုရှားရဲ့ Mir ကဒ် အသုံးပြုခွင့် အတွက် အမြန်ဆုံး ဆောင်ရွက်မယ့် အကြောင်း ပြောပါတယ်။

“ လာမယ့် နိုဝင်ဘာလမှာ ရုရှား မြန်မာ အစိုးရ အချင်းချင်း ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကော်မရှင် အစည်းအဝေး ရှိပါတယ်။ အဲဒီ အစည်းအဝေး မတိုင်ခင်မှာ ရုရှား နိုင်ငံ ဗဟိုဘဏ် စာတိုပို့ စနစ် SBSF စတဲ့ ရုရှား နိုင်ငံရဲ့ Mir ကဒ်သုံးစွဲ နိုင်ရေး အတွက် အမြန်ဆုံး ချိတ်ဆက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ ရူဘဲလ်နဲ့ ကျပ် တိုက်ရိုက်ပေးချေနိုင်ရေး ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”

ရုရှား ရူဘဲလ်နဲ့ ကျပ် တိုက်ရိုက် ပေးချေရေး အတွက် မြန်မာ ဘဏ်တွေ ဘက်က အဆင်သင့် ရှိနေဖို့လည်း စစ်ကောင်စီ ပြောခွင့်ရက တိုက်တွန်းထားပါတယ်။

“ ဒီလို တိုက်ရိုက် ပေးချေမှု ပြုလုပ်နိုင်ရန် အတွက် မြန်မာနိုင်ငံရှိ ဘဏ်တွေ အနေဖြင့် ရုရှား ဘဏ်တွေမှာ အကောင့်တွေ ဖွင့်လှစ်ဖို့နဲ့ SBSF အသုံးပြုရန် အရေးပါလာမှာ ဖြစ်ပါတယ်။ ရူဘဲလ်နဲ့ ကျပ် တိုက်ရိုက်ပေးချေရာမှာ ဘဏ်ရဲ့ လုံခြုံရေး စနစ်နဲ့ နည်းပညာ သတင်းအချက်အလက် စနစ်တွေကို အသင့် အနေအထား ရှိရမှာ ဖြစ်ပါတယ်။ ”

စစ်ကောင်စီ မျှော်လင့်ထားသလို မြန်မာ ကျပ်ငွေနဲ့ ရုရှား ရူဘဲလ် ငွေကြေး တိုက်ရိုက် ပေးချေနိုင်ရေး ဆိုတဲ့ အပေါ်မှာတော့ စီးပွားရေး ပညာရှင် ဦးစိန်ဌေးက အခုလို ပြောပါတယ်။

“ ကျပ်ကနေ ရူဘဲလ်ကို ဒါရိုက် လက်ခံဖို့ ဆိုတာက မြန်မာကျပ်ကို ရုရှားက ဘယ်နေရာမှာ သွားသုံးမှာလဲ။ အဲဒါက အခက်အခဲ တခု။”

စိုက်ပျိုး ထုတ်ကုန် အဓိက ပြည်ပ တင်ပို့တဲ့ မြန်မာနိုင်ငံ အနေနဲ့ ရုရှားကို ပေါင်းဆန် အနည်းငယ် တင်ပို့ဖူးတာက လွဲလို့ ကြီးကြီးမားမား တရားဝင် ကုန်သွယ်မှု သိပ်မရှိဘူးလို့ ပြည်တွင်း လုပ်ငန်းရှင် တချို့ကလည်း ပြောကြပါတယ်။ ရုရှားဟာ ကမ ္ဘာမှာ စားနပ်ရိက္ခာ ထုတ်လုပ်မှု အဓိက နိုင်ငံ တခုလည်း ဖြစ်ပါတယ်။ စစ်ကောင်စီ ဘက်ကတော့ ရုရှားထံက လောင်စာဆီ ဝယ်ယူနိုင်ရေး ပြင်ဆင်နေကြောင်း ပြီးခဲ့တဲ့ လတွေ အတွင်း ပြောဆိုထားပါတယ်။ စီးပွားရေး ပညာရှင် ဦးစိန်ဌေးကတော့

