သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈနဲ႔ အီရန္၊ ဆီးရီးယား၊ ယူဂန္ဒါတို႔ကို အေမရိကန္ ဒဏ္ခတ္


ဝါရွင္တန္ရွိ အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာန။ (ေမ ၄၊ ၂၀၂၁)

(Zawgyi / Unicode)

ဆိုးရြားလွတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ ဖိႏွိပ္ခ်ဳပ္ခ်ယ္တဲ့ လုပ္ရပ္ေတြနဲ႔ ဆက္ႏႊယ္မႈနဲ႔ အီရန္၊ ဆီးရီးယားနဲ႔ ယူဂန္ဒါႏိုင္ငံတို႔က လူပုဂၢိဳလ္နဲ႔ အဖြဲ႔အစည္း တဒါဇင္ေက်ာ္ကို အဂၤါေန႔မွာ အေမရိကန္က ဒဏ္ခတ္ပိတ္ဆို႔မႈ ခ်မွတ္လိုက္ပါတယ္။ အေမရိကန္က ဒီမိုကေရစီ ထိပ္သီးညီလာခံ သီတင္းပတ္အတြင္း အေရးယူ ဒဏ္ခတ္မႈ ခ်မွတ္ခဲ့တာပါ။

ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈ၊ ဒီမိုကေရစီကို ယုတ္ေလ်ာ့ေစမႈေတြအတြက္ လူပုဂၢိဳလ္နဲ႔ လုပ္ငန္းႀကီးေတြကို ဒဏ္ခတ္တာမွာ အီရန္ႏုိင္ငံတြင္းက ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ ႏွိပ္ကြပ္မႈ၊ ဆီးရီးယားႏိုင္ငံတြင္းမွာ အရပ္သားေတြကို ေသေက်ထိခိုက္ေစတဲ့ ဓာတုလက္နက္ေတြနဲ႔ တိုက္ခိုက္မႈေတြနဲ႔ ဆက္စပ္သူေတြလည္း ပါဝင္ေၾကာင္း အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာန ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဆီးရီးယားႏိုင္ငံတြင္း အရပ္သားေတြအေပၚ ဓာတုလက္နက္နဲ႔ တိုက္ခုိက္မႈမွာ တာဝန္ရွိသူအျဖစ္ စြပ္စြဲခံရတဲ့ ေလတပ္အႀကီးတန္းအရာရွိ ၂ ဦး၊ ေနာက္ ဆီးရီးယား လံုၿခံဳေရးနဲ႔ ေထာက္လွမ္းေရးဆိုင္ရာ အႀကီးတန္းအရာရွိ ၃ ဦးတို႔ကို အေမရိကန္က အေရးယူ ဒဏ္ခတ္ေၾကာင္း ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

ယူဂန္ဒါရဲ႕ စစ္ေထာက္လွမ္းေရး အႀကီးအကဲ ဗိုလ္ခ်ဳပ္ Abel Kandiho ကိုလည္း သူ႔ႀကီးၾကပ္မႈေအာက္မွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ျဖစ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အေမရိကန္က အေရးယူ ဒဏ္ခတ္ပါတယ္။

အီရန္ရဲတပ္ဖြဲ႔ရဲ႕ အထူးတပ္ဖြဲ႔ေတြ၊ အၾကမ္းဖက္မႈ တန္ျပန္ႏွိမ္နင္းေရး အထူးတပ္ဖြဲ႔ေတြနဲ႔ ဒီအဖြဲ႔ေတြက အႀကီးအကဲ အေတာ္မ်ားမ်ား အပါအဝင္ အီရန္ရဲ႕ သေဘာထား ျပင္းထန္တဲ့ Basij ျပည္သူ႔စစ္အဖြဲ႔ရဲ႕ အႀကီးအကဲ Gholamreza Soleimani ကိုလည္း အေမရိကန္က အေရးယူဒဏ္ခတ္မႈ စာရင္းသြင္းလိုက္ပါတယ္။

အေရးယူခံရသူေတြရဲ႕ အေမရိကန္တြင္း ပိုင္ဆိုင္မႈေတြ ထိန္းခ်ဳပ္ခံရမွာျဖစ္ၿပီး အၾကမ္းဖ်င္းအားျဖင့္ အေမရိကန္ေတြအေနနဲ႔ ဒဏ္ခတ္ခံရသူေတြနဲ႔ ဆက္ဆံ ေဆာင္ရြက္မႈကိုပါ တားျမစ္တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ အီရန်၊ ဆီးရီးယား၊ ယူဂန်ဒါတို့ကို အမေရိကန် ဒဏ်ခတ်

ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ လုပ်ရပ်တွေနဲ့ ဆက်နွှယ်မှုနဲ့ အီရန်၊ ဆီးရီးယားနဲ့ ယူဂန်ဒါနိုင်ငံတို့က လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း တဒါဇင်ကျော်ကို အင်္ဂါနေ့မှာ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်ပါတယ်။ အမေရိကန်က ဒီမိုကရေစီ ထိပ်သီးညီလာခံ သီတင်းပတ်အတွင်း အရေးယူ ဒဏ်ခတ်မှု ချမှတ်ခဲ့တာပါ။

ဖိနှိပ်ချုပ်ချယ်မှု၊ ဒီမိုကရေစီကို ယုတ်လျော့စေမှုတွေအတွက် လူပုဂ္ဂိုလ်နဲ့ လုပ်ငန်းကြီးတွေကို ဒဏ်ခတ်တာမှာ အီရန်နိုင်ငံတွင်းက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် နှိပ်ကွပ်မှု၊ ဆီးရီးယားနိုင်ငံတွင်းမှာ အရပ်သားတွေကို သေကျေထိခိုက်စေတဲ့ ဓာတုလက်နက်တွေနဲ့ တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်သူတွေလည်း ပါဝင်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆီးရီးယားနိုင်ငံတွင်း အရပ်သားတွေအပေါ် ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုမှာ တာဝန်ရှိသူအဖြစ် စွပ်စွဲခံရတဲ့ လေတပ်အကြီးတန်းအရာရှိ ၂ ဦး၊ နောက် ဆီးရီးယား လုံခြုံရေးနဲ့ ထောက်လှမ်းရေးဆိုင်ရာ အကြီးတန်းအရာရှိ ၃ ဦးတို့ကို အမေရိကန်က အရေးယူ ဒဏ်ခတ်ကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ယူဂန်ဒါရဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် Abel Kandiho ကိုလည်း သူ့ကြီးကြပ်မှုအောက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်က အရေးယူ ဒဏ်ခတ်ပါတယ်။

အီရန်ရဲတပ်ဖွဲ့ရဲ့ အထူးတပ်ဖွဲ့တွေ၊ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး အထူးတပ်ဖွဲ့တွေနဲ့ ဒီအဖွဲ့တွေက အကြီးအကဲ အတော်များများ အပါအဝင် အီရန်ရဲ့ သဘောထား ပြင်းထန်တဲ့ Basij ပြည်သူ့စစ်အဖွဲ့ရဲ့ အကြီးအကဲ Gholamreza Soleimani ကိုလည်း အမေရိကန်က အရေးယူဒဏ်ခတ်မှု စာရင်းသွင်းလိုက်ပါတယ်။

အရေးယူခံရသူတွေရဲ့ အမေရိကန်တွင်း ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ခံရမှာဖြစ်ပြီး အကြမ်းဖျင်းအားဖြင့် အမေရိကန်တွေအနေနဲ့ ဒဏ်ခတ်ခံရသူတွေနဲ့ ဆက်ဆံ ဆောင်ရွက်မှုကိုပါ တားမြစ်တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG