သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားအေပၚ မွီခိုရနည္းေအာင္ ဓာတ္ေငြ႕ ၁၅% EU ေလွ်ာ႔သံုးမည္


Germany Russia Pipeline

ဥေရာပမွာ ႐ုရွားရဲ႕ ဓာတ္ေငြ႕ အေပၚ မွီခိုရမႈကို ေလွ်ာ့ခ်ႏိုင္ေရးအတြက္ သဘာ၀ဓာတ္ေငြ႕ အသံုးျပဳမႈကို ၁၅ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ေရး အစီအစဥ္ကို ဥေရာပသမဂၢ စြမ္းအင္ ၀န္ႀကီးေတြ အဂၤါေန႔မွာ အတည္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။

႐ုရွားအေပၚ မွီခိုရနည္းေအာင္ ဓာတ္ေငြ႕ ၁၅% EU ေလွ်ာ႔သံုးမည္

{{Zawgyi/Unicode}}
ဥေရာပမွာ ႐ုရွားရဲ႕ ဓာတ္ေငြ႕ အေပၚ မွီခိုရမႈကို ေလွ်ာ့ခ်ႏိုင္ေရးအတြက္ သဘာ၀ဓာတ္ေငြ႕ အသံုးျပဳမႈကို ၁၅ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ေရး အစီအစဥ္ကို ဥေရာပသမဂၢ စြမ္းအင္ ၀န္ႀကီးေတြ အဂၤါေန႔မွာ အတည္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။ ၾသဂုတ္လကေန မတ္လ အတြင္း ဆႏၵအေလ်ာက္ ေလွ်ာ့ခ်ေရး သေဘာတူညီခ်က္ ျဖစ္ၿပီး လာမယ့္ ေဆာင္တြင္းလေတြ အႀကိဳမွာ အဖြဲ႔၀င္ ႏိုင္ငံေတြ အေနနဲ႔ ဓာတ္ေငြ႕ သိုေလွာင္ေရးကိုလည္း ခြင့္ျပဳမွာ ျဖစ္ပါတယ္။

ၾသဂုတ္လ ၁ ရက္ေန႔ကေန ၂၀၂၃ ခုႏွစ္ မတ္လ ၃၁ ရက္ေန႔ အတြင္း ဥေရာပရဲ႕ ဓာတ္ေငြ႕ အသံုးျပဳမႈကို ကိုယ့္ရဲ႕ သေဘာဆႏၵအေလ်ာက္ ေလွ်ာ့ခ်ေရး ၀န္ႀကီးေတြ သေဘာတူခဲ႔ၾကေၾကာင္း၊ အရင္ ၅ ႏွစ္တာရဲ႕ ကာလတူအတြင္း ပ်မ္းမွ်အသံုးျပဳမႈနဲ႔ ႏိႈင္းယွဥ္ရင္ အနည္းဆံုး ၁၅ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ေရး ျဖစ္ေၾကာင္း ခ်က္သမၼတ ႏိုင္ငံရဲ႕ ကုန္သြယ္ေရးနဲ႔ စက္မႈဆိုင္ရာ ၀န္ႀကီး Jozef Sikela က ေျပာဆိုခဲ႔တာပါ။

အေရးေပၚ အေျခအေနမွာေတာ့ EU အေနနဲ႔ မျဖစ္မေန ေလွ်ာ့ခ် ျဖတ္ေတာက္မႈ လုပ္ေဆာင္ႏိုင္ပါတယ္။ ဒါေပမဲ႔လည္း သေဘာတူညီခ်က္ ရရွိေရး အေလွ်ာ့အတင္း လုပ္တဲ႔ အေနနဲ႔ ကင္းလြတ္ခြင့္ တခ်ိဳ႕ေတာ့ ရွိပါတယ္။ ယူကရိန္း အေပၚ က်ဴးေက်ာ္စစ္ေၾကာင့္ ႐ုရွားကို EU က ဒဏ္ခတ္ပိတ္ဆို႔မႈ ခ်မွတ္တာကို တုံ႔ျပန္တဲ႔ အေနနဲ႔ ႐ုရွားက ဥေရာပကို ဓာတ္ေငြ႕ ေပးပို႔မႈကို ေလွ်ာ့ခ် ျဖတ္ေတာက္လာႏိုင္တဲ႔ အလားအလာေတြ ရွိေနခ်ိန္မွာဘဲ EU ရဲ႕ သေဘာတူညီခ်က္ ထြက္ေပၚလာတာပါ။