“ မြန်မာကျပ်ငွေကို ကုန်စည်နဲ့ သွားတာမျိုးလည်း Convert လုပ်လို့ ရနိုင်တယ်။ အတိုင်းအတာ တခု အထိတော့ ရမယ်။ ဒါပေမယ့် ပေးချေပြီ ဆိုရင် ဆီဝယ်မယ်၊ ရုရှားက ဆီဝယ်ပြီ ဆိုရင် ကျနော်တို့က ပေးချေတဲ့ အခါမှာ ကျနော်တို့ ငွေက နိုင်ငံတကာ သုံးငွေမှ မဟုတ်တာကိုး။ အဲဒါက နံပတ် ၁ အခက်အခဲ။ ”

“ ဖြစ်နိုင်ခြေ မှန်းကြည့်တာတော့ ရလာတဲ့ နိုင်ငံခြားငွေက ဒေါ်လာနဲ့ ရမယ်။ ရလာတဲ့ ဒေါ်လာကို သူတို့က ရုရှားကို ပြန်လဲ ပေးရမယ်။ ဒါက တနည်းပေါ့။ နောက် ဒေါ်လာ မဟုတ်တဲ့ ဟာတွေ ရှိတယ်။ တရုတ် ယွမ်ငွေပေါ့။ တရုတ်နဲ့ လည်း ကုန်သွယ်တာကို ကျနော်တို့ ဗမာက။ အဲဒါကိုလည်း တဆင့် ပြန်လုပ်တာတော့ ဖြစ်နိုင်တယ်။”

မြန်မာနိုင်ငံမှာတော့ လက်ရှိ ဘဏ်အပ်ငွေ ပြန်ထုတ်ရေးနဲ့ မိုလ်ဘိုင်း ငွေလွှဲတွေမှာပါ အခက်တွေ့နေကြရပါတယ်။ မြန်မာ ဗဟိုဘဏ်ကလည်း လုံခြုံပြီး စွမ်းအင် ပြည့်ဝတဲ့ အမျိုးသား ငွေပေးချေရေး စနစ်တရပ် ပေါ်ပေါက်ရေး ဆောင်ရွက်နေကြောင်းလည်း စစ်ကောင်စီ ပြောခွင့်ရက ပြောပါတယ်။ Wave Money နဲ့ KBZPay လိုမျိုး Mobile Payment နဲ့ Mobile Banking စတဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကို စိစစ်ပြီး ကိုယ်ရေး အချက်အလက် တိတိကျကျမဖေါ်ပြဘူးဆိုရင် အကောင့်ပိတ်တဲ့ အထိအရေးယူမယ်လို့ စစ်ကောင်စီက သတိပေးထားပါတယ်။ စီးပွားရေး သမားတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ ဘဏ်ကလည်း သူတို့နဲ့ မဆိုင်ဘူး ဆိုတာချည်းဘဲ။ အခုဟာ ကျနော်က ကျနော့် ပိုက်ဆံ ပြန်ရဖို့ စာတင်ရ၊ ဘဏ်ကို အခေါက်ခေါက် အခါခါ သွားရ၊ အဆင်မပြေဘူးဗျ။ ”

ကမ ္ဘာတလွှား ခရီးသွားကြတဲ့ ရုရှားတွေ ငွေကြေး အခက်အခဲတွေကို ဖြေလျှော့ပေးနိုင်တဲ့ Mir ကဒ် စနစ်ကို ရုရှားနိုင်ငံဘက်ကတော့ ကမ ္ဘာတလွှားမှာ လက်ခံဖို့ လိုလားနေတာ ဖြစ်ပါတယ်။ ကမ္ဘာတလွှားကို တိုးချဲ့ရေးမှာ ရုရှား အတွက် အခက်အခဲနဲ့ ရင်ဆိုင်နေရကြောင်း ရုရှား ဗဟိုဘဏ် အကြီးအကဲ Elvira Nabiullina ကလည်း ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာ ပြောဆိုထားပါတယ်။ ကဒ်ပြား ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ စာရင်းတွေ အရ ပြီးခဲ့တဲ့ ၇ နှစ်တာ အတွင်း Mir ကဒ် သန်း ၁၀၀ ကျော် ထုတ်ထားပြီး ဒါဟာဆိုရင် ရုရှား လူဦးရေရဲ့ ထက်ဝက်ကျော်မှာ ကဒ်တွေ ရှိနေတဲ့ သဘောလည်း ဖြစ်ပါတယ်။

XS
SM
MD
LG