{{Zawgyi/Unicode}}
အီရန္ေတာ္လွန္ေရး အေစာင့္တပ္ဖြဲ႕ (IRGC-QF ) အတြက္ တရားမဝင္ ေငြေတြ ရရွိသြားေစတဲ့ ေရနံ ေမွာင္ခိုေရာင္းခ်ေပးရာမွာပါဝင္ၾကတယ္လို႔ ေျပာၿပီး လူပုဂၢိဳလ္နဲ႔ အဖြဲ႕အစည္းတခ်ိဳ႕ကို အေမရိကန္ အစိုးရက ေသာၾကာေန႔မွာ ဒဏ္ခတ္ အေရးယူ လိုက္ပါတယ္။
အဲဒီလိုလုပ္ေဆာင္လိုက္တဲ့အထဲမွာ အိုမန္ႏိုင္ငံသား စီးပြားေရးလုပ္ငန္းရွင္ Mahmood Rashid Amur Al Habsi နဲ႔ အတူ သူပိုင္ Al Habsi Business Network နဲ႔ Bravery Maritime Corporation တို႔ လည္း ပါဝင္ၾကပါတယ္။
အီရန္ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕ဟာ အဲဒီ လူပုဂၢိဳလ္ေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြကေနတဆင့္ ေရနံေတြကို အေရွ႕အာရွ အပါအဝင္ ႏိုင္ငံတကာက ဝယ္ယူၾကသူေတြကို ေရာင္းခ်ခဲ့တယ္လို႔ အေမရိကန္ ျပည္ေထာင္စု ဘ႑ာေရးဝန္ႀကီးဌာန ရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။
အီရန္ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕ရဲ႕ ေခါင္းေဆာင္ေတြဟာ ဒီေငြေၾကးကိုေဒသတြင္းမွာ တည္ၿငိမ္မႈမရွိေအာင္ လုပ္ေဆာင္ေနၾကတဲ့ သူတို႔အဖြဲ႔အတြက္ ပံ့ပိုးေပးေနတယ္ လို႔လည္း ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။ အဲဒီလိုအေျခအေနေတြေၾကာင့္ သူတို႔ရဲ႕ ေမွာင္ခိုေရနံေရာင္းခ်မႈမွာ ပါဝင္ပတ္သက္သူေတြရဲ႕ အေမရိကန္ ျပည္ေထာင္စုမွာရွိတဲ့ ပိုင္ဆိုင္မႈအက်ဳိးစီးပြားေတြကို ပိတ္ဆို႔ဒဏ္ထားလုိက္ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။
..............................
{{Unicode}}
အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC-QF ) အတွက် တရားမဝင် ငွေတွေ ရရှိသွားစေတဲ့ ရေနံ မှောင်ခိုရောင်းချပေးရာမှာပါဝင်ကြတယ်လို့ ပြောပြီး လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတချို့ကို အမေရိကန် အစိုးရက သောကြာနေ့မှာ ဒဏ်ခတ် အရေးယူ လိုက်ပါတယ်။
အဲဒီလိုလုပ်ဆောင်လိုက်တဲ့အထဲမှာ အိုမန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် Mahmood Rashid Amur Al Habsi နဲ့ အတူ သူပိုင် Al Habsi Business Network နဲ့ Bravery Maritime Corporation တို့ လည်း ပါဝင်ကြပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဟာ အဲဒီ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကနေတဆင့် ရေနံတွေကို အရှေ့အာရှ အပါအဝင် နိုင်ငံတကာက ဝယ်ယူကြသူတွေကို ရောင်းချခဲ့တယ်လို့ အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေဟာ ဒီငွေကြေးကို ဒေသတွင်းမှာ တည်ငြိမ်မှုမရှိအောင် လုပ်ဆောင်နေကြတဲ့ သူတို့အဖွဲ့အတွက် ပံ့ပိုးပေးနေတယ် လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အဲဒီလိုအခြေအနေတွေကြောင့် သူတို့ရဲ့ မှောင်ခိုရေနံရောင်းချမှုမှာ ပါဝင်ပတ်သက်သူတွေရဲ့ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ ပိုင်ဆိုင်မှုအကျိုးစီးပွားတွေကို ပိတ်ဆို့ဒဏ်ထားလိုက်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။