ဗုဒၶဟူးေန႔က စၿပီး ဥေရာပကို ဓာတ္ေငြ႕ ေပးလႊတ္မႈကို ထပ္ၿပီး ေလွ်ာ့ခ်မယ့္ အေၾကာင္း ႐ုရွားရဲ႕ Gazprom လုပ္ငန္းႀကီးက ေျပာဆိုထားတာပါ။ Nord Stream ပိုက္လိုင္း ျပဳျပင္မႈေၾကာင့္ ဓာတ္ေငြ႕ ေလွ်ာ့ခ်တာ ျဖစ္ေၾကာင့္ Gazprom က ေျပာေပမဲ႔လို႔လည္း EU တာ၀န္ရွိသူေတြကေတာ့ ႏိုင္ငံေရး ရည္ရြယ္ခ်က္နဲ႔ လုပ္ရပ္ ျဖစ္တယ္လို႔ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.......................................................

ရုရှားအပေါ် မှီခိုရနည်းအောင် ဓာတ်ငွေ့ ၁၅% EU လျှော့သုံးမည်

{{Zawgyi/Unicode}}
ဥရောပမှာ ရုရှားရဲ့ ဓာတ်ငွေ့ အပေါ် မှီခိုရမှုကို လျှော့ချနိုင်ရေးအတွက် သဘာဝဓာတ်ငွေ့ အသုံးပြုမှုကို ၁၅ ရာခိုင်နှုန်း လျှော့ချရေး အစီအစဉ်ကို ဥရောပသမဂ္ဂ စွမ်းအင် ဝန်ကြီးတွေ အင်္ဂါနေ့မှာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ သြဂုတ်လကနေ မတ်လ အတွင်း ဆန္ဒအလျောက် လျှော့ချရေး သဘောတူညီချက် ဖြစ်ပြီး လာမယ့် ဆောင်တွင်းလတွေ အကြိုမှာ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ဓာတ်ငွေ့ သိုလှောင်ရေးကိုလည်း ခွင့်ပြုမှာ ဖြစ်ပါတယ်။

သြဂုတ်လ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ အတွင်း ဥရောပရဲ့ ဓာတ်ငွေ့ အသုံးပြုမှုကို ကိုယ့်ရဲ့ သဘောဆန္ဒအလျောက် လျှော့ချရေး ဝန်ကြီးတွေ သဘောတူခဲ့ကြကြောင်း၊ အရင် ၅ နှစ်တာရဲ့ ကာလတူအတွင်း ပျမ်းမျှအသုံးပြုမှုနဲ့ နှိုင်းယှဉ်ရင် အနည်းဆုံး ၁၅ ရာခိုင်နှုန်း လျှော့ချရေး ဖြစ်ကြောင်း ချက်သမ္မတ နိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ စက်မှုဆိုင်ရာ ဝန်ကြီး Jozef Sikela က ပြောဆိုခဲ့တာပါ။

အရေးပေါ် အခြေအနေမှာတော့ EU အနေနဲ့ မဖြစ်မနေ လျှော့ချ ဖြတ်တောက်မှု လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့လည်း သဘောတူညီချက် ရရှိရေး အလျှော့အတင်း လုပ်တဲ့ အနေနဲ့ ကင်းလွတ်ခွင့် တချို့တော့ ရှိပါတယ်။ ယူကရိန်း အပေါ် ကျူးကျော်စစ်ကြောင့် ရုရှားကို EU က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်တာကို တုံ့ပြန်တဲ့ အနေနဲ့ ရုရှားက ဥရောပကို ဓာတ်ငွေ့ ပေးပို့မှုကို လျှော့ချ ဖြတ်တောက်လာနိုင်တဲ့ အလားအလာတွေ ရှိနေချိန်မှာဘဲ EU ရဲ့ သဘောတူညီချက် ထွက်ပေါ်လာတာပါ။

ဗုဒ္ဓဟူးနေ့က စပြီး ဥရောပကို ဓာတ်ငွေ့ ပေးလွှတ်မှုကို ထပ်ပြီး လျှော့ချမယ့် အကြောင်း ရုရှားရဲ့ Gazprom လုပ်ငန်းကြီးက ပြောဆိုထားတာပါ။ Nord Stream ပိုက်လိုင်း ပြုပြင်မှုကြောင့် ဓာတ်ငွေ့ လျှော့ချတာ ဖြစ်ကြောင့် Gazprom က ပြောပေမဲ့လို့လည်း EU တာဝန်ရှိသူတွေကတော့ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG