သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သမ္မတရွေးကောက်ပွဲ တရားရေးဌာန အကြီးအကဲဟောင်း အနိုင်ရ


Ebrahim Raisi. (ဇွန် ၁၈၊ ၂၀၂၁)
Ebrahim Raisi. (ဇွန် ၁၈၊ ၂၀၂၁)

(Zawgyi / Unicode)

အီရန်သမ္မတ ရွေးကောက်ပွဲမှာ သဘောထား ပျော့ပျောင်းတဲ့ သမ္မတ ကိုယ်စားလှယ်လောင်းက သဘောထားအစွန်းရောက် ပြင်းထန်တဲ့ တရားရေး အကြီးအကဲ Ebrahim Raisi ကို သူရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ပါတယ်။

အီရန်နိုင်ငံ ဥသျှောင် ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei ရဲ့ ဦးဆောင်မှုအောက်မှာ အစိုးရသစ်အနေနဲ့ နိုင်ငံမှာ ငြိမ်းချမ်းသာယာပြီး ကြွယ်ဝ တိုးတက်မှုတွေ ဆောင်ကြဉ်းပေးနိုင်ဖို့ မျှော်လင့်ကြောင်း ဗဟိုဘဏ် အကြီးအကဲဟောင်း Abdolnasser Hemmati က စာထဲမှာ ထည့်သွင်းရေးသားထားကြောင်း မီဒီယာတွေက ဖော်ပြကြပါတယ်။

မစ္စတာ Ebrahim Raisi ကို လူထုက သမ္မတအဖြစ် ရွေးကောက်ကြောင်း အီရန် ပြည်ထဲရေးဝန်ကြီး Abdolreza Rahmani Fazli က စနေနေ့ ရွေးကောက်ပွဲရလဒ်ကို ကြေညာခဲ့တာပါ။

အီရန်မှာ သောကြာနေ့က ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ မဲပေးသူ အရေအတွက် နည်းခဲ့ပြီး Raisi ကို ယှဉ်ပြိုင်နိုင်လောက်တဲ့ ကိုယ်စားလှယ်လောင်းလည်း မရှိခဲ့ပါဘူး။ စနေနေ့မနက် ၂ နာရီမှာ မဲရုံတွေ ပိတ်သိမ်းတဲ့အထိ မဲပေးသူ အရေအတွက်နဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တရားဝင်ခန့်မှန်းချက် မထွက်ခဲ့ပါဘူး။

သမ္မတရွေးကောက်ပွဲမှာ မဲလာထည့်သူ ပိုပြီးများလာစေရေး ရည်ရွယ်ပြီး သောကြာနေ့ ညသန်းခေါင် မဲရုံပိတ်ချိန်ထက် ၂ နာရီ နောက်ကျပြီး စနေနေ့မနက် ၂ နာရီထိ မဲပေးချိန်ကို အာဏာပိုင်တို့က တိုးမြှင့်ခဲ့တာပါ။

အီရန်မှာ မဲပေးခွင့်ရှိသူ ၅၉ သန်းထဲကနေ သောကြာနေ့ ညနေ ၇ နာရီခွဲ အချိန်ထိ မဲပေးသူ ၃၇ ရာခိုင်နှုန်း ရှိကြောင်း အီရန်အစိုးရနဲ့ ပတ်သက်တဲ့ Fars သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။ ရွေးကောက်ပွဲကို ကြီးကြပ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနဘက်က ဒီအရေအတွက်ကို အတည်ပြုတာတော့ မရှိပါဘူး။

မဲပေးသူ ၂၉ သန်းနီးပါးထဲက ၆၂ ရာခိုင်နှုန်းလောက်ရှိတဲ့ ၁၇ ဒသမ ၉ သန်းကျော်ရဲ့ ထောက်ခံမှုကို Ebrahim Raisi ရရှိခဲ့ကြောင်း စနေနေ့ နေ့ခင်းပိုင်းမှာတော့ အီရန် ပြည်ထဲရေးဝန်ကြီး Abdolreza Rahmani Fazli က ပြောပါတယ်။ မဲပေးသူ အရေအတွက်ဟာ ၄၈ ဒသမ ၈ ရာခိုင်နှုန်း ရှိတယ်လို့လည်း အီရန် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)









XS
SM
MD
LG