သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဘီယာလုပ္ငန္း ဖ်က္သိမ္းဖို႔ ဦးပိုင္ လီမိတက္ ေလွ်ာက္ထား


ျမန္မာ ဘ႐ူဝါရီ လီမိတက္ကို ဦးပိုင္လီမိတက္နဲ႔ ဖက္စပ္ လုပ္ကိုင္ေနတဲ႔ Kirin လုပ္ငန္းႀကီး။

(Zawgyi/ Unicode)

ျမန္မာ ဘီယာ ထုတ္လုပ္ေနတဲ့ ျမန္မာဘ႐ူဝါရီ လီမိတက္ကို စာရင္းရွင္းလင္း ဖ်က္သိမ္းေရး အတြက္ စစ္တပ္ပိုင္ ျမန္မာ့ စီးပြားေရး ဦးပိုင္လီမိတက္ MEHL က ရန္ကုန္အေနာက္ပိုင္း ခ႐ိုင္တရား႐ုံးမွာ ေလွ်ာက္ထားပါတယ္။

ျမန္မာ စစ္တပ္ရဲ႕ စီးပြားေရး လုပ္ငန္းႀကီး ျဖစ္ၿပီး အေမရိကန္ရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈ ခ်မွတ္ခံထားရတဲ့ ျမန္မာ့ စီးပြားေရး ဦးပိုင္လီမိတက္ MEHL က ျမန္မာဘီယာ ထုတ္လုပ္ငန္း ျမန္မာဘ႐ူဝါရီ လိမိတက္ကို စာရင္းရွင္းလင္း ဖ်က္သိမ္းေရး ရန္ကုန္ အေနာက္ပိုင္း ခ႐ိုင္တရား႐ုံးမွာ ႏိုဝင္ဘာလ ၁၉ ရက္ေန႔က ေလွ်ာက္ထားေၾကာင္း ႏိုဝင္ဘာလ ၂၂ ရက္ေန႔ထုတ္ ႏိုင္ငံပိုင္ သတင္းစာမွာ ေၾကာ္ျငာထားပါတယ္။

ျမန္မာ ဘီယာထုတ္လုပ္ငန္းႀကီး ျဖစ္တဲ့ ျမန္မာ ဘ႐ူဝါရီ လီမိတက္ကို စာရင္းရွင္းလင္း ဖ်က္သိမ္းေရး ဦးပိုင္လီမိတက္ရဲ႕ ေလွ်ာက္ထားခ်က္ကို လာမယ့္ ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ ရန္ကုန္ အေနာက္ပိုင္း ခ႐ိုင္ တရား႐ုံးမွာ စစ္ေဆးၾကားနာမွာ ျဖစ္ၿပီး ကန႔္ကြက္လိုသူေတြလည္း ၾကားနာမယ့္ ေန႔မွာ လာေရာက္ ကန႔္ကြက္ၾကဖို႔လည္း သတင္းစာ ေၾကာ္ျငာမွာ ေဖာ္ျပထားပါတယ္။

ျမန္မာဘီယာ အပါအဝင္ အေဖ်ာ္ယမကာ ထုတ္တဲ့ ျမန္မာ ဘ႐ူဝါရီ လီမိတက္ကို စစ္တပ္ရဲ႕ ဦးပိုင္လီမိတက္က အစုရွယ္ယာ ၄၉ ရာခိုင္ႏႈန္း ပိုင္ဆိုင္ၿပီး ဂ်ပန္ အေဖ်ာ္ယမကာ လုပ္ငန္းႀကီး Kirin က အစုရွယ္ယာ ၅၁ ရာခိုင္ႏႈန္းကို ပိုင္ဆိုင္တာ ျဖစ္ပါတယ္။

ျမန္မာစစ္တပ္နဲ႔ ဆက္စပ္ေနတဲ့ ျမန္မာ့ စီးပြားေရး ဦးပိုင္လီမိတက္နဲ႔ စီးပြားေရး ဖက္စပ္ လုပ္ကိုင္မႈနဲ႔ ပတ္သက္ၿပီး ဂ်ပန္ အေဖ်ာ္ယမကာ လုပ္ငန္းႀကီး Kirin အေပၚမွာ လူ႔အခြင့္အေရး အဖြဲ႕ေတြဘက္က တစိုက္မတ္မတ္ ဖိအားေပးေနတာပါ။ စစ္အာဏာသိမ္းၿပီးေနာက္မွာေတာ့ ျမန္မာ စစ္တပ္ရဲ႕ ဦးပိုင္လီမိတက္နဲ႔ ျမန္မာဘီယာ ေပါင္းထုတ္ေနတာကေန ႐ုပ္သိမ္းမယ့္ အေၾကာင္း ေၾကညာခဲ့ေပမယ့္လည္း အခုအခ်ိန္ထိေတာ့ မ႐ုပ္သိမ္းရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာဘီယာလုပ်ငန်း ဖျက်သိမ်းဖို့ ဦးပိုင် လီမိတက် လျှောက်ထား

မြန်မာ ဘီယာ ထုတ်လုပ်နေတဲ့ မြန်မာဘရူဝါရီ လီမိတက်ကို စာရင်းရှင်းလင်း ဖျက်သိမ်းရေး အတွက် စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် MEHL က ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးမှာ လျှောက်ထားပါတယ်။

မြန်မာ စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းကြီး ဖြစ်ပြီး အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရတဲ့ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် MEHL က မြန်မာဘီယာ ထုတ်လုပ်ငန်း မြန်မာဘရူဝါရီ လိမိတက်ကို စာရင်းရှင်းလင်း ဖျက်သိမ်းရေး ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံးမှာ နိုဝင်ဘာလ ၁၉ ရက်နေ့က လျှောက်ထားကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ကြော်ငြာထားပါတယ်။

မြန်မာ ဘီယာထုတ်လုပ်ငန်းကြီး ဖြစ်တဲ့ မြန်မာ ဘရူဝါရီ လီမိတက်ကို စာရင်းရှင်းလင်း ဖျက်သိမ်းရေး ဦးပိုင်လီမိတက်ရဲ့ လျှောက်ထားချက်ကို လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးမှာ စစ်ဆေးကြားနာမှာ ဖြစ်ပြီး ကန့်ကွက်လိုသူတွေလည်း ကြားနာမယ့် နေ့မှာ လာရောက် ကန့်ကွက်ကြဖို့လည်း သတင်းစာ ကြော်ငြာမှာ ဖော်ပြထားပါတယ်။

မြန်မာဘီယာ အပါအဝင် အဖျော်ယမကာ ထုတ်တဲ့ မြန်မာ ဘရူဝါရီ လီမိတက်ကို စစ်တပ်ရဲ့ ဦးပိုင်လီမိတက်က အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ဂျပန် အဖျော်ယမကာ လုပ်ငန်းကြီး Kirin က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်နဲ့ စီးပွားရေး ဖက်စပ် လုပ်ကိုင်မှုနဲ့ ပတ်သက်ပြီး ဂျပန် အဖျော်ယမကာ လုပ်ငန်းကြီး Kirin အပေါ်မှာ လူ့အခွင့်အရေး အဖွဲ့တွေဘက်က တစိုက်မတ်မတ် ဖိအားပေးနေတာပါ။ စစ်အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာ စစ်တပ်ရဲ့ ဦးပိုင်လီမိတက်နဲ့ မြန်မာဘီယာ ပေါင်းထုတ်နေတာကနေ ရုပ်သိမ်းမယ့် အကြောင်း ကြေညာခဲ့ပေမယ့်လည်း အခုအချိန်ထိတော့ မရုပ်သိမ်းရသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